bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Exodus 33
Exodus 33
Burmese (BCL) (Common Language Bible)
← Chapter 32
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 34 →
1
ထာဝရဘုရားသည်မောရှေအား ``သင်သည် အီဂျစ်ပြည်မှထုတ်ဆောင်ခဲ့သောသူတို့နှင့် အတူ ဤအရပ်မှထွက်၍၊ ငါသည်အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့်သူတို့၏အဆက်အနွယ် တို့အားပေးမည်ဟုကတိထားခဲ့သော ပြည်သို့သွားလော့။-
2
သင်တို့အားလမ်းပြရန်ကောင်းကင်တမန် ကိုငါစေလွှတ်မည်။ ခါနာန်အမျိုးသား၊ အာ မောရိအမျိုးသား၊ ဟိတ္တိအမျိုးသား၊ ဖေရဇိ အမျိုးသား၊ ဟိဝိအမျိုးသား၊ ယေဗုသိ အမျိုးသားတို့ကိုငါနှင်ထုတ်မည်။-
3
သင်တို့ကိုအစာရေစာပေါများ၍မြေ သြဇာထက်သန်သောပြည်သို့ပို့ဆောင်မည်။ သို့ရာတွင်သင်တို့သည်ခေါင်းမာသောလူမျိုး ဖြစ်၍၊ လမ်းခရီး၌သင်တို့ကိုငါသေကြေ ပျက်စီးစေမည်စိုးသောကြောင့် ငါကိုယ်တိုင် သင်တို့နှင့်အတူခရီးမသွား'' ဟုမိန့် တော်မူ၏။
4
ဣသရေလအမျိုးသားတို့သည် ထိုသို့မိန့် တော်မူသည်ကိုကြားသိရသောအခါ၊ ဝမ်း နည်းပူဆွေးလျက်လက်ဝတ်တန်ဆာများ ကိုမဝတ်ဆင်ကြတော့ချေ။-
5
ထာဝရဘုရားသည်မောရှေမှတစ်ဆင့် ဣသရေလအမျိုးသားတို့အား``သင်တို့ သည်ခေါင်းမာသောလူမျိုးဖြစ်၏။ သင်တို့ နှင့်အတူခဏမျှဖြစ်စေငါသည်ခရီး သွားရလျှင်၊ သင်တို့အားတစ်ယောက်မျှ မကျန်သေကျေပျက်စီးစေမည်။ ယခု ပင်လျှင်သင်တို့၏လက်ဝတ်တန်ဆာများ ကိုချွတ်လော့။ ထိုနောက်မှငါသည်သင်တို့ အားအဘယ်သို့စီရင်ရမည်ကိုဆုံးဖြတ် မည်'' ဟုမိန့်တော်မူ၏။-
6
ထို့ကြောင့်ဣသရေလအမျိုးသားတို့သည် သိနာတောင်မှထွက်ခွာပြီးသည်နောက်၊ လက် ဝတ်တန်ဆာများကိုမည်သည့်အခါမျှ မဝတ်ကြတော့ချေ။
7
ဣသရေလအမျိုးသားများစခန်းချ သည့်အခါတိုင်း၊ မောရှေသည်တဲတော်ကို စခန်းအပြင်ဘက်ခပ်လှမ်းလှမ်းအကွာ နေရာတွင်ဆောက်လေ့ရှိ၏။ တဲတော်ကို ထာဝရဘုရားစံတော်မူရာတဲတော် ဟူ၍နာမည်မှည့်ခေါ်၏။ ထာဝရဘုရား ၏အလိုတော်ကိုသိလိုသူသည် ထာဝရ ဘုရားစံတော်မူရာတဲတော်သို့သွား ရသည်။-
8
တဲတော်သို့မောရှေသွားသည့်အခါတိုင်း၊ လူများသည် မိမိတို့တဲရှေ့တွင်ရပ်လျက်၊ မောရှေတဲတော်သို့ဝင်သွားသည့်အထိ စောင့်ကြည့်လေ့ရှိကြ၏။-
9
မောရှေတဲတော်ထဲသို့ဝင်သောအခါ၊ မိုး တိမ်တိုက်သည်ဆင်းသက်လာ၍၊ တဲဝတွင် ရပ်တန့်လျက်နေ၏။ ထာဝရဘုရားသည် တိမ်တိုက်ထဲမှမောရှေအားမိန့်ကြား တော်မူ၏။-
10
လူအပေါင်းတို့သည်၊ တဲတော်ဝ၌တိမ် တိုက်ကိုမြင်ရလျှင်၊ ဦးညွှတ်ရှိခိုးကြ၏။-
11
မိတ်ဆွေချင်းစကားပြောသကဲ့သို့ထာဝရ ဘုရားသည် မောရှေနှင့်မျက်နှာချင်းဆိုင်စကား ပြောတော်မူ၏။ ထိုနောက်မောရှေသည်စခန်း သို့ပြန်လာ၏။ သို့သော်သူ၏လက်ထောက်ဖြစ် သူ၊ နုန်၏သား၊ လူငယ်ယောရှုသည်၊ တဲတော် တွင်း၌နေရစ်လေ၏။
