bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Numbers 26
Numbers 26
Burmese (BCL) (Common Language Bible)
← Chapter 25
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 27 →
1
ရောဂါကပ်လွန်ပြီးနောက်ထာဝရဘုရား သည် မောရှေနှင့်အာရုန်၏သားဧလာဇာ တို့အား၊-
2
``ဣသရေလအမျိုးသားအပေါင်းတို့ထဲမှ အသက်နှစ်ဆယ်နှင့်အထက်ရှိ၍ စစ်မှုထမ်း နိုင်သောယောကျာ်းဦးရေစာရင်းကို မိသားစု အလိုက်ကောက်ယူလော့'' ဟုမိန့်တော်မူ၏။-
3
မောရှေနှင့်ဧလာဇာတို့သည်အမိန့်တော် အတိုင်း အသက်နှစ်ဆယ်နှင့် အထက်ရှိသူ ယောကျာ်းအပေါင်းတို့ကိုဆင့်ခေါ်သဖြင့် သူတို့သည်ယေရိခေါမြို့တစ်ဘက်ယော်ဒန် မြစ်နားရှိမောဘလွင်ပြင်၌စုရုံးရောက် ရှိလာကြသည်။ အီဂျစ်ပြည်မှထွက်ခွာလာကြသောအသက် နှစ်ဆယ်နှင့်အထက်အရွယ်ရှိ ဣသရေလ အမျိုးသားထဲမှယောကျာ်းဦးရေမှာအောက် ပါအတိုင်းဖြစ်သည်။
5
ရုဗင်အနွယ်(ရုဗင်သည်ယာကုပ်၏သားဦး ဖြစ်၏) သားချင်းစုများမှာဟာနုတ်၏သား ချင်းစု၊ ဖာလု၏သားချင်းစု၊-
6
ဟေဇရုံ၏သားချင်းစုနှင့်ကာမိ၏သားချင်း စုတို့ဖြစ်သည်။
7
ဤသားချင်းစုတို့၏ဦးရေမှာလေးသောင်း သုံးထောင့်ခုနစ်ရာ့သုံးဆယ်ယောက်ဖြစ်သည်။-
8
ဖာလု၏အဆက်အနွယ်များမှာဧလျာဘနှင့်၊-
9
သူ၏သားများဖြစ်သောနေမွေလ၊ ဒါသန်၊ အဘိရံတို့ဖြစ်ကြသည်။ (ဒါသန်နှင့်အဘိရံ တို့သည်ဣသရေလအမျိုးသားအပေါင်း တို့ကခေါင်းဆောင်အဖြစ်ရွေးချယ်ခြင်းခံရ၍ မောရှေနှင့်အာရုန်တို့၏အာဏာကိုဖီဆန် လျက် ကောရ၏နောက်လိုက်များနှင့်အတူ ထာဝရဘုရားကိုပုန်ကန်ခဲ့သူများ ဖြစ်ကြ၏။-
10
ထို့ကြောင့်သူတို့သည်ကောရ၏နောက်လိုက် များနှင့်အတူမြေမျိုခံရ၏။ ထိုနေ့၌ လောင်မီးကျ၍ လူပေါင်းနှစ်ရာ့ငါးဆယ် အသက်ဆုံးခဲ့ရသည်။ ထိုအဖြစ်အပျက် ကလူအပေါင်းတို့ကိုသတိတရားရစေ၏။-
11
သို့ရာတွင်ကောရ၏သားများသည်သေ ဘေးမှလွတ်ကြ၏။)
12
ရှိမောင်အနွယ်မှသားချင်းစုများမှာ ယေ မွေလ၏သားချင်းစု၊ ယာမိန်၏သားချင်းစု၊ ယာခိန်၏သားချင်းစု၊-
13
ဇေရ၏သားချင်းစုနှင့်ရှောလ၏ သားချင်း စုတို့ဖြစ်သည်။-
14
ဤသားချင်းစုတို့၏ဦးရေမှာနှစ်သောင်း နှစ်ထောင့်နှစ်ရာယောက်ဖြစ်သည်။
15
ဂဒ်အနွယ်မှသားချင်းစုများမှာ ဇေဖုန်၏ သားချင်းစု၊ ဟ္ဂိ၏သားချင်းစု၊ ရှုနိ၏သား ချင်းစု၊-
16
သြဇနိ၏သားချင်းစု၊ ဧရိ၏သားချင်းစု၊-
17
အာရုဒ်၏သားချင်းစုနှင့်အရေလိတို့၏ သားချင်းစုတို့ဖြစ်သည်။-
18
ဤသားချင်းစုတို့၏ဦးရေမှာ လေးသောင်း ငါးရာယောက်ဖြစ်သည်။
19
ယုဒအနွယ်မှသားချင်းစုများမှာ (ယုဒ ၏သားနှစ်ယောက်ဖြစ်သောဧရနှင့်သြနန် တို့သည်ခါနာန်ပြည်တွင်သေဆုံးခဲ့ကြ၏။-)
