bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Hosea 10
Hosea 10
Burmese MSBU
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 11 →
1
အစ္စရေးသည် အသီးများစွာသီးသောစပျစ်ပင်နှင့် တူ၏။ ကိုယ့်အဖို့သာ သီး၏။ အသီးများစွာသီးလေလေ ယဇ်ပလ္လင်များစွာ တည်လေလေ၊ တိုင်းပြည်သာယာဝပြောလေလေ အထွတ်အမြတ်ထားရာကျောက်တိုင်များလည်း ပို၍ကောင်းအောင်စိုက်ထူကြလေလေ ဖြစ်၏။
2
သူတို့သည် စိတ်နှလုံးမိုက်မဲကြ၏။ ယခုမှာ အပြစ်ဒဏ်ခံရတော့မည်။ ကိုယ်တော်သည် သူတို့၏ယဇ်ပလ္လင်တို့ကို ဖြိုချပြီး အထွတ်အမြတ်ကျောက်တိုင်တို့ကို ဖျက်ဆီးတော်မူမည်။
3
သူတို့က “ငါတို့သည် ထာဝရဘုရားကို မကြောက်ရွံ့ကြသောကြောင့် ငါတို့၌ ရှင်ဘုရင်မရှိတော့ပြီ။ ရှင်ဘုရင်ရှိလျှင်လည်း ငါတို့အဖို့ မည်သို့ပြုပေးနိုင်မည်နည်း”ဟု ဆိုကြလိမ့်မည်။
4
သူတို့ပြောသောစကားသည် စကားသက်သက်သာ ဖြစ်၏။ ပဋိညာဉ်ဖွဲ့ရာ၌ အချည်းနှီးကျိန်ဆိုကြ၏။ ထို့ကြောင့် တရားစီရင်ခြင်းသည် ထွန်ကြောင်းပေါ်တွင် ပေါက်သောအဆိပ်ပင်ကဲ့သို့ ဖြစ်လိမ့်မည်။
5
ရှမာရိမြို့သားတို့သည် ဗေသဝင်နွားမတမ်းရုပ်တုကြောင့် ကြောက်ရွံ့နေကြ၏။ ထိုရုပ်တု၏ဘုန်းအသရေကွယ်ပျောက်သွားပြီဖြစ်၍ ရှမာရိမြို့သားများသည် ငိုကြွေး၍ ထိုရုပ်တု၌မွေ့လျော်သောယဇ်ပုရောဟိတ်များသည် မြည်တမ်းကြလိမ့်မည်။
6
ထိုရုပ်တုသည် အဆီးရီးယားပြည်ရှိ ယာရက်မင်းကြီးထံသို့ လက်ဆောင်အဖြစ် ယူဆောင်သွားခြင်း ခံရလိမ့်မည်။ ဧဖရိမ်သည် အရှက်ကွဲရလိမ့်မည်။ အစ္စရေးသည် မိမိအကြံအစည်ကြောင့် အရှက်ခွဲခံရလိမ့်မည်။
7
ရှမာရိသည် ပျက်စီး၍ သူ၏ဘုရင်သည်လည်း ရေပြင်ပေါ် မျောပါသွားသောသစ်ခက်ကဲ့သို့ ဖြစ်ရလိမ့်မည်။
8
အစ္စရေးအပြစ်ပြုရာဖြစ်သည့် အာဝင်မြို့ရှိအထွတ်အမြတ်ထားရာနေရာတို့သည် ဖျက်ဆီးခြင်းခံရမည်။ သူတို့၏ယဇ်ပလ္လင်များကိုလည်း ဆူးပင်နှင့် ဆူးလေပင်များက ဖုံးလွှမ်းနေလိမ့်မည်။ ထိုအခါ သူတို့က တောင်များအား “ငါတို့ကို ဖုံးအုပ်ကြပါ” တောင်ကုန်းများအား “ငါတို့အပေါ် ပြိုကျကြပါ”ဟု ဆိုကြလိမ့်မည်။
9
“အို အစ္စရေး၊ သင်သည် ဂိဗာမြို့တွင်နေစဉ်ကာလ အပြစ်ပြုကြ၏။ အပြစ်ပြုသူတို့သည် ထိုအရပ်၌ ဆက်နေကြ၏။ ဂိဗာမြို့တွင် စစ်ဖြစ်စဉ်က သူတို့ကို မနှိမ်နင်းနိုင်ခဲ့ပေ။
10
ငါစိတ်တိုင်းကျ သူတို့ကို ဆုံးမမည်။ သူတို့ကျူးလွန်ခဲ့သောအပြစ်နှစ်မျိုးထဲ၌ နစ်မွန်းနေစဉ် လူမျိုးခြားတို့သည် စုရုံး၍ သူတို့ကိုဆန့်ကျင်တိုက်ခိုက်ကြလိမ့်မည်။
11
ဧဖရိမ်အမျိုးသည် တလင်းနယ်ရာတွင် ကျင့်သားရသောနွားမတမ်းဖြစ်၏။ တလင်းနယ်ရသည်ကိုလည်းနှစ်သက်သဖြင့် ငါသည် ချောမွတ်သောသူ့လည်ပင်းပေါ်တွင် ထမ်းပိုးတင်မည်။ ငါသည် ဧဖရိမ်အမျိုးကို ထမ်းပိုးထမ်းစေမည်။ ယုဒအမျိုးကို လယ်ထွန်စေမည်။ ယာကုပ်အမျိုးကို ထယ်ထိုးစေမည်။”
12
ထာဝရဘုရားကို ရှာဖို့ အချိန်တန်ပြီ။ ထာဝရဘုရားသည် ကြွလာ၍ သင်တို့အပေါ် ဖြောင့်မတ်ခြင်းမိုးကို မရွာစေမီတိုင်အောင် သင်တို့သည် ဖြောင့်မတ်ခြင်းမျိုးစေ့ကိုကြဲ၍ မေတ္တာကရုဏာအသီးကို ရိတ်သိမ်းကြလော့။ ပလပ်မြေကို ထွန်ယက်ကြလော့။
13
သင်တို့သည် ဆိုးယုတ်မှုကို စိုက်ပျိုးသောကြောင့် မတရားမှုကိုရိတ်သိမ်းရ၏။ မုသားအသီးကို စားရ၏။ အကြောင်းမှာ ကိုယ့်နည်းလမ်း၊ ကိုယ့်စစ်သူရဲအလုံးအရင်းကိုသာ ယုံကြည်အားကိုးကြ၏။
14
ရှာလမန်မင်းကြီးသည် ဗေသာဗေလမြို့ကို တိုက်ခိုက်ဖျက်ဆီးစဉ်က မိခင်နှင့် သားသမီးများကိုင်ပေါက်ခံရသကဲ့သို့ သင်၏လူမျိုးတို့တွင် အုတ်အုတ်ကျက်ကျက်အသံများ ထွက်ပေါ်လာလိမ့်မည်။ သင်၏ခံတပ်မြို့များသည်လည်း ဖျက်ဆီးခြင်းခံရမည်။
15
အို ဗေသလမြို့၊ သင်တို့ပြုခဲ့သောမကောင်းမှုဒုစရိုက်များကြောင့် သင်တို့၌ ထိုသို့ဖြစ်လိမ့်မည်။ အရုဏ်ဦး၌ပင် အစ္စရေးဘုရင်သည် ရှင်းရှင်းဖျက်ဆီးခြင်းခံရမည်။
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14