bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Numbers 9
Numbers 9
Burmese (BCL) (Common Language Bible)
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 10 →
1
ဣသရေလအမျိုးသားတို့အီဂျစ်ပြည်မှထွက်လာပြီးနောက်ဒုတိယနှစ်၊ ပထမလတွင်ထာဝရဘုရားသည်သိနာတောကန္တာရ၌မောရှေအား၊-
2
``ဣသရေလအမျိုးသားတို့သည် ယခုလတစ်ဆယ့်လေးရက်နေ့၊ နေဝင်ချိန်မှအစပြု၍ပသခါပွဲတော်နှင့်ဆိုင်သော ပြဋ္ဌာန်းချက်များနှင့်အညီကျင်းပကြရမည်'' ဟုမိန့်တော်မူ၏။-
4
သို့ဖြစ်၍မောရှေသည်ဣသရေလအမျိုးသားတို့အား ပသခါပွဲတော်ကိုကျင်းပရန်ဆင့်ဆိုသည့်အတိုင်း၊-
5
သူတို့သည်သိနာတောကန္တာရတွင် ပထမတစ်ဆယ့်လေးရက်နေ့ညနေ၌ပသခါပွဲတော်ကိုကျင်းပကြသည်။ မောရှေအားထာဝရဘုရားမိန့်မှာတော်မူသမျှအတိုင်း ဣသရေလအမျိုးသားတို့ဆောင်ရွက်ကြသည်။
6
သို့ရာတွင်အချို့သောသူတို့သည်လူသေအလောင်းကိုကိုင်တွယ်မိသဖြင့် ဘာသာရေးထုံးနည်းအရမသန့်စင်သောကြောင့် ထိုနေ့တွင်ပသခါပွဲတော်ကိုမဝင်နိုင်ကြချေ။ သူတို့သည်မောရှေနှင့်အာရုန်တို့ထံသွား၍၊-
7
``အကျွန်ုပ်တို့သည်လူသေအလောင်းကိုကိုင်တွယ်မိသဖြင့်မသန့်စင်ကြပါ။ အခြားသူများနည်းတူအကျွန်ုပ်တို့သည်လည်းထာဝရဘုရားအား ပူဇော်သကာဆက်သခြင်းမပြုလုပ်နိုင်ပြီလော'' ဟုမေးလျှောက်ကြ၏။
8
ထိုအခါမောရှေက``ထာဝရဘုရားသည် ငါ့အားမည်သို့ညွှန်ကြားတော်မူမည်ကိုစောင့်ဆိုင်းကြလော့'' ဟုဆို၏။
9
ထာဝရဘုရားသည်မောရှေမှတစ်ဆင့်ဣသရေလအမျိုးသားတို့အား``ယခုဖြစ်စေ၊ နောင်အခါဖြစ်စေ ဣသရေလအမျိုးသားတို့တွင်တစ်စုံတစ်ယောက်သည် ပသခါပွဲခံချိန်၌လူသေအလောင်းကိုကိုင်တွယ်မိသဖြင့်မသန့်စင်သူသည်လည်းကောင်း၊ ရပ်ဝေးသို့ခရီးလွန်နေသူသည်လည်းကောင်းပသခါပွဲခံလိုသော်၊-
11
တစ်လစောင့်ဆိုင်း၍ဒုတိယလ၊ တစ်ဆယ့်လေးရက်နေ့ညနေတွင်ပွဲခံနိုင်ခွင့်ရှိသည်။ သူသည်သိုးသားကိုတဆေးမဲ့မုန့်၊ ခါးသောဟင်းသီးဟင်းရွက်တို့နှင့်စား၍ပသခါပွဲခံရမည်။-
12
နောက်တစ်နေ့နံနက်သို့တိုင်အောင်အစားအစာကိုမကျန်ကြွင်းစေရ။ သိုးကောင်၏အရိုးကိုမကျိုးစေရ။ ပြဋ္ဌာန်းချက်များအတိုင်းပသခါပွဲခံရမည်။-