20
ရှေလ၏သားချင်းစု၊ ဖာရဇ်၏သားချင်းစု၊ ဇေရ၏သားချင်းစု၊-
21
ဟေဇရုံ၏သားချင်းစုနှင့်ဟာမုလ၏သား ချင်းစုတို့ဖြစ်သည်။-
22
ဤသားချင်းစုတို့၏ဦးရေမှာ ခုနစ်သောင်း ခြောက်ထောင့်ငါးရာယောက်ဖြစ်သည်။
23
ဣသခါအနွယ်မှသားချင်းစုများမှာ တောလ ၏သားချင်းစု၊ ဖုဝါ၏သားချင်းစု၊-
24
ယာရှုပ်၏သားချင်းစုနှင့်ရှိမရုန်၏သားချင်းစု တို့ဖြစ်သည်။-
25
ဤသားချင်းစုတို့၏ဦးရေမှာ ခြောက်သောင်း လေးထောင့်သုံးရာယောက်ဖြစ်သည်။
26
ဇာဗုလုန်အနွယ်မှသားချင်းစုများမှာသရက် ၏သားချင်းစု၊ ဧလုန်၏သားချင်းစုနှင့်ယာ လေလ၏သားချင်းစုတို့ဖြစ်သည်။-
27
ဤသားချင်းစုတို့၏ဦးရေမှာခြောက်သောင်း ငါးရာယောက်ဖြစ်သည်။
28
ယောသပ်အနွယ်များမှာ မနာရှေနှင့်ဧဖရိမ်တို့ ဖြစ်သည်။ ယောသပ်သည် မနာရှေနှင့်ဧဖရိမ်တို့ ၏ဖခင်ဖြစ်သည်။
29
မနာရှေအနွယ်၊ မနာရှေ၏သားမာခိရသည် ဂိလဒ်၏ဖခင်ဖြစ်သည်။ ဂိလဒ်မှဆင်းသက် သောသားချင်းစုများမှာ၊-
30
ယေဇေရ၏သားချင်းစု၊ ဟေလက်၏သားချင်း စု၊-
31
အသရေလ၏သားချင်းစု၊ ရှေခင်၏သားချင်းစု၊-
32
ရှမိဒ၏သားချင်းနှင့်ဟေဖာ၏သားချင်းစုတို့ ဖြစ်ကြသည်။-
33
ဟေဖာ၏သားဇလောဖဒ်တွင်သားယောကျာ်းမရှိ၊ သမီးများသာရှိ၏။ ထိုသမီးများ၏နာမည် များမှာမာလာ၊ နောအာ၊ ဟောဂလာ၊ မလကာ နှင့်တိရဇာတို့ဖြစ်သည်။-
34
ဤသားချင်းစုတို့၏ဦးရေမှာငါးသောင်း နှစ်ထောင့်ခုနစ်ရာယောက်ဖြစ်သည်။
35
ဧဖရိမ်အနွယ်မှသားချင်းစုများမှာ ရှုသလ၏ သားချင်းစု၊ ဗေခါ၏သားချင်းစုနှင့်တာဟန်၏ သားချင်းစုတို့ဖြစ်သည်။-
36
ဧရန်၏သားချင်းစုသည် ရှုသလမှဆင်းသက် လာသည်။-
37
ဤသားချင်းစုတို့၏ဦးရေမှာ သုံးသောင်းနှစ် ထောင့်ငါးရာယောက်ဖြစ်သည်။ ဤသားချင်းစုတို့သည်ယောသပ်မှဆင်းသက် လာသည်။
38
ဗင်္ယာမိန်အနွယ်မှသားချင်းစုများမှာဗေလ ၏သားချင်းစု၊ အာရှဗေလ၏သားချင်းစု၊ အဟိရံ၏သားချင်းစု၊-
39
ရှုဖံ၏သားချင်းစုနှင့်ဟုဖံ၏သားချင်းစုတို့ ဖြစ်သည်။-
40
အာရဒ၏သားချင်းစုနှင့်နေမန်၏သားချင်း စုတို့သည် ဗေလမှဆင်းသက်လာကြသည်။-
41
ဤသားချင်းစုတို့၏ဦးရေမှာ လေးသောင်းငါး ထောင့်ခြောက်ရာယောက်ဖြစ်သည်။
42
ဒန်အနွယ်မှရှုဟံသားချင်းစု၏၊-
43
ဦးရေမှာခြောက်သောင်းလေးထောင့်လေးရာယောက် ဖြစ်သည်။
44
အာရှာအနွယ်မှသားချင်းစုများမှာယိမန သားချင်းစု၊ ယေသဝိသားချင်းစုနှင့်ဗေရိ သားချင်းစုတို့ဖြစ်သည်။-
45
ဟေဗေရသားချင်းစုနှင့်မာလချေလ၏ သားချင်းစုတို့သည် ဗေရိမှဆင်းသက်လာသည်။-
46
အာရှာတွင်စာရာနာမည်ရှိသမီးတစ်ယောက် ရှိ၏။-
