bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Hosea 4
Hosea 4
Burmese MSBU
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 5 →
1
အို အစ္စရေးအမျိုးသားတို့၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။ ထာဝရဘုရားသည် ပြည်သူပြည်သားတို့ကို စွဲချက်တင်လေပြီ။ “တိုင်းပြည်တွင် သစ္စာတရားမရှိ၊ မေတ္တာကရုဏာမရှိ၊ ဘုရားသခင်ကိုသိကျွမ်းခြင်းမရှိ။
2
တိုင်းပြည်သည် ကျိန်ဆိုခြင်း၊ လိမ်ညာခြင်း၊ လူသတ်ခြင်း၊ ခိုးယူခြင်း၊ အိမ်ထောင်ရေးဖောက်ပြန်ခြင်းတို့ဖြင့် ပြည့်နှက်လျက်ရှိ၏။ လူသတ်မှုကို အထပ်ထပ်ကျူးလွန်ကြ၏။
3
ထို့ကြောင့် တိုင်းပြည်သည် ငိုကြွေးမြည်တမ်းလိမ့်မည်။ ပြည်သူပြည်သားများလည်း ချုံးချုံးကျကုန်လိမ့်မည်။ တောရိုင်းတိရစ္ဆာန်များ၊ မိုးကောင်းကင်ငှက်များနှင့် ပင်လယ်ငါးများပါမကျန် သေကျေကြလိမ့်မည်။
4
သို့သော် အဘယ်သူကိုမျှ အပြစ်မတင်နှင့်။ အဘယ်သူကိုမျှ မဆုံးမနှင့်။ သင်၏လူတို့သည် ယဇ်ပုရောဟိတ်ကို အပြစ်တင်သောသူဖြစ်၏။
5
သင်သည် နေ့အချိန်၌ ခလုတ်တိုက်လဲလိမ့်မည်။ ညအချိန်တွင် ပရောဖက်သည်လည်း သင်နှင့်အတူ ခလုတ်တိုက်လဲလိမ့်မည်။ သင့်အမိကိုလည်း ငါဖျက်ဆီးမည်။
6
ငါ့လူမျိုးတော်သည် အသိပညာမဲ့သောကြောင့် ပျက်စီးရလေပြီ။ သင်သည် အသိပညာကို ငြင်းပယ်သောကြောင့် သင့်ကို ယဇ်ပုရောဟိတ်အဖြစ်မှ ငါစွန့်ပယ်မည်။ သင်သည် ဘုရားသခင်၏ပညတ်တရားတော်ကို မေ့လျော့သောကြောင့် သင့်သားသမီးတို့ကို ငါမေ့လျော့မည်။
7
သူတို့သည် လူဦးရေတိုးလာသည်နှင့်အမျှ ငါ့ကိုဆန့်ကျင်၍ အပြစ်ပြုကြလေပြီ။ ထို့ကြောင့် သူတို့၏ဂုဏ်သရေကို အရှက်ကွဲခြင်းနှင့် လဲပစ်မည်။
8
ငါ့လူမျိုးတော်၏အပြစ်ဖြေရာယဇ်ကောင်ကို စားရသောကြောင့် လူတို့အပြစ်ပြုသည်ကို သူတို့နှစ်သက်သဘောကျကြ၏။
9
လူမျိုးတော်ခံရသကဲ့သို့ ယဇ်ပုရောဟိတ်လည်း ခံရမည်။ သူတို့လျှောက်သောလမ်းအတိုင်း သူတို့ကို ငါဒဏ်ခတ်မည်။ သူတို့၏အပြုအမူအတိုင်း သူတို့ကို ငါပြန်ပေးဆပ်စေမည်။
10
