bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Exodus 6
Exodus 6
Burmese (BCL) (Common Language Bible)
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 7 →
1
ထိုအခါထာဝရဘုရားက မောရှေအား``ဖာ ရောဘုရင်အားငါမည်သို့ပြုမည်ကိုသင်မြင် ရလိမ့်မည်။ ငါ၏ကြီးမားသောတန်ခိုးတော် အားဖြင့် သူသည်ထိုသူတို့ကိုသွားခွင့်ပေးစေ ရန်ငါစီရင်မည်။ ငါ၏ကြီးမားသောတန်ခိုး တော်အားဖြင့် သူသည်မိမိ၏တိုင်းပြည်မှသူ တို့ကိုနှင်ထုတ်ရသည်အထိငါစီရင်မည်'' ဟုမိန့်တော်မူ၏။
2
ဘုရားသခင်က မောရှေအား``ငါသည်ထာဝရ ဘုရားဖြစ်၏။-
3
အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားငါသည်အနန္တ တန်ခိုးရှင်ဘုရားသခင်အဖြစ်နှင့်ထင်ရှားခဲ့ သော်လည်း ထာဝရဘုရားဟူသောနာမဖြင့် သူတို့သည်ငါ့ကိုမသိကြ။-
4
ထို့အပြင်သူတို့သည်ဧည့်သည်အဖြစ်ဖြင့်နေ ထိုင်ခဲ့ရသောခါနာန်ပြည်ကို သူတို့အားပေး မည်ဟုငါသည်သူတို့နှင့်ပဋိညာဉ်ပြုခဲ့၏။-
5
ယခုငါသည်အီဂျစ်အမျိုးသားတို့ထံ၌ ကျွန်ခံရသောဣသရေလအမျိုးသားတို့၏ ညည်းညူသံကို ကြားရသဖြင့်ငါ၏ပဋိညာဉ် ကိုသတိရပြီ။-
6
ထို့ကြောင့်သင်သည် ဣသရေလအမျိုးသား တို့အား`ငါသည်ထာဝရဘုရားဖြစ်၏။ အီဂျစ် အမျိုးသားတို့ထံ၌ကျွန်ခံရသည့်ဘဝမှ သင်တို့အားငါလွတ်မြောက်စေမည်။ ငါ၏ မဟာလက်ရုံးတော်ကိုဆန့်၍ ကြောက်မက် ဖွယ်သောဒဏ်စီရင်ခြင်းဖြင့်သင်တို့ကို ကယ်တင်မည်။-
7
ငါသည်သင်တို့အား ငါ၏လူမျိုးတော်အဖြစ် ရွေးကောက်မည်။ ငါသည်သင်တို့၏ဘုရားဖြစ် မည်။ သင်တို့အားကျွန်အဖြစ်စေခိုင်းသော အီဂျစ်အမျိုးသားတို့၏လက်မှ ငါလွတ် မြောက်စေတော်မူသောအခါ၊ ငါသည်သင် တို့၏ဘုရားသခင်ထာဝရဘုရားဖြစ် ကြောင်းသင်တို့သိရကြလိမ့်မည်။-
8
အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားပေးမည်ဟု ငါကတိထားသောပြည်သို့သင်တို့အားပို့ ဆောင်မည်။ ငါသည်ထိုပြည်ကိုသင်တို့အား အပိုင်ပေးမည်။ ငါသည်ထာဝရဘုရားဖြစ် ၏' ဟူ၍ပြောကြားရမည်'' ဟုမိန့်တော်မူ၏။-
9
မောရှေသည်ထိုအမိန့်တော်ကိုဣသရေလ အမျိုးသားတို့အားပြန်ကြားသော်လည်း သူ တို့သည်ကျွန်ခံရသောဒဏ်ကြောင့်အလွန်ပင် ပန်းနေကြသဖြင့်နားထောင်လက်ခံနိုင်စွမ်း မရှိကြချေ။
10
ထိုနောက်ထာဝရဘုရားကမောရှေအား၊-
11
``အီဂျစ်ဘုရင်ထံသို့ဝင်၍သူ၏တိုင်းပြည် မှ ဣသရေလအမျိုးသားတို့အားထွက်ခွင့် ပြုစေရန်ပြောလော့'' ဟုမိန့်တော်မူ၏။
12
ထိုအခါမောရှေက``ဣသရေလအမျိုးသား တို့ကပင်လျှင် အကျွန်ုပ်၏စကားကိုနားမ ထောင်ဘဲ စကားထစ်သူအကျွန်ုပ်၏စကား ကိုဘုရင်ကမည်သို့နားထောင်ပါမည်နည်း'' ဟုထာဝရဘုရားအားလျှောက်လေ၏။
13
ထာဝရဘုရားသည် မောရှေနှင့်အာရုန်တို့ အား``ဣသရေလအမျိုးသားတို့ကိုအီဂျစ် ပြည်မှထုတ်ဆောင်ရန်သင်တို့အား ငါအမိန့် ပေးတော်မူကြောင်းဣသရေလအမျိုးသား တို့နှင့်အီဂျစ်ဘုရင်အားပြောကြားလော့'' ဟုမိန့်တော်မူ၏။
14
