Numbers 7

Burmese (BCL) (Common Language Bible)

← Chapter 6 Chapter 8 →
12သို့​ဖြစ်​၍​သူ​တို့​သည် မိ​မိ​တို့​၏​ပူ​ဇော် သ​ကာ​များ​ကို အောက်​တွင်​ဖော်​ပြ​ပါ အ​စီ​အ​စဉ်​အ​တိုင်း​ဆက်​သ​ကြ​၏။ [ရက်] — [အ​နွယ်] — [ခေါင်း​ဆောင်] ပ​ထ​မ​ရက် — ယု​ဒ — အ​မိ​န​ဒပ်​၏​သား​နာ​ရှုန် ဒု​တိ​ယ​ရက် — ဣသ​ခါ — ဇု​အာ​၏​သား​နာ​သ​နေ​လ တ​တိ​ယ​ရက် — ဇာ​ဗု​လုန် — ဟေ​လုန်​၏​သား​ဧ​လျာ​ဘ စ​တုတ္ထ​ရက် — ရု​ဗင် — ရှေ​ဒု​ရ​၏​သား​ဧ​လိ​ဇု​ရ ပဉ္စ​မ​ရက် — ရှိ​မောင် — ဇု​ရိ​ရှဒ္ဒဲ​၏​သား​ရှေလုမျေလ ဆ​ဋ္ဌ​မ​ရက် — ဂဒ် — ဒွေ​လ​၏​သား​ဧ​လျာ​သပ် သတ္တမ​ရက် — ဧ​ဖ​ရိမ် — အ​မိ​ဟုဒ်​၏​သား​ဧ​လိ​ရှ​မာ အ​ဋ္ဌ​မ​ရက် — မ​နာ​ရှေ — ပေ​ဒါ​ဇု​ရ​၏​သား ဂါ​မ​လျေ​လ န​ဝ​မ​ရက် — ဗင်္ယာ​မိန် — ဂိ​ဒေါ​နိ​၏​သား​အ​ဘိ​ဒန် ဒ​သ​မ​ရက် — ဒန် — အ​မိ​ရှဒ္ဒဲ​၏​သား​အ​ဟေ​ဇာ ဧ​က​ဒ​သ​မ​ရက် — အာ​ရှာ — သြ​က​ရန်​၏​သား​ပါ​ဂျေ​လ ဒွါ​ဒ​သ​မ​ရက် — န​ဿ​လိ — ဧ​နန်​၏​သား​အ​ဟိ​ရ သူ​တို့​တစ်​ဦး​စီ​ဆက်​သ​သော​ပူ​ဇော်​သကာ များ​သည် ထပ်​တူ​ထပ်​မျှ​ဖြစ်​၏။ ယင်း​တို့​မှာ တ​ရား​ဝင်​ချင်​တွယ်​နည်း​အ​ရ​အောင်​စ​ငါး ဆယ်​အ​လေး​ချိန်​ရှိ ငွေ​ဖ​လား​တစ်​လုံး​နှင့် အောင်​စ​သုံး​ဆယ်​အ​လေး​ချိန်​ရှိ​ငွေ​အင်​တုံ တစ်​လုံး (ယင်း​ငွေ​ခွက်​နှစ်​ခု​စလုံး​တွင် ဘော​ဇဉ် သကာ​အ​တွက်​ဆီ​နှင့်​ရော​သော​မုန့်​ညက်​အ​ပြည့် ပါ​ရှိ​သည်။) နံ့​သာ​ပေါင်း​အ​ပြည့်​ရှိ​သော အ​လေး​ချိန်​လေး​အောင်​စ​ရှိ​ရွှေ​လင်​ပန်း တစ်​ချပ်၊ မီး​ရှို့​ရာ​ယဇ်​အ​တွက်​နွား​ထီး​ပေါက် တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်​နှင့်​တစ်​နှစ်​သား သိုး​က​လေး​တစ်​ကောင်၊ အ​ပြစ်​ဖြေ​ရာ​ယဇ် အ​တွက်​ဆိတ်​တစ်​ကောင်၊ မိတ်​သ​ဟာ​ယ​ယဇ် အ​တွက်​နွား​ထီး​နှစ်​ကောင်၊ သိုး​ထီး​ငါး ကောင်၊ ဆိတ်​ငါး​ကောင်​နှင့်​တစ်​နှစ်​သား​သိုး က​လေး​ငါး​ကောင်​စ​သည်​တို့​ဖြစ်​သည်။
84ယဇ်​ပလ္လင်​ကို​အ​နု​မော​ဒ​နာ​ပြု​ရာ​၌ ဣ​သ ရေ​လ​အ​မျိုး​ခေါင်း​ဆောင်​တစ်​ဆယ့်​နှစ်​ဦး တို့​ယူ​ဆောင်​ခဲ့​ကြ​သော​လှူ​ဖွယ်​ပစ္စည်း​စု​စု ပေါင်း​မှာ၊ -အ​လေး​ချိန်​စုစု​ပေါင်း​ပေါင်​ခြောက်​ဆယ်​ရှိ​သော ငွေ​ဖ​လား​တစ်​ဆယ့်​နှစ်​လုံး​နှင့်​ငွေ​အင်​တုံ​တစ် ဆယ့်​နှစ်​လုံး၊ -နံ့​သာ​ပေါင်း​အ​ပြည့်​ရှိ​သော​အ​လေး​ချိန် စု​စု​ပေါင်း​လေး​ဆယ့်​ရှစ်​အောင်​စ​ရှိ​ရွှေ​လင် ပန်း​တစ်​ဆယ့်​နှစ်​ချပ်၊ -မီး​ရှို့​ရာ​ယဇ်​အ​တွက်​နွား​ထီး​တစ်​ဆယ့်​နှစ် ကောင်၊ သိုး​ထီး​တစ်​ဆယ့်​နှစ်​ကောင်၊ တစ်​နှစ်​သား သိုး​က​လေး​တစ်​ဆယ့်​နှစ်​ကောင်​နှင့် ယင်း​တို့ နှင့်​သက်​ဆိုင်​သော​ဘော​ဇဉ်​သကာ​များ၊ -အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​တွက်​ဆိတ်​တစ်​ဆယ့် နှစ်​ကောင်။ -မိတ်​သ​ဟာ​ယ​ယဇ်​အ​တွက်​နွား​ထီး​နှစ်​ဆယ့် လေး​ကောင်၊​သိုး​ထီး​အ​ကောင်​ခြောက်​ဆယ်၊ဆိတ် အ​ကောင်​ခြောက်​ဆယ်၊တစ်​နှစ်​သား​သိုး​က​လေး အ​ကောင်​ခြောက်​ဆယ်​စ​သည်​တို့​ဖြစ်​ကြ​သည်။
← Chapter 6 Chapter 8 →