13
တစ်စုံတစ်ယောက်သည်ဘာသာရေးထုံးနည်းအရ သန့်စင်လျက်နှင့် ခရီးမလွန်ဘဲရှိလျက်နှင့် ပသခါပွဲခံချိန်တွင်ငါ့အားပူဇော်သကာမဆက်သလျှင် ထိုသူ့ကိုငါ၏လူမျိုးတော်အထဲမှထုတ်ပယ်ရမည်။ သူသည်မိမိ၏အပြစ်အလျောက်ဒဏ်ခံရမည်။
14
``သင်တို့နှင့်အတူနေထိုင်သောလူမျိုးခြားသားတစ်ဦးသည်ပသခါပွဲခံလိုလျှင် သူသည်ပွဲတော်နှင့်ဆိုင်သောပြဋ္ဌာန်းချက်အားလုံးကိုလိုက်နာရမည်။ ဣသရေလအမျိုးသားဖြစ်စေ၊ လူမျိုးခြားဖြစ်စေဤပြဋ္ဌာန်းချက်များကိုလိုက်နာရမည်။
15
ထာဝရဘုရားစံတော်မူရာတဲတော်ကိုထူသောနေ့တွင် မိုးတိမ်သက်ဆင်းလာ၍တဲတော်ကိုဖုံးလွှမ်းလေသည်။ ညအချိန်တွင်မိုးတိမ်သည်မီးလျှံကဲ့သို့တောက်ပလျက်ရှိ၏။-
17
မိုးတိမ်အထက်သို့တက်သည့်အခါတိုင်းဣသရေလအမျိုးသားတို့သည် စခန်းဖြုတ်၍မိုးတိမ်သက်ဆင်းသည့်နေရာတွင်တစ်ဖန်စခန်းချကြ၏။-
18
သူတို့သည်ထာဝရဘုရား၏အမိန့်တော်အရစခန်းဖြုတ်ခြင်း၊ စခန်းချခြင်းပြုကြ၏။ မိုးတိမ်သည်တဲတော်အပေါ်တွင်တည်ရှိနေသမျှကာလပတ်လုံးသူတို့သည်စခန်းမဖြုတ်ကြချေ။-
19
မိုးတိမ်သည်တဲတော်အပေါ်တွင်အချိန်ကြာမြင့်စွာတည်ရှိနေသောအခါ သူတို့သည်ထာဝရဘုရား၏အမိန့်တော်ကိုနာခံ၍ခရီးဆက်ခြင်းမပြုကြချေ။-
20
တစ်ခါတစ်ရံမိုးတိမ်သည်တဲတော်အပေါ်တွင်ရက်အနည်းငယ်မျှသာတည်ရှိနေ၏။ မည်သို့ပင်ဖြစ်စေသူတို့သည်ထာဝရဘုရား၏အမိန့်တော်အတိုင်းသာ စခန်းချခြင်း၊ စခန်းဖြုတ်ခြင်းကိုပြုလုပ်ကြသည်။-
21
တစ်ခါတစ်ရံမိုးတိမ်သည်ညနေခင်းမှနံနက်အထိသာတည်ရှိ၏။ သူတို့သည်မိုးတိမ်တက်လျှင်ခရီးဆက်ကြသည်။-
22
တဲတော်အပေါ်တွင်မိုးတိမ်သည်နှစ်ရက်ဖြစ်စေ၊ တစ်လဖြစ်စေ၊ တစ်နှစ်သို့မဟုတ်တစ်နှစ်ထက်ပို၍ဖြစ်စေ တည်ရှိသမျှကာလပတ်လုံးသူတို့သည်ခရီးဆက်ခြင်းမပြုကြ။ သို့ရာတွင်မိုးတိမ်တက်သည့်အခါ၌မူကားခရီးဆက်ကြ၏။-
23
မောရှေမှတစ်ဆင့်ထာဝရဘုရားပေးသောအမိန့်တော်အရ သူတို့သည်စခန်းချခြင်း၊ စခန်းဖြုတ်ခြင်းပြုလုပ်ကြ၏။
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36