bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Jonah 2
Jonah 2
Burmese MSBU
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 3 →
1
ယောနသည် ငါးကြီးဝမ်းထဲမှနေ၍ သူ၏ဘုရားသခင်ထာဝရဘုရားအား
2
“အကျွန်ုပ်သည် ဆင်းရဲဒုက္ခထဲတွင် ထာဝရဘုရားထံ အော်ဟစ်ဆုတောင်းသောအခါ ကိုယ်တော်နားညောင်းတော်မူ၏။ မရဏာနိုင်ငံတွင်းနက်ထဲမှ အကျွန်ုပ်အကူအညီအော်ဟစ်တောင်းခံသောအခါ အကျွန်ုပ်အသံကို ကိုယ်တော်ကြားတော်မူပါ၏။
3
ကိုယ်တော်သည် ပင်လယ်ရေနက်ထဲသို့ အကျွန်ုပ်ကိုပစ်ချလိုက်သောအခါ ရေသည် အကျွန်ုပ်ကို ဝိုင်းရံလျက်ရှိပါ၏။ လှိုင်းလုံးကြီးလှိုင်းလုံးငယ်တို့သည်လည်း အကျွန်ုပ်ကို လွှမ်းမိုးကြပါ၏။
4
ထိုအခါ ငါက ‘အကျွန်ုပ်သည် ကိုယ်တော့်ထံမှ နှင်ထုတ်ခံရသော်လည်း ကိုယ်တော်ရှိရာသန့်ရှင်းသောဗိမာန်တော်သို့ အကျွန်ုပ်မျှော်ကြည့်လျက်နေပါမည်’ဟု ဆို၏။
5
ရေသည် အကျွန်ုပ်ကိုဝိုင်းရံလျက် နက်ရှိုင်းသောရေထုကြီးသည် အကျွန်ုပ်အသက်ကိုလွှမ်းမိုးထားပါ၏။ ကျူရိုးများသည်လည်း အကျွန်ုပ်ဦးခေါင်းကို ပတ်ရစ်ကြပါ၏။
6
တောင်ခြေရင်းတိုင်အောင် အကျွန်ုပ်နစ်မြုပ်သွား၍ မြေကြီးသည် အကျွန်ုပ်ကို အစဉ်ကန့်လန့်ထိုးထားသော်လည်း အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရားသည် အကျွန်ုပ်အသက်ကို သေတွင်းမှ ကယ်နုတ်တော်မူပြီ။
7
အကျွန်ုပ်စိတ်ဝိညာဉ် ညှိုးငယ်သောအခါ ထာဝရဘုရားကို အောက်မေ့ပါ၏။ အကျွန်ုပ်ဆုတောင်းသံသည် ကိုယ်တော်ရှိရာသန့်ရှင်းသောဗိမာန်တော်သို့ ရောက်ပါ၏။
8
အချည်းနှီးသောရုပ်တုများထံ ဆည်းကပ်သောသူတို့သည် ကရုဏာတော်ကို စွန့်ပယ်သောသူများ ဖြစ်ကြပါ၏။
9
အကျွန်ုပ်မူကား ကိုယ်တော့်ထံ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကို ပူဇော်ပါမည်။ ကတိသစ္စာထားသည့်အတိုင်း ပြုပါမည်။ ကယ်တင်ခြင်းသည် ထာဝရဘုရားထံတော်မှ လာပါ၏”ဟု ဆုတောင်းလေ၏။
10
ထိုအခါ ထာဝရဘုရားသည် ငါးကို အမိန့်ပေးသဖြင့် ငါးသည် ကုန်းပေါ်တွင် ယောနကို အန်ထုတ်လေ၏။
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 3 →
All chapters:
1
2
3
4