bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Exodus 38
Exodus 38
Burmese (BCL) (Common Language Bible)
← Chapter 37
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 39 →
1
သူသည်ယဇ်ပလ္လင်ကိုအကာရှသစ်သားဖြင့် ဆောက်လုပ်၏။ ထိုပလ္လင်သည်အလျားခုနစ် ပေခွဲ၊ အနံခုနစ်ပေခွဲ၊ အမြင့်လေးပေခွဲ ရှိ၏။-
2
ထောင့်လေးထောင့်ရှိဦးချိုသဏ္ဌာန်အတက်များ သည် ပလ္လင်နှင့်တစ်သားတည်းရှိ၏။ ပလ္လင်တစ်ခု လုံးကိုကြေးဝါပြားကပ်ထား၏။-
3
ပလ္လင်နှင့်ဆိုင်သည့်ပစ္စည်းများဖြစ်သောပြာနှင့် အဆီခံအိုး၊ ဂေါ်ပြား၊ အင်တုံ၊ ချိတ်၊ မီးကျီးခံ အိုးတို့ကိုကြေးဝါဖြင့်ပြုလုပ်၏။-
4
ကြေးဝါဆန်ခါကို၊ ပလ္လင်အနားအောက် အမြင့်ထက်ဝက်နေရာတွင်တပ်ဆင်ထား၏။-
5
ကြေးဝါဆန်ခါထောင့်လေးထောင့်တွင်ထမ်း ပိုးလျှိုရန် ကွင်းကိုပြုလုပ်၏။-
6
ထမ်းပိုးများကိုအကာရှသစ်သားဖြင့် လုပ်၍၊ ကြေးဝါပြားကပ်ထား၏။-
7
ထမ်းပိုးများကိုပလ္လင်နံဘေးနှစ်ဘက်ရှိ ကွင်းများတွင်လျှိုထား၏။ ပလ္လင်ကိုဟင်း လင်းဖြစ်စေရန်၊ ပျဉ်ဖြင့်စပ်လုပ်၏။
8
သူသည်ထာဝရဘုရားစံတော်မူရာတဲ တော်တံခါးဝတွင် တာဝန်ကျသောအမျိုး သမီးတို့၏ကြေးမုံများဖြင့်၊ ကြေးဝါ အင်တုံနှင့်အောက်ခံကိုပြုလုပ်၏။
9
သူသည်တဲတော်ကိုကာရန်ကန့်လန့်ကာများ ကို ပိတ်ချောဖြင့်ပြုလုပ်၏။ တောင်ဘက်၌ကာရန် ကန့်လန့်ကာသည်၊ အလျားကိုက်ငါးဆယ်ရှိ၏။-
10
ကန့်လန့်ကာကိုချိတ်ဆွဲရန်တိုင်နှစ်ဆယ်နှင့် တိုင်ဖိနပ်နှစ်ဆယ်တိုင်ကိုကြေးဝါဖြင့်လည်း ကောင်း၊ ချိတ်များနှင့်တန်းများကိုငွေဖြင့် လည်းကောင်းပြုလုပ်၏။-
11
မြောက်ဘက်ကန့်လန့်ကာသည်လည်း၊ တောင် ဘက်ကန့်လန့်ကာအတိုင်းပင်ဖြစ်၏။-
12
အနောက်ဘက်၌ကာရန်ကန့်လန့်ကာသည်၊ အလျားနှစ်ဆယ့်ငါးကိုက်ရှိ၍၊ တိုင်ဆယ်တိုင်၊ တိုင်ဖိနပ်ဆယ်ခု၊ ချိတ်၊ တန်းများကိုငွေဖြင့် ပြုလုပ်၏။-
13
တံခါးဝရှိရာတဲတော်အရှေ့ဘက်ဝင်းသည် လည်း နှစ်ဆယ့်ငါးကိုက်ကျယ်၏။-
14
တဲတော်တံခါးဝတစ်ဘက်တစ်ချက်တွင်၊ အနံခုနစ်ကိုက်ခွဲရှိသောကန့်လန့်ကာနှင့် တိုင်သုံးတိုင်၊ တိုင်ဖိနပ်သုံးခုစီရှိ၏။-
16
တဲတော်ဝင်းတစ်လျှောက်ရှိကန့်လန့်ကာ အားလုံးကိုပိတ်ချောဖြင့်ပြုလုပ်သည်။-
17
တိုင်ဖိနပ်များကိုကြေးဝါဖြင့်ပြုလုပ်၍၊ တိုင် ချိတ်များ၊ တိုင်တန်းများနှင့်တိုင်ထိပ်အုပ်များ ကိုငွေဖြင့်ပြုလုပ်သည်။ တိုင်အားလုံးကိုငွေ တန်းများဖြင့်ဆက်ထား၏။-
18
