bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese JBZV
/
Esther 6
Esther 6
Burmese JBZV
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 7 →
1
ထိုနေ့ညမှာ ရှင်ဘုရင်သည် စက်တော်ခေါ်၍ မပျော်နိုင်သောကြောင့်၊ နန်းတော်မှတ်စာကိုယူခဲ့ဟု မိန့်တော်မူ၍ ရှေ့တော်၌ ဖတ်ရကြ၏။
2
ရှင်ဘုရင် အာရွှေရုကို လုပ်ကြံမည်ဟု ရှာကြံသော နန်းတော်မိန်းမစိုး၊ တံခါးစောင့်နှစ်ယောက်၊ ဗိဂသန်နှင့် တေရက်အကြံကို မော်ဒကဲဖော်ပြကြောင်းကို တွေ့လျှင်၊
3
ရှင်ဘုရင်က၊ ထိုအကြံကို ဖော်ပြသောကြောင့်၊ မော်ဒကဲအား အဘယ်ဆု အဘယ်အရာကို ပေးပြီနည်းဟု မေးတော်မူသော်၊ အထံတော်၌ ခစားသော ကျွန်တော်တို့က၊ အဘယ်ဆုကိုမျှ ပေးတော်မမူပါသေးဟု ပြန်လျှောက်ကြ၏။
4
ရှင်ဘုရင်ကလည်း၊ တံတိုင်းတွင်း၌ အဘယ်သူရှိသနည်းဟု မေးတော်မူလျှင်၊ ဟာမန်သည် မိမိလုပ်နှင့်သော လည်ဆွဲချတိုင်၌ မော်ဒကဲကို လည်ဆွဲချရမည်အကြောင်း၊ နန်းတော်ပြင် တံတိုင်းတွင်းသို့ ဝင်မိသည်ဖြစ်၍၊
5
ရှင်ဘုရင်၏ ကျွန်တို့က၊ ဟာမန်သည် တံတိုင်းတော်တွင်း၌ရှိပါ၏ဟု လျှောက်ကြသော်၊ အထဲသို့ဝင်စေဟု မိန့်တော်မူ၏။
6
ဟာမန်သည် ဝင်လျှင် ရှင်ဘုရင်က၊ ရှင်ဘုရင် ချီးမြှောက်လိုသောသူ၌ အဘယ်သို့ပြုသင့်သနည်းဟု မေးတော်မူလျှင်၊ ဟာမန်က ငါမှတစ်ပါး၊ ရှင်ဘုရင်သာ၍ ချီးမြှောက်လိုသောသူ တစ်စုံတစ်ယောက် ရှိနိုင်သလောဟု စိတ်ထဲမှာအောက်မေ့လျက်၊
7
ရှင်ဘုရင်ချီးမြှောက်ခြင်းငှာ အလိုတော်ရှိသောသူအဖို့၊
8
ရှင်ဘုရင် ဝတ်ဆင်တော်မူသော မင်းမြောက်တန်ဆာ၊ ရှင်ဘုရင်စီးတော်မူသော မြင်းတော်၊ ဆောင်းတော်မူသော ရာဇသရဖူကိုယူခဲ့၍၊
9
ထိုတန်ဆာတော်နှင့် မြင်းတော်ကို ဘုန်းကြီးသော မှူးတော်မတ်တော်တစ်ပါး၌ အပ်ပြီးမှ၊ ရှင်ဘုရင် ချီးမြှောက်ခြင်းငှာ၊ အလိုတော်ရှိသောသူကို ထိုအဝတ် တန်ဆာတော်နှင့် ဝတ်ဆင်စေ၍၊ မြင်းတော်ကို စီးစေပြီးလျှင်၊ မြို့တော်လမ်းမ၌ ဆောင်သွားလျက်၊ ရှင်ဘုရင် ချီးမြှောက်ခြင်းငှာ အလိုတော်ရှိသောသူ၌ ဤသို့ပြုရသည်ဟု သူ့ရှေ့မှာ ကြွေးကြော်ပါစေဟု ရှင်ဘုရင်အား ပြန်လျှောက်လေ၏။
10
ထိုအခါ ရှင်ဘုရင်က၊ သင်ပြောသည်အတိုင်း အလျင်အမြန်သွား၍၊ အဝတ်တန်ဆာနှင့် မြင်းတော်ကိုယူပြီးလျှင်၊ ယုဒအမျိုးသား၊ နန်းတော်တံခါးမှူး မော်ဒကဲ၌ ပြုလော့။ သင်ပြောသမျှတွင်၊ တစ်စုံတစ်ခုမျှ မလပ်စေနှင့်ဟု ဟာမန်အား မိန့်တော်မူ၏။
11
ထိုအခါ ဟာမန်သည် အဝတ်တန်ဆာတော်နှင့် မြင်းတော်ကိုယူ၍၊ မော်ဒကဲကို ဝတ်ဆင်စေပြီးလျှင်၊ မြင်းတော်ကိုစီးစေသဖြင့်၊ မြို့တော်လမ်းမ၌ ဆောင်သွားလျက် ရှင်ဘုရင်ချီးမြှောက်ခြင်းငှာ အလိုတော်ရှိသောသူ၌ ဤသို့ပြုရသည်ဟု သူ့ရှေ့မှာ ကြွေးကြော်၏။
12
သို့ပြီးမှ၊ မော်ဒကဲသည် နန်းတော်တံခါးသို့ ပြန်လာ၏။ ဟာမန်မူကား ညည်းတွားလျက် ခေါင်းကိုခြုံလျက်၊ မိမိအိမ်သို့ အလျင်အမြန်သွားပြီးလျှင်၊
13
မိမိ၌ဖြစ်လေသမျှကို မယားဇေရက်နှင့် အဆွေခင်ပွန်းရှိသမျှတို့အား ကြားပြောလေ၏။ မယားဇေရက်နှင့် ဟာမန်၏အဆွေ ပညာရှိတို့ကလည်း၊ ကိုယ်တော်ရှုံးစရှိသော မော်ဒကဲသည်၊ ယုဒအမျိုးမှန်လျှင်၊ ကိုယ်တော်သည် သူ့ကိုမနိုင်။ သူ့ရှေ့မှာ ဧကန်အမှန်ရှုံးရမည်ဟု ပြန်ပြောကြ၏။
14
ထိုသို့ပြောဆိုစဉ်တွင်၊ နန်းတော်မိန်းမစိုးတို့သည် လာ၍ ဧသတာပြင်ဆင်သောပွဲသို့ ဟာမန်ကို အလျင်အမြန် ခေါ်သွားကြ၏။
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9
10