bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Hosea 9
Hosea 9
Burmese MSBU
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 10 →
1
အို အစ္စရေး၊ လူမျိုးခြားတို့ကဲ့သို့ မရွှင်လန်း၊ မဝမ်းမြောက်နှင့်။ သင်တို့သည် ဖောက်ပြန်မှားယွင်းကြပြီ။ ဘုရားသခင်ကို စွန့်ပစ်ကြပြီ။ ကောက်နယ်တလင်းရှိသမျှတို့တွင် ပြည့်တန်ဆာလုပ်၍ရသောအခကို နှစ်သက်လေပြီ။
2
ကောက်နယ်တလင်းများ၊ စပျစ်သီးနယ်ရာကျင်းများသည် သူတို့ကို ကျွေးမွေးမည်မဟုတ်။ စပျစ်ဝိုင်အသစ်သည်လည်း သူတို့အဖို့ လုံလောက်မည်မဟုတ်။
3
သူတို့သည် ထာဝရဘုရား၏ပြည်တွင် နေရတော့မည်မဟုတ်။ ဧဖရိမ်သည် အီဂျစ်ပြည်သို့ပြန်သွားရလိမ့်မည်။ အဆီးရီးယားပြည်တွင် မစင်ကြယ်သောအစာကို စားရလိမ့်မည်။
4
သူတို့သည် စပျစ်ဝိုင်ကို ထာဝရဘုရားထံ သွန်းလောင်းပူဇော်ရမည်မဟုတ်။ သူတို့၏ပူဇော်သက္ကာတို့ကိုလည်း ကိုယ်တော်လက်ခံတော်မူမည်မဟုတ်။ ထိုပူဇော်သက္ကာသည် သူတို့အဖို့ အသုဘအစာကဲ့သို့ ဖြစ်၏။ စားသောသူအားလုံး ညစ်ညူးခြင်းသို့ ရောက်လိမ့်မည်။ အကယ်စင်စစ် ထိုအစာသည် သူတို့စားဖို့သာ ဖြစ်၏။ ထာဝရဘုရားအိမ်တော်သို့ မယူဆောင်လာရ။
5
သတ်မှတ်ထားသောပွဲတော်နေ့၊ ထာဝရဘုရားအဖို့ပွဲတော်နေ့တွင် သင်တို့ မည်သို့ပြုကြမည်နည်း။
6
ပျက်စီးခြင်းဘေးကြောင့် သူတို့ထွက်ပြေးသော်လည်း အီဂျစ်ပြည်သည် သူတို့ကိုစုသိမ်းလိမ့်မည်။ မင်ဖိမြို့သည် သူတို့ကိုသင်္ဂြိုဟ်လိမ့်မည်။ သူတို့တန်ဖိုးထားသောငွေတို့ကို ဖက်ယားပင် ဖုံးလွှမ်းသွားလိမ့်မည်။ သူတို့၏တဲများကိုလည်း ဆူးပင်ဖုံးလွှမ်းသွားလိမ့်မည်။
7
စစ်ကြောရာနေ့ ရောက်လာပြီ။ ဒဏ်ပေးရာနေ့ ရောက်လာပြီ။ ဤအကြောင်းကို အစ္စရေးအား သိစေလော့။ သင်တို့သည် အပြစ်ကြီးပြီး မုန်းတီးစိတ်ပြင်းထန်လွန်းသောကြောင့် ပရောဖက်တို့လည်း ဆိုးမိုက်ရလေပြီ။ ဝိညာဉ်လူတို့လည်း ရူးသွပ်ရလေပြီ။
8
ဧဖရိမ်၏ကင်းစောင့်သည် ဘုရားသခင်နှင့်အတူရှိ၏။ သို့သော် ပရောဖက်သွားရာလမ်းတစ်လျှောက်လုံးတွင် မုဆိုးကျော့ကွင်းရှိ၏။ ဘုရားသခင်၏အိမ်တော်တွင်လည်း မုန်းတီးခြင်းများ ရှိ၏။
