bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Hosea 6
Hosea 6
Burmese MSBU
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 7 →
1
လာကြ၊ ထာဝရဘုရားထံ ပြန်လှည့်ကြစို့။ ကိုယ်တော်သည် ငါတို့ကို အပိုင်းပိုင်းဆွဲဖဲ့သော်လည်း ပြန်လည်ကုသပေးတော်မူမည်။ ဒဏ်ရာရစေသော်လည်း အနာကိုပတ်စည်းပေးတော်မူမည်။
2
နှစ်ရက်လွန်ပြီးနောက် ငါတို့ကို ပြန်လည်ရှင်သန်စေတော်မူမည်။ သုံးရက်မြောက်သောနေ့တွင် ငါတို့ကို ပြန်လည်ထမြောက်စေတော်မူမည်ဖြစ်၍ ငါတို့သည်လည်း ကိုယ်တော့်ရှေ့တော်တွင် အသက်ရှင်ခွင့်ရကြလိမ့်မည်။
3
ထာဝရဘုရားအား သိကျွမ်းဖို့ ကြိုးစားအားထုတ်ကြကုန်စို့။ ကိုယ်တော်သည် အရုဏ်ဦးအလင်းကဲ့သို့ ထွက်ပေါ်လာမည်။ မြေပေါ်သို့ရွာချသော မိုးဦး၊ မိုးနှောင်းကဲ့သို့ ရောက်လာမည်။
4
“အို ဧဖရိမ်၊ သင့်ကို ငါမည်သို့ပြုရမည်နည်း။ အို ယုဒ၊ သင့်ကို ငါမည်သို့ပြုရမည်နည်း။ သင်တို့၏မေတ္တာသည် နံနက်အချိန်၌ကျသောမြူခိုးကဲ့သို့၊ စောစောပြယ်လွင့်သွားသောနှင်းကဲ့သို့ ဖြစ်ပါသည်တကား။
5
ထို့ကြောင့် သူတို့ကို ပရောဖက်များအားဖြင့် ချိုင်ပစ်ပြီ။ ငါ့နှုတ်ထွက်စကားများအားဖြင့် ကွပ်မျက်ပစ်ပြီ။ ငါ၏စီရင်ချက်တို့သည် နေ့အလင်းကဲ့သို့ ထွန်းလင်းတောက်ပ၏။
6
အကြောင်းမူကား ငါသည် ယဇ်ပူဇော်ခြင်းထက် မေတ္တာကရုဏာကို နှစ်သက်၏။ မီးရှို့ရာယဇ်ထက် ဘုရားသခင်နှင့်သိကျွမ်းခြင်းကို နှစ်သက်၏။
7
သို့သော် သူတို့သည် အာဒံကဲ့သို့ပင် ပဋိညာဉ်ကိုချိုးဖောက်ပြီး ထိုအရပ်တွင် ငါ့ကို သစ္စာဖောက်ကြပြီ။
8
ဂိလဒ်မြို့သည် ဒုစရိုက်သမားတို့၏မြို့ ဖြစ်၏။ သွေးစွန်းသောခြေရာများနှင့် ပြည့်နေ၏။
9
လူကိုချောင်းမြောင်းတိုက်ခိုက်သောဓားပြကဲ့သို့ ယဇ်ပုရောဟိတ်အုပ်စုသည် ရှေခင်မြို့လမ်းတွင် လူကိုသတ်၏။ သူတို့သည် ရှက်ဖွယ်အမှုကို ပြုကြ၏။
10
အစ္စရေးအမျိုးအနွယ်၌ ကြောက်မက်ဖွယ်သောအမှုကို ငါမြင်ရပြီ။ ဧဖရိမ်သည် ပြည့်တန်ဆာလုပ်လေပြီ။ အစ္စရေးသည် ကိုယ်ကိုညစ်ညူးစေလေပြီ။
11
ထိုမှတစ်ပါး အို ယုဒ၊ ဖမ်းခေါ်သွားခြင်းခံရသောငါ့လူမျိုးတော်ကို ပြန်ခေါ်လာသောအခါ သင့်အဖို့ ရိတ်သိမ်းချိန်ကို သတ်မှတ်ထားပြီးဖြစ်၏။
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14