47
ဤသားချင်းစုတို့၏ဦးရေမှာငါးသောင်း သုံးထောင့်လေးရာယောက်ဖြစ်သည်။
48
နဿလိအနွယ်မှသားချင်းစုများမှာ ယာဇေလ ၏သားချင်းစု၊ ဂုနိ၏သားချင်းစု၊-
49
ယေဇရ၏သားချင်းစုနှင့်ရှိလ္လင်သားချင်းစု တို့ဖြစ်သည်။-
50
ဤသားချင်းစုတို့၏ဦးရေမှာလေးသောင်းငါး ထောင့်လေးရာယောက်ဖြစ်သည်။
51
ဣသရေလအမျိုးသားယောကျာ်းဦးရေမှာ ခြောက်သိန်းတစ်ထောင့်ခုနစ်ရာ့သုံးဆယ်ယောက် ဖြစ်သတည်း။
52
ထာဝရဘုရားသည်မောရှေအား``အနွယ် တို့၏ဦးရေအနည်းအများအလိုက်ခါနာန် ပြည်ကိုခွဲဝေပေးလော့။ လူဦးရေများသော အနွယ်တို့အတွက်မြေပို၍လည်းကောင်း၊ လူဦး ရေနည်းသောအနွယ်တို့အတွက်မြေလျော့နည်း ၍လည်းကောင်းစာရေးတံချ၍ဝေပေးရမည်'' ဟုမိန့်တော်မူ၏။
57
လေဝိအနွယ်တွင်ဂေရရှုံသားချင်းစု၊ ကော ဟတ်သားချင်းစုနှင့်မေရာရိသားချင်းစု တို့ပါဝင်ကြသည်။-
58
ထိုသူတို့မှတစ်ဆင့်လိဗနိသားချင်းစု၊ ဟေ ဗြောနိသားချင်းစု၊ မာလိသားချင်းစု၊ မုရှိ သားချင်းစုနှင့်ကောရသိသားချင်းစုတို့ ဆင်းသက်လာကြသည်။ ကောဟတ်၏သား အာမရံသည်၊-
59
လေဝိ၏သမီးယောခေဗက်၏ခင်ပွန်းဖြစ် သည်။ ယောခေဗက်သည်အီဂျစ်ပြည်၌ဖွား မြင်ခဲ့သည်။ အာမရံနှင့်ယောခေဗက်တို့သည် သားများဖြစ်သောအာရုန်နှင့်မောရှေ၊ သမီး ဖြစ်သောမိရိအံတို့ကိုရကြသည်။-
60
အာရုန်တွင်နာဒပ်၊ အဘိဟု၊ ဧလာဇာ နှင့်ဣသမာဟူ၍သားလေးယောက်ရှိ သည်။-
61
နာဒပ်နှင့်အဘိဟုတို့သည်ထာဝရဘုရား အား မပူဇော်ထိုက်သောမီးဖြင့်ပူဇော်သော ကြောင့်သေဆုံးခဲ့ကြ၏။-
62
လေဝိအနွယ်တွင်တစ်လသားအရွယ်နှင့် အထက်ရှိ သောယောကျာ်းဦးရေမှာနှစ်သောင်း သုံးထောင်ယောက်ဖြစ်သည်။ သူတို့သည်ဣသ ရေလနိုင်ငံတွင်နယ်မြေခွဲဝေပေးခြင်းမခံ ရသဖြင့် အခြားသောဣသရေလအမျိုး သားတို့ဦးရေစာရင်း၌မပါဝင်ဘဲသီး ခြားစာရင်းဖြင့်ဖော်ပြထားသည်။
63
ဤလူဦးရေစာရင်းသည်မောရှေနှင့်ဧလာဇာ တို့က ယေရိခေါမြို့တစ်ဖက်ယော်ဒန်မြစ်နား ရှိမောဘလွင်ပြင်တွင် ဣသရေလအမျိုး သားတို့ကိုသားချင်းစုအလိုက်ကောက်ယူ သည့်စာရင်းဖြစ်သတည်း။-
64
ဤလူဦးရေစာရင်းတွင်မောရှေနှင့်အာရုန်တို့ သိနာတောကန္တာရ၌ကောက်ယူခဲ့သောပထမ သန်းခေါင်စာရင်းဝင်သူတစ်ဦးတစ်ယောက်မျှ မပါရှိချေ။-
65
ထိုသူအပေါင်းတို့သည်တောကန္တာရ၌သေဆုံး ရကြမည်ဟူ၍ ထာဝရဘုရားမိန့်တော်မူခဲ့ သည့်အတိုင်းယေဖုန္နာ၏သားကာလက်နှင့် နုန် ၏သားယောရှုမှတစ်ပါးကျန်သောသူအား လုံးပင်သေဆုံးခဲ့ကြ၏။
← Chapter 25
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 27 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36