9
သူတို့သည် ဂိဗာမြို့သားတို့လက်ထက်ကကဲ့သို့ အလွန်အကျင့်ပျက်ပြားကြ၏။ ကိုယ်တော်သည် သူတို့၏ဒုစရိုက်များကို မှတ်ထားပြီး သူတို့၏အပြစ်များကို ဒဏ်ခတ်တော်မူမည်။
10
“တောကန္တာရရှိ စပျစ်သီးကဲ့သို့ အစ္စရေးကို ငါတွေ့ခဲ့၏။ အဦးဆုံးသီး၍ အဦးဆုံးမှည့်သောသဖန်းသီးကဲ့သို့ သင်တို့၏ဘိုးဘေးတို့ကိုလည်း ငါမြင်ခဲ့၏။ သို့သော် သူတို့သည် ဗာလပေဂုရဘုရားထံသို့သွားပြီး မိမိတို့ကိုယ်ကို ရှက်ဖွယ်သောအရာလက်သို့ အပ်လိုက်ကြ၏။ ထို့ကြောင့် သူတို့သည် သူတို့ချစ်သောအရာကဲ့သို့ ရွံရှာဖွယ်ရာဖြစ်လေ၏။
11
ဧဖရိမ်၏ဂုဏ်သရေသည် ငှက်ကဲ့သို့ ပျံသန်းသွားလိမ့်မည်။ သားဖွားခြင်း၊ ကိုယ်ဝန်ဆောင်ခြင်း၊ သန္ဓေတည်ခြင်း မရှိရ။
12
အကယ်၍ သားသမီးမွေးလျှင်လည်း အားလုံးကို ငါဆုံးပါးစေမည်။ သူတို့ကို ငါစွန့်ပစ်သောအခါ သူတို့ အမင်္ဂလာဖြစ်လိမ့်မည်။
13
ဧဖရိမ်ကို ငါတွေ့စဉ်က တိုင်ရာမြို့ကဲ့သို့ စားကျက်မြေ၌ပေါက်သောအပင်နှင့်တူ၏။ သို့သော် ဧဖရိမ်သည် သူ့သားသမီးတို့ကို လူသတ်သမားထံ ခေါ်ထုတ်လာရတော့မည်။”
14
အို ထာဝရဘုရား၊ သူတို့အား ပေးတော်မူပါ။ သူတို့အား မည်သည့်အရာပေးတော်မူမည်နည်း။ သူတို့အား ကိုယ်ဝန်ပျက်သောဝမ်း၊ နို့မထွက်သောသားမြတ်ကို ပေးတော်မူပါ။
15
“ဂိလဂါလမြို့၌ မကောင်းမှုမှန်သမျှကို ပြုကြသောကြောင့် သူတို့ကို ငါမုန်း၏။ သူတို့ပြုသောမကောင်းမှုများကြောင့် သူတို့ကို မချစ်တော့ဘဲ ငါ့အိမ်တော်မှနှင်ထုတ်မည်။ သူတို့၏အကြီးအကဲတို့သည် ခေါင်းမာသောအမျိုး ဖြစ်၏။
16
ဧဖရိမ်သည် ဒဏ်ခတ်ခံရသဖြင့် အမြစ်ခြောက်သွေ့ကာ အသီးမသီးနိုင်သောအပင်ကဲ့သို့ ဖြစ်၏။ သားဖွားလျှင်လည်း သူချစ်မြတ်နိုးသောသားကို ငါကွပ်မျက်မည်။”
17
သူတို့သည် ဘုရားသခင်၏စကားတော်ကို မနာခံသောကြောင့် ကိုယ်တော်သည် သူတို့ကို စွန့်ပစ်တော်မူမည်။ သူတို့သည် လူမျိုးခြားတို့တွင် လှည့်လည်သွားလာရလိမ့်မည်။
← Chapter 8
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 10 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14