bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Jonah 4
Jonah 4
Burmese MSBU
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
1
ယောနသည် ထိုအမှုအရာကို အလွန်ပင်ဘဝင်မကျနိုင်အောင်ဖြစ်လျက် အမျက်ထွက်ပြီး
2
ထာဝရဘုရားထံ “အို ထာဝရဘုရား၊ အကျွန်ုပ်၏နေရင်းပြည်၌ရှိစဉ်က ဤသို့ဖြစ်မည်ဟု အကျွန်ုပ်ပြောခဲ့သည်မဟုတ်ပါလော။ ထို့ကြောင့် ကျွန်ုပ်လည်း တာရှုပြည်သို့ အမြန်ထွက်ပြေးခဲ့ပါ၏။ စင်စစ် ကိုယ်တော်သည် ကျေးဇူးပြုတတ်သော၊ သနားစုံမက်တတ်သော၊ စိတ်ရှည်သော၊ မေတ္တာကရုဏာကြွယ်ဝသောဘုရား ဖြစ်တော်မူ၍ ဘေးဆိုးကျရောက်စေမည့်အမှုမှ စိတ်တော်ပြောင်းလဲတော်မူကြောင်းကို အကျွန်ုပ်သိပါ၏။
3
ထို့ကြောင့် အို ထာဝရဘုရား၊ အကျွန်ုပ်၏အသက်ကို ယခုပင်နုတ်ယူတော်မူပါ။ အကျွန်ုပ် အသက်ရှင်သည်ထက် သေသည်က သာ၍ကောင်းပါ၏”ဟု ဆုတောင်းလေ၏။
4
ထာဝရဘုရားကလည်း သူ့အား “သင်အမျက်ထွက်သင့်သလော”ဟု မေးတော်မူ၏။
5
ထိုအခါ ယောနသည် မြို့ပြင်သို့ထွက်သွား၍ မြို့အရှေ့ဘက်တွင် ထိုင်နေ၏။ ထိုနေရာတွင် ယာယီတဲထိုး၍ မြို့ထဲတွင် မည်သို့ဖြစ်ပျက်မည်ကို သိနိုင်ရန် တဲရိပ်အောက်တွင် ထိုင်ကြည့်နေ၏။
6
ဘုရားသခင်ထာဝရဘုရားသည် ထိုနေရာတွင် ယောနခေါင်းပေါ်အရိပ်ရရန် ကြက်ဆူပင်တစ်ပင်ကိုပေါက်စေခြင်းဖြင့် စိတ်ဒုက္ခဖြစ်ခြင်းမှ သက်သာစေ၏။ ယောနသည် ထိုကြက်ဆူပင်ကြောင့် ဝမ်းသာအားရ ဖြစ်လေ၏။
7
သို့သော် နောက်တစ်နေ့အရုဏ်တက်ချိန်တွင် ဘုရားသခင်သည် ထိုကြက်ဆူပင်အပေါ် ပိုးကောင်ကျစေ၍ ဖျက်ဆီးသဖြင့် အပင်မှာခြောက်သွေ့သွားလေ၏။
8
နေထွက်လာသောအခါ ဘုရားသခင်သည် အလွန်ပူပြင်းသောအရှေ့လေကို တိုက်ခတ်စေ၍ ယောနခေါင်းပေါ်သို့ နေပူရှိန်ကျသဖြင့် သူသည် မောပန်းပြီး သေချင်စိတ်ပေါက်လေ၏။ ထို့ကြောင့် သူက “အကျွန်ုပ်အသက်ရှင်သည်ထက် သေသည်က သာ၍ကောင်းပါ၏”ဟု ဆိုလေ၏။
9
ထိုအခါ ဘုရားသခင်က ယောနအား “ကြက်ဆူပင်ကြောင့် သင်အမျက်ထွက်သင့်သလော”ဟု မေးတော်မူလျှင် ယောနက “သေလုမတတ် အမျက်ထွက်သင့်ပါ၏”ဟု လျှောက်လေ၏။
10
ထာဝရဘုရားကလည်း “သင် မစိုက်ပျိုး၊ မပြုစုရဘဲ ညတွင်းချင်းပေါက်၍ ညတွင်းချင်းသေသွားသော ကြက်ဆူပင်ကို သင်နှမြောလျှင်
11
ငါသည် တိရစ္ဆာန်အများအပြားကို မဆိုထားနှင့်၊ မိမိလက်ဝဲလက်ယာကိုပင် ခွဲခြားမသိနိုင်သောလူတစ်သိန်းနှစ်သောင်းကျော်ရှိသောနိနေဝေမြို့ကြီးကို နှမြောသင့်သည်မဟုတ်လော”ဟု မိန့်တော်မူ၏။
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
All chapters:
1
2
3
4