bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Jonah 3
Jonah 3
Burmese MSBU
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 4 →
1
ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယောနထံသို့ ဒုတိယအကြိမ် ရောက်လာပြီး
2
“သင်ထ၍ နိနေဝေမြို့ကြီးသို့ သွားလော့။ ငါမိန့်မှာသောသတင်းစကားများကို ထိုမြို့အား ပြောကြားလော့”ဟု မိန့်ဆို၏။
3
ထိုအခါ ယောနသည် ထ၍ ထာဝရဘုရား၏အမိန့်တော်အတိုင်း နိနေဝေမြို့သို့ သွားလေ၏။ နိနေဝေမြို့သည် အလွန်ကြီးသောမြို့ဖြစ်၍ သုံးရက်ခရီးအကျယ်အဝန်းရှိ၏။
4
ယောနသည် မြို့ထဲသို့တစ်ရက်ခရီးသွားပြီးလျှင် ရပ်လျက် “နောက်ထပ်ရက်လေးဆယ်ကြာလျှင် နိနေဝေမြို့ကြီး ဖြိုလှဲခံရလိမ့်မည်”ဟု ဟစ်ကြော်လေ၏။
5
ထိုအခါ နိနေဝေမြို့သားတို့သည် ဘုရားသခင်ကို ယုံကြည်သဖြင့် အစာရှောင်ရာနေ့ကို ကြေညာပြီးလျှင် အကြီးဆုံးမှအငယ်ဆုံးတိုင်အောင် လျှော်တေအဝတ်ကိုဝတ်ကြ၏။
6
နိနေဝေဘုရင်သည် ထိုအကြောင်းကိုကြားသောအခါ ရာဇပလ္လင်ပေါ်မှဆင်းပြီး မင်းဝတ်တန်ဆာကိုချွတ်ကာ လျှော်တေအဝတ်ကိုခြုံ၍ ပြာပုံတွင် ထိုင်လေ၏။
7
ထို့နောက် ရှင်ဘုရင်သည် မင်းအရာရှိတို့နှင့်တိုင်ပင်ပြီး နိနေဝေမြို့တစ်မြို့လုံးသို့ ကြေညာသည်မှာ “လူမှစ၍ တိရစ္ဆာန်များဖြစ်သော သိုးနွားတို့သည် မည်သည့်အစာကိုမျှ မမြည်းရ။ မစားရ။ ရေလည်းမသောက်ရ။
8
လူမှစ၍ တိရစ္ဆာန်တို့သည် လျှော်တေအဝတ်ကိုဝတ်၍ ဘုရားသခင်ထံ စိတ်ပါလက်ပါနှင့်ဆုတောင်းကြစေ။ လူတိုင်း မိမိပြုသောမကောင်းမှုများ၊ ရက်စက်ကြမ်းကြုတ်မှုများကို ရှောင်ကြဉ်ကြစေ။
9
သို့ပြုလျှင် ဘုရားသခင်သည် ငါတို့ကို မဖျက်ဆီးဘဲ စိတ်တော်ပြောင်းလဲ၍ အမျက်တော်ပြေမည်၊ မပြေမည်ကို မည်သူသိနိုင်မည်နည်း”ဟူ၍ ဖြစ်၏။
10
သူတို့ပြုကျင့်သည့်မကောင်းသောလမ်းမှပြန်လှည့်လာကြကြောင်း သူတို့၏အပြုအမူများကို ဘုရားသခင် မြင်သောအခါ စိတ်တော်ပြောင်းလဲ၍ သူတို့အပေါ်ဘေးဆိုးကျရောက်စေမည်ဟု မိန့်တော်မူခဲ့သည်ကို ပြန်ရုပ်သိမ်းတော်မူ၏။
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 4 →
All chapters:
1
2
3
4