bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Numbers 28
Numbers 28
Burmese (BCL) (Common Language Bible)
← Chapter 27
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 29 →
1
ဣသရေလအမျိုးသားတို့သည် ဘုရားသခင် နှစ်သက်တော်မူသောပူဇော်သကာများကို သတ် မှတ်သောအချိန်အခါ၌ပူဇော်ဆက်သရ မည်ဖြစ်ကြောင်း၊ ထာဝရဘုရားသည်မောရှေ အားဖြင့်ဆင့်ဆိုစေတော်မူ၏။
3
ထာဝရဘုရားအား ပူဇော်ဆက်သရမည့် သကာများကိုဖော်ပြပေအံ့။ နေ့စဉ်မီးရှို့ ရာယဇ်အတွက်အပြစ်အနာကင်းသော တစ်နှစ်သားအရွယ်သိုးထီးနှစ်ကောင်ကို ပူဇော်ရမည်။-
4
သိုးကလေးတစ်ကောင်ကိုနံနက်တွင်ပူဇော်၍ အခြားတစ်ကောင်ကိုညနေတွင်ပူဇော်ရမည်။-
5
သိုးတစ်ကောင်စီနှင့်အတူဂျုံမုန့်ညက်နှစ် ပေါင်နှင့် အကောင်းဆုံးသံလွင်ဆီနှစ်ပိုင့်ရော နယ်ထားသောဘောဇဉ်သကာကိုလည်းပူဇော် ရမည်။-
6
ဤသကာသည်နေ့စဉ်အကုန်အစင်မီးရှို့ပူ ဇော်ရသောသကာဖြစ်၏။ ဤသကာသည်သိနာ တောင်ပေါ်တွင်ဦးစွာပူဇော်ခဲ့သောသကာဖြစ်၍ ယင်းရနံ့ကိုထာဝရဘုရားနှစ်သက်တော် မူ၏။-
7
ပထမသိုးကလေးနှင့်အတူယဇ်ပလ္လင်တွင် စပျစ်ရည်နှစ်ပိုင့်ကိုလောင်း၍စပျစ်ရည် သကာအဖြစ်ဆက်သရမည်။-
8
ညနေတွင်ဒုတိယသိုးကလေးကိုပူဇော် သောအခါ၌လည်း နံနက်တွင်ပူဇော်ဆက်သ သည့်နည်းတူစပျစ်ရည်သကာပါလျက်ပူဇော် ရမည်။ ဤသကာသည်လည်းပူဇော်သကာဖြစ် ၍ ယင်း၏ရနံ့ကိုထာဝရဘုရားနှစ်သက် တော်မူ၏။
9
ဥပုသ်နေ့တွင်အပြစ်အနာကင်းသောတစ် နှစ်သားအရွယ်သိုးထီးနှစ်ကောင်၊ သံလွင်ဆီ နှင့်ဂျုံမုန့်ညက်လေးပေါင်ကိုရောနယ်ထား သောဘောဇဉ်သကာ၊ စပျစ်ရည်သကာတို့ကို ပူဇော်ရမည်။-
10
နေ့စဉ်မီးရှို့ရာသကာနှင့်စပျစ်ရည်သကာ အပြင် ဤမီးရှို့ရာသကာကိုဥပုသ်နေ့ တိုင်းပူဇော်ရမည်။
11
လဆန်းတစ်ရက်နေ့တိုင်းထာဝရဘုရား အား အပြစ်အနာကင်းသောနွားထီးပျိုနှစ် ကောင်၊ သိုးထီးတစ်ကောင်နှင့်တစ်နှစ်သား အရွယ်သိုးထီးခုနစ်ကောင်တို့ကိုမီးရှို့ ပူဇော်ရမည်။-
12
ဘောဇဉ်သကာအဖြစ်သံလွင်ဆီရောထားသော မုန့်ညက်ကိုဆက်သရမည်။ နွားတစ်ကောင်စီနှင့် အတူမုန့်ညက်ခြောက်ပေါင်ကိုလည်းကောင်း၊ သိုး ထီးနှင့်အတူမုန့်ညက်လေးပေါင်ကိုလည်း ကောင်း၊-
13
သိုးကလေးတစ်ကောင်စီနှင့်အတူမုန့်ညက် နှစ်ပေါင်ကိုလည်းကောင်းဆက်သရမည်။ ဤ မီးရှို့ရာသကာများသည်ပူဇော်သကာများ ဖြစ်၍ ယင်း၏ရနံ့ကိုထာဝရဘုရား နှစ်သက်တော်မူ၏။-
14
ထိုမီးရှို့ရာယဇ်တို့နှင့်တွဲ၍ဆက်သရသော စပျစ်ရည်သကာမှာ နွားထီးတစ်ကောင်စီနှင့် အတူစပျစ်ရည်လေးပိုင့်၊ သိုးထီးနှင့်အတူ စပျစ်ရည်သုံးပိုင့်၊ သိုးကလေးတစ်ကောင်စီ နှင့်အတူစပျစ်ရည်နှစ်ပိုင့်ကိုပူဇော်ရမည်။-
15