တဲတော်တံခါးဝအတွက်ကန့်လန့်ကာကို အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေး၊ ပိတ်ချောတို့ဖြင့်ရက်လုပ်၍ပန်းထိုးထား၏။ တဲတော်ဝင်းကန့်လန့်ကာများကဲ့သို့တံခါး ဝကန့်လန့်ကာသည်အလျားတစ်ဆယ်ကိုက် နှင့်အမြင့်နှစ်ကိုက်ခွဲရှိ၏။-
19
ထိုကန့်လန့်ကာကိုကြေးဝါဖိနပ်လေးခုစွပ် ထားသောတိုင်လေးတိုင်တို့တွင်ချိတ်ဆွဲထား ၏။ ချိတ်များ၊ ထိပ်အုပ်များနှင့်တန်းများကို ငွေဖြင့်ပြုလုပ်၏။-
20
တဲတော်နှင့်ဝင်းအတွက်ကြက်ဆူးရှိသမျှ တို့ကိုကြေးဝါဖြင့်ပြုလုပ်၏။
21
ပညတ်တော်ဆယ်ပါးရေးထိုးထားသော ကျောက်ပြားထားရှိရာတဲတော်အတွက် အသုံးပြုသောသတ္တုစာရင်းကိုဖော်ပြ ပေအံ့။ ထိုစာရင်းမှာယဇ်ပုရောဟိတ်အာရုန် ၏သားဣသမာဦးစီးသော လေဝိအမျိုး သားတို့ကမောရှေ၏အမိန့်အရပြုစု သောစာရင်းဖြစ်၏။
22
ယုဒအနွယ်ဟုရ၏မိသားစုမှဥရိ၏သား ဗေဇလေလသည် ထာဝရဘုရားကမောရှေ အားမိန့်မှာတော်မူသမျှတို့ကိုတာဝန်ယူ ဆောင်ရွက်လေ၏။-
23
သူ၏အကူအညီဖြစ်သူဒန်၏အနွယ်ထဲမှ အဟိသမက်၏သားအဟောလျဘသည် ပန်းပုအတတ်၊ ပုံစံထုတ်အတတ်ကိုတတ် ကျွမ်းသူ၊ အပြာရောင်၊ ခရမ်းရောင်၊ အနီရောင် သိုးမွေး၊ ပိတ်ချောတို့ကိုရက်တတ်သူဖြစ်၏။
24
တဲတော်အတွက်လူတို့လှူဒါန်းသောရွှေချိန် စုစုပေါင်းမှာ တရားဝင်ချင်တွယ်နည်းအရ နှစ်ထောင့်တစ်ရာကိုးဆယ့်ငါးပေါင်ရှိ၏။-
25
သန်းခေါင်စာရင်းကောက်ယူစဉ်အခါက၊ ဣသရေလအမျိုးသားတို့ထံမှ ရရှိသော ငွေချိန်မှာတရားဝင်ချင်တွယ်နည်းအရ ခုနစ်ထောင့်ငါးရာငါးဆယ်ပေါင်ရှိ၏။-
26
ထိုငွေချိန်သည်သန်းခေါင်စာရင်းဝင်သူတစ်ဦး ချင်းက တရားဝင်ချင်တွယ်နည်းအရပေးဆောင် သောငွေချိန်စုစုပေါင်းဖြစ်သတည်း။ အသက် နှစ်ဆယ်နှင့်အထက်ရှိသူသန်းခေါင်စာရင်းဝင် အမျိုးသားဦးရေမှာ ခြောက်သိန်းသုံးထောင်ငါး ရာငါးဆယ်ယောက်ဖြစ်သည်။-
27
အောက်ခံတစ်ခုလျှင်ငွေချိန်ခုနစ်ဆယ့်ငါး ပေါင်ကျဖြင့် တဲတော်နှင့်ကန့်လန့်ကာအောက် ခံတစ်ရာအတွက်ငွေချိန်ခုနစ်ထောင့်ငါး ရာပေါင်ကိုအသုံးပြုသည်။-
28
ချိတ်များ၊ ထိပ်အုပ်များ၊ တန်းများအတွက် ကျန်သေးသောငွေချိန်ပေါင်ငါးဆယ်ကို သုံး၏။-
29
လူတို့လှူဒါန်းသောကြေးဝါချိန်စုစုပေါင်း မှာ ငါးထောင်သုံးရာ့တစ်ဆယ်ပေါင်ဖြစ်၏။-
30
ထာဝရဘုရားစံတော်မူရာတဲတော်တံခါး ဝအတွက် အောက်ခံများ၊ ကြေးဝါပလ္လင်၊ ကြေး ဝါဆန်ခါ၊ ပလ္လင်နှင့်ဆိုင်သောပစ္စည်းအားလုံး၊-
31
တဲတော်ဝင်းနှင့်တံခါးဝအတွက်အောက်ခံ များ၊ တဲတော်နှင့်တဲတော်ဝင်းအကာအရံ အတွက်ကြက်ဆူးရှိသမျှတို့ကိုထို ကြေးဝါဖြင့်ပြုလုပ်၏။
← Chapter 37
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 39 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40