ဣသရေလအမျိုးသား မိသားစုများ၏ အကြီးအကဲတို့ကိုဖော်ပြပေအံ့။ ယာကုပ် ၏သားဦးဖြစ်သူရုဗင်၏သားများမှာဟာ နုတ်၊ ဖာလု၊ ဟေဇရုံ၊ ကာမိတို့ဖြစ်ကြ၏။ ဤ သူတို့သည်မိမိတို့၏နာမည်များကိုခံယူ သောအဆက်အနွယ်များ၏ဖခင်များဖြစ် ကြ၏။-
15
ရှိမောင်၏သားခြောက်ယောက်မှာယမွေလ၊ ယာမိန်၊ သြဟဒ်၊ ယာခိန်၊ ဇောဟာနှင့်ခါနာန် အမျိုးသမီးမှဖွားသောရှောလတို့ဖြစ်ကြ ၏။ ဤသူတို့သည်မိမိတို့၏နာမည်များကို ခံယူသောအဆက်အနွယ်များ၏ဖခင်များ ဖြစ်ကြ၏။-
16
လေဝိ၏သားသုံးယောက်မှာဂေရရှုံ၊ ကော ဟတ်၊ မေရာရိတို့ဖြစ်ကြ၏။ ဤသူတို့သည် မိမိတို့၏နာမည်များကိုခံယူသောအဆက် အနွယ်များ၏ဖခင်များဖြစ်ကြ၏။ လေဝိ သည်တစ်ရာသုံးဆယ့်ခုနစ်နှစ်အထိအသက် ရှည်၏။-
17
ဂေရရှုံ၏သားနှစ်ယောက်မှာလိဗနိနှင့်ရှိမိ တို့ဖြစ်ကြ၏။ သူတို့၌သားမြေးများစွာ ရှိကြ၏။-
18
ကောဟတ်၏သားလေးယောက်မှာအာမရံ၊ ဣဇဟာ၊ ဟေဗြုန်၊ သြဇေလတို့ဖြစ်ကြ၏။ ကောဟတ်သည်တစ်ရာသုံးဆယ့်သုံးနှစ် အထိအသက်ရှည်၏။-
19
မေရာရိ၏သားနှစ်ယောက်မှာမဟာလိနှင့် မုရှိတို့ဖြစ်ကြ၏။ အထက်ဖော်ပြပါတို့ သည်လေဝိ၏အဆက်အနွယ်များဖြစ် ကြသတည်း။
20
အာမရံသည်ဖခင်၏နှမ ယောခေဗက်နှင့် စုံဖက်၍ယောခေဗက်သည် သားအာရုန်နှင့် မောရှေတို့ကိုဖွားမြင်၏။ အာမရံသည်တစ် ရာသုံးဆယ့်ခုနစ်နှစ်အထိအသက်ရှည်၏။-
21
ဣဇဟာ၏သားတို့မှာကောရ၊ နေဖက်၊ ဇိခရိ တို့ဖြစ်၏။-
22
သြဇေလ၏သားတို့မှာမိရှေလ၊ ဧလဇာဖန်၊ သိသရိတို့ဖြစ်ကြ၏။
23
အာရုန်သည်အမိနဒပ်၏သမီး၊ နာရှုန်၏ နှမဧလိရှဘနှင့်စုံဖက်၍ဧလိရှဘသည် သားနာဒပ်၊ အဘိဟု၊ ဧလဇာ၊ ဣသမာတို့ ကိုဖွားမြင်၏။-
24
ကောရ၏သားသုံးယောက်တို့မှာအဿိရ၊ ဧလ ကာန၊ အဗျာသပ်တို့ဖြစ်ကြ၏။ ဤသူတို့သည် ကောရမှဆင်းသက်သောအဆက်အနွယ်များ ၏ဖခင်များဖြစ်ကြသည်။-
25
အာရုန်၏သားဧလဇာသည်ပုတျေလ၏ သမီးတစ်ယောက်နှင့်စုံဖက်၍ သူသည်သား ဖိနဟတ်ကိုဖွားမြင်၏။ ဤသူတို့သည်လေဝိ မိသားစုနှင့်အဆက်အနွယ်များ၏အကြီး အကဲများဖြစ်ကြသတည်း။
26
ထာဝရဘုရားက``ဣသရေလအမျိုးသား တို့အား အီဂျစ်ပြည်မှထုတ်ဆောင်လော့'' ဟု စေခိုင်းတော်မူခြင်းခံရသူတို့သည်ကား အာရုန်နှင့်မောရှေတို့ဖြစ်သတည်း။-
27
ဣသရေလအမျိုးသားတို့ကိုအီဂျစ်ပြည် မှထွက်ခွင့်ပေးရန် အီဂျစ်ဘုရင်အားတောင်း ဆိုသူတို့သည်ကားအာရုန်နှင့်မောရှေတို့ ပင်ဖြစ်သတည်း။
28
ထာဝရဘုရားက``ငါသည်ထာဝရဘုရား ဖြစ်၏။ ငါမိန့်ကြားသမျှကိုအီဂျစ်ဘုရင် အားပြောလော့'' ဟုအီဂျစ်ပြည်တွင်ရောက် ရှိနေသောမောရှေအားမိန့်တော်မူ၏။
30
မောရှေက``အကျွန်ုပ်သည် နှုတ်သတ္တိမရှိသူ ဖြစ်ကြောင်းကိုယ်တော်သိတော်မူပါ၏။ ဖာရော ဘုရင်သည် အကျွန်ုပ်ပြောသောစကားကိုနား ထောင်မည်မဟုတ်ပါ'' ဟု ထာဝရဘုရားအား လျှောက်ထားလေ၏။
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 37
Chapter 38
Chapter 39
Chapter 40
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36
37
38
39
40