12
မောရှေကထာဝရဘုရားအားလျှောက်ထား သည်မှာ``ကိုယ်တော်သည်အကျွန်ုပ်ကို၊ ဤသူ တို့အား ထိုသို့ပို့ဆောင်ရန်မိန့်တော်မူပြီ။ သို့ရာတွင်အကျွန်ုပ်နှင့်အတူမည်သူ့ကို စေလွှတ်မည်ဟူ၍မမိန့်ကြားခဲ့ပါ။ ကိုယ်တော် က`သင့်ကိုရင်းနှီးစွာငါသိ၏။ သင့်အား နှစ်သက်၏' ဟုမိန့်တော်မူပါသည်။-
13
ကိုယ်တော်သည်အကျွန်ုပ်အားနှစ်သက်တော် မူပါလျှင်၊ အကျွန်ုပ်သည်ကိုယ်တော်၏အမှု တော်ကိုထမ်းဆောင်၍၊ စိတ်တော်နှင့်တွေ့နိုင်စေ ရန်၊ ကိုယ်တော်၏အကြံအစည်တော်များကို ဖော်ပြတော်မူပါ။ ဤလူမျိုးသည်ကိုယ်တော် ရွေးချယ်ထားသောလူမျိုးတော်ဖြစ်ကြောင်း ကိုလည်းသတိရတော်မူပါ။''
14
ထိုအခါထာဝရဘုရားက``ငါသည်သင် နှင့်အတူကြွသွား၍၊ သင့်အားအောင်မြင် ခွင့်ပေးမည်'' ဟုမိန့်တော်မူ၏။
15
မောရှေက``ကိုယ်တော်သည်အကျွန်ုပ်နှင့်အတူ ကြွသွားတော်မမူလျှင်၊ အကျွန်ုပ်တို့အား ဤအရပ်မှမထွက်ခွာစေတော်မူပါနှင့်။-
16
ကိုယ်တော်သည်အကျွန်ုပ်တို့နှင့်အတူကြွ သွားတော်မမူပါလျှင်၊ ကိုယ်တော်သည်ကိုယ် တော်၏လူမျိုးတော်နှင့်အကျွန်ုပ်အားနှစ် သက်ကြောင်းမည်သို့သိနိုင်ပါမည်နည်း။ ကိုယ်တော်သည်အကျွန်ုပ်နှင့်အတူရှိခြင်း ဖြင့်၊ အကျွန်ုပ်တို့သည်ကမ္ဘာပေါ်ရှိလူမျိုး တကာတို့နှင့်ခြားနားကြောင်းကိုသိရ ပါမည်'' ဟုလျှောက်လေ၏။
17
ထာဝရဘုရားကမောရှေအား``ငါသည် သင့်ကိုရင်းနှီးစွာသိ၍နှစ်သက်သဖြင့်၊ သင်တောင်းလျှောက်သည့်အတိုင်းငါပြု မည်'' ဟုမိန့်တော်မူ၏။
18
ထိုနောက်မောရှေက``ကိုယ်တော်၏တောက်ပ သောဘုန်းအသရေတော်ကိုဖူးမြင်ခွင့်ပေး တော်မူပါ'' ဟုတောင်းပန်လျှောက်ထား၏။
19
ထာဝရဘုရားက``ငါ၏ဂုဏ်အသရေ တော်ရှိသမျှကိုသင့်အားပြသ၍၊ ငါ၏ နာမတော်ကိုလည်းသင့်အားကြေညာ မည်။ ငါသည်ထာဝရဘုရားဖြစ်၏။ ငါ သနားကြင်နာလိုသူအားသနားကြင် နာမည်။ ငါကျေးဇူးပြုလိုသူအား ကျေးဇူးပြုမည်။
20
ငါ့ကိုမြင်သောသူသည်အသက်မရှင်နိုင် သောကြောင့်၊ သင့်အားငါ၏မျက်နှာကိုဖူး မြင်ခွင့်မပေး။-
21
သို့ရာတွင်ငါ့အနားတွင်ရှိသောကျောက် ဆောင်ပေါ်၌ရပ်နေလော့။-
22
ငါ၏တောက်ပသောဘုန်းအသရေတော် ဖြတ်သန်းသွားသည့်အခါ၊ ငါသည်သင့်အား ကျောက်ဆောင်ကြားတွင်နေစေ၍၊ ငါလွန် သွားသည်တိုင်အောင်သင့်ကိုငါ၏လက် တော်ဖြင့်ဖုံးအုပ်ထားမည်။-
23
ထိုနောက်မှငါ၏လက်တော်ကိုရုပ်သိမ်းသ ဖြင့်၊ သင်သည်ငါ၏ကျောကိုဖူးမြင်ရမည်။ ငါ၏မျက်နှာကိုမူကားမဖူးရ'' ဟုမိန့် တော်မူ၏။
← Chapter 32
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 34 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40