နေ့စဉ်ဆက်သရသောမီးရှို့ရာယဇ်နှင့်တကွ စပျစ်ရည်သကာအပြင်ဆိတ်ထီးတစ်ကောင် ကိုလည်းအပြစ်ဖြေရာယဇ်အဖြစ်ပူဇော် ရမည်။
16
နှစ်စဉ်ပထမလတစ်ဆယ့်လေးရက်နေ့တွင် ထာဝရဘုရား၏ဂုဏ်တော်ကိုချီးမွမ်း သောပသခါပွဲတော်ကိုကျင်းပရမည်။-
17
တစ်ဆယ့်ငါးရက်နေ့မှအစပြု၍ခုနစ်ရက် တိုင်တိုင် ဋ္ဌမ္မပွဲတော်ကိုကျင်းပရမည်။ ထိုပွဲ တော်ရက်အတွင်းတဆေးမဲ့မုန့်ကိုသာစား ရမည်။-
18
ပွဲတော်ပထမနေ့တွင်သင်တို့စုဝေးဝတ်ပြု ရမည်။ ထိုနေ့၌အလုပ်မလုပ်ရ။-
19
ထာဝရဘုရားအားဆက်သသောပူဇော် သကာအဖြစ် အပြစ်အနာကင်းသောနွားထီး ပျိုနှစ်ကောင်၊ သိုးထီးတစ်ကောင်နှင့်တစ်နှစ်သား အရွယ်သိုးထီးခုနစ်ကောင်တို့ကိုမီးရှို့ပူဇော် ရမည်။-
20
မီးရှို့ရာယဇ်နှင့်တွဲဖက်၍ဘောဇဉ်သကာ အဖြစ် သံလွင်ဆီရောထားသောမုန့်ညက်ကို ဆက်သရမည်။ နွားထီးတစ်ကောင်စီနှင့်အတူ မုန့်ညက်ခြောက်ပေါင်ကိုလည်းကောင်း၊ သိုးထီး နှင့်အတူမုန့်ညက်လေးပေါင်ကိုလည်းကောင်း၊-
21
သိုးကလေးတစ်ကောင်စီနှင့်အတူမုန့်ညက် နှစ်ပေါင်ကိုလည်းကောင်းပူဇော်ရမည်။-
22
အပြစ်ဖြေရာယဇ်အဖြစ်ဆိတ်ထီးတစ်ကောင် ကိုလည်းပူဇော်ရမည်။ ဤနည်းအားဖြင့်လူ တို့အတွက်သန့်စင်မှုကိုဝတ်ပြုရမည်။-
23
နံနက်တိုင်းမီးရှို့ရာယဇ်အပြင်ဤပူဇော် သကာများကိုဆက်သရမည်။-
24
ဤနည်းအတိုင်းခုနစ်ရက်တိုင်အောင်ထာဝရ ဘုရားအား ပူဇော်သကာကိုဆက်သရမည်။ ယင်း ၏ရနံ့ကိုထာဝရဘုရားနှစ်သက်တော်မူ၏။ နေ့စဉ်မီးရှို့ရာသကာနှင့်စပျစ်ရည်သကာ အပြင် ဤသကာကိုဆက်သရမည်။-
25
သတ္တမနေ့တွင်စုဝေးဝတ်ပြုရမည်။ ထိုနေ့ တွင်အလုပ်မလုပ်ရ။
26
သင်တို့သည်ကောက်သိမ်းပွဲတော်ပထမနေ့၌ ထာဝရဘုရားအားကောက်သစ်ပူဇော်သည့် အခါစုဝေးဝတ်ပြုရကြမည်။ ထိုနေ့၌ အလုပ်မလုပ်ရ။-
27
သင်တို့သည်အပြစ်အနာကင်းသောနွားထီး ပျိုနှစ်ကောင်၊ သိုးထီးတစ်ကောင်နှင့်တစ်နှစ်သား အရွယ်သိုးထီးခုနစ်ကောင်ကို ထာဝရဘုရား နှစ်သက်ဖွယ်ရနံ့အဖြစ်မီးရှို့ပူဇော်ရမည်။-
28
ထိုမီးရှို့ရာနှင့်တွဲဖက်၍သံလွင်ဆီရောသော မုန့်ညက်ကိုဘောဇဉ်သကာအဖြစ်ပူဇော်ရမည်။ နွားထီးတစ်ကောင်စီနှင့်အတူမုန့်ညက်ခြောက် ပေါင်ကိုလည်းကောင်း၊ သိုးထီးနှင့်အတူမုန့် ညက်လေးပေါင်ကိုလည်းကောင်း၊ သိုးကလေး တစ်ကောင်စီနှင့်အတူမုန့်ညက်နှစ်ပေါင်ကို လည်းကောင်းပူဇော်ရမည်။-
30
ထို့အပြင်အပြစ်ဖြေရာယဇ်အဖြစ်ဆိတ်ထီး တစ်ကောင်ကိုလည်းပူဇော်ရမည်။ ဤနည်းအား ဖြင့်လူတို့အတွက်သန့်စင်မှုဝတ်ကိုပြုရမည်။-
31
နေ့စဉ်မီးရှို့ရာသကာနှင့်ဘောဇဉ်သကာအပြင် ဤသကာများနှင့်စပျစ်ရည်သကာကိုပူဇော် ရမည်။
← Chapter 27
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 29 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36