သူတို့သည် ထာဝရဘုရား၏စကားကိုမလိုက်နာ၊ ထာဝရဘုရားကိုစွန့်ပယ်သောကြောင့် အစာစားရသော်လည်း တင်းတိမ်မည်မဟုတ်၊ ပြည့်တန်ဆာလုပ်သော်လည်း သားသမီးထွန်းကားမည်မဟုတ်။
11
ဖောက်ပြန်မှားယွင်းခြင်းနှင့် စပျစ်ဝိုင်အဟောင်း၊ စပျစ်ဝိုင်အသစ်တို့သည် သူတို့၏အသိစိတ်ကို အနိုင်ယူသွားလေပြီ။
12
ငါ့လူမျိုးတော်သည် သစ်သားရုပ်တုကို မေးမြန်းတတ်၏။ တောင်ဝှေးသည်လည်း သူတို့ကို ပြောပြတတ်၏။ ပြည့်တန်ဆာပြုလိုစိတ်ကြောင့် လမ်းလွဲ၍ ဘုရားသခင်ကိုစွန့်ပယ်ကာ ပြည့်တန်ဆာလုပ်ကြ၏။
13
သူတို့သည် တောင်ထိပ်များပေါ်တွင် ယဇ်ပူဇော်ပြီး တောင်ကုန်းများပေါ်တွင်လည်းကောင်း၊ အရိပ်ကောင်းသောဝက်သစ်ချပင်၊ ပေါ့ပလာပင်၊ သပိတ်ပင်တို့အောက်တွင်လည်းကောင်း နံ့သာပေါင်းကို မီးရှို့ပူဇော်ကြ၏။ ထို့ကြောင့် သင်တို့၏သမီးတို့သည် ပြည့်တန်ဆာလုပ်ပြီး ချွေးမတို့သည် အိမ်ထောင်ရေးဖောက်ပြန်ကြ၏။
14
ပြည့်တန်ဆာလုပ်သောသင်တို့၏သမီးများ၊ အိမ်ထောင်ရေးဖောက်ပြန်ကြသောသင်တို့၏ချွေးမများကို ငါဒဏ်မခတ်။ အကြောင်းမှာ ယောက်ျားများကိုယ်တိုင် ပြည့်တန်ဆာတို့နှင့်ပေါင်းဖော်ကြ၏။ ဗိမာန်ပြည့်တန်ဆာတို့နှင့်အတူ ယဇ်ပူဇော်ကြ၏။ ထို့ကြောင့် အသိဉာဏ်မရှိသောသူတိုင်း ပျက်စီးရလိမ့်မည်။
15
အို အစ္စရေး၊ သင်သည် ပြည့်တန်ဆာလုပ်ရာတွင် ယုဒအပေါ် အပြစ်မသက်ရောက်စေနှင့်။ ဂိလဂါလမြို့သို့ မသွားနှင့်။ ဗေသဝင်မြို့သို့ တက်မသွားနှင့်။ ‘ထာဝရဘုရား အသက်ရှင်တော်မူသည်နှင့်အညီ’ဟု မကျိန်ဆိုနှင့်။
16
နွားမတမ်းခေါင်းမာသကဲ့သို့ အစ္စရေးသည်လည်း ခေါင်းမာ၏။ ထာဝရဘုရားသည် သူတို့ကို သိုးသငယ်ကဲ့သို့ စားကျက်ပြင်တွင် ထိန်းကျောင်းဦးမည်လော။
17
ဧဖရိမ်အမျိုးသည် ရုပ်တုများနှင့် တစ်သားတည်းဖြစ်လေပြီ။ သူ့ကို ရှိစေတော့။
18
သူတို့သည် စပျစ်ဝိုင်ယစ်မူးပြီး ပြည့်တန်ဆာနှင့်ဖောက်ပြန်မှားယွင်းကြ၏။ သူတို့၏အကြီးအကဲတို့သည်လည်း ရှက်ဖွယ်အမှုကို အလွန်နှစ်သက်ကြ၏။
19
လေသည် သူတို့ကို အတောင်ပံများနှင့်ရစ်ပတ်လေပြီ။ သူတို့ပူဇော်သောယဇ်များကြောင့် အရှက်ကွဲရကြလိမ့်မည်။
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14