bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Revelation 1
Revelation 1
Burmese MSBU
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 2 →
1
ဤသည်ကား ယေရှုခရစ်တော်၏ဗျာဒိတ်တော်ဖြစ်၏။ ဤဗျာဒိတ်တော်သည် မကြာမီအတွင်းဖြစ်ပျက်ရမည့်အရာများကို မိမိ၏အစေအပါးတို့အားပြသရန် ခရစ်တော်၌ ဘုရားသခင်ပေးအပ်တော်မူသောအရာဖြစ်၏။ ခရစ်တော်သည် မိမိ၏ကောင်းကင်တမန်ကိုစေလွှတ်၍ မိမိအစေအပါးယောဟန်အား ဤဗျာဒိတ်တော်အရိပ်အယောင်ကို ဖော်ပြတော်မူ၏။
2
ယောဟန်သည်လည်း သူတွေ့မြင်သမျှသော ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် ယေရှုခရစ်တော်နှင့်ဆိုင်သည့် သက်သေခံချက်တို့ကို သက်သေခံလေ၏။
3
အချိန်နီးကပ်ပြီဖြစ်၍ ဤပရောဖက်ပြုဟောပြောသောစကားကို ဖတ်ကြားသောသူနှင့် ဤစကားကိုကြားနာ၍ ၎င်းတွင်ရေးထားသောအရာများကို လိုက်နာစောင့်ထိန်းသောသူတို့သည် မင်္ဂလာရှိကြ၏။
4
ငါယောဟန်သည် အာရှပြည်ရှိ အသင်းတော်ခုနစ်ပါးထံသို့ စာရေးလိုက်ပါ၏။ ယခုရှိလျက် ယခင်ကလည်းရှိလျက် နောင်အခါကြွလာမည့်အရှင်ထံမှလည်းကောင်း၊ ပလ္လင်တော်ရှေ့၌ရှိသော ဝိညာဉ်ခုနစ်ပါးထံမှလည်းကောင်း၊
5
သစ္စာရှိသောသက်သေ၊ သေသောသူတို့ထဲမှ အဦးဆုံးဖွားမြင်လာသူ၊ ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့ကိုအုပ်ချုပ်သူ ဖြစ်တော်မူသော ယေရှုခရစ်တော်ထံမှလည်းကောင်း ကျေးဇူးတော်နှင့်ငြိမ်သက်ခြင်းသည် သင်တို့၌ရှိပါစေသော။ ငါတို့ကိုချစ်တော်မူ၍ မိမိ၏သွေးတော်အားဖြင့် ငါတို့အပြစ်များမှ ငါတို့ကိုဖြေလွှတ်ကာ
6
ငါတို့အား နိုင်ငံတော်ဖြစ်စေလျက် မိမိခမည်းတော်ဘုရားသခင်ရှေ့တော်၌ ယဇ်ပုရောဟိတ်များဖြစ်စေတော်မူသောအရှင်၌ ကမ္ဘာအဆက်ဆက် ဘုန်းအသရေနှင့်တန်ခိုးအရှိန်အဝါရှိပါစေသော။ အာမင်။
7
ကြည့်ရှုလော့။ ကိုယ်တော်သည် မိုးတိမ်များဖြင့်ကြွလာတော်မူ၏။ ထိုအခါ ကိုယ်တော်ကိုထိုးဖောက်ခဲ့သူတို့မှစ၍ လူအပေါင်းတို့သည် မိမိတို့မျက်စိဖြင့် ကိုယ်တော်ကိုတွေ့မြင်ရကြလိမ့်မည်။ ကမ္ဘာမြေကြီးပေါ်ရှိ လူမျိုးနွယ်စုအားလုံးသည် ကိုယ်တော်ကြောင့် ရင်ဘတ်စည်တီးလျက်မြည်တမ်းကြလိမ့်မည်။ မှန်ပေ၏။ အာမင်။
8
ယခုရှိလျက် ယခင်ကလည်းရှိလျက် နောင်အခါကြွလာမည့် အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်က “ငါသည် အာလဖာနှင့်အိုမီဂါဖြစ်၏”ဟု မိန့်တော်မူ၏။
9
ယေရှု၌ဆင်းရဲဒုက္ခကိုလည်းကောင်း၊ နိုင်ငံတော်ကိုလည်းကောင်း၊ သည်းခံခြင်းကိုလည်းကောင်း သင်တို့နှင့်အတူ မျှဝေခံစားသူဖြစ်သော သင်တို့၏ညီအစ်ကို ငါယောဟန်သည် ဘုရားသခင်၏နှုတ်ကပတ်တော်နှင့် ယေရှုနှင့်ဆိုင်သောသက်သေခံချက်တို့ကြောင့် ပတ်မုဟုခေါ်သောကျွန်းတွင်ရောက်နေ၏။
10
သခင်ဘုရား၏နေ့တွင် ငါသည် ဝိညာဉ်တော်၌ရှိစဉ် တံပိုးခရာသံကဲ့သို့ ကျယ်လောင်သောအသံကို ငါ့နောက်၌ကြားရ၏။
11
ထိုအသံက “သင်မြင်ရသောအရာကို စာစောင်တွင်ရေးသား၍ ဧဖက်မြို့၊ စမုရနမြို့၊ ပေရဂံမြို့၊ သွာတိရမြို့၊ သာဒိမြို့၊ ဖိလဒေလဖိမြို့နှင့် လောဒိကိမြို့တို့၌ရှိသော အသင်းတော်ခုနစ်ပါးထံသို့ ပေးပို့လော့” ဟု ဆို၏။
12
ထိုအခါ ငါသည် ငါ့အားမြွက်ဆိုသောအသံပိုင်ရှင်ကိုတွေ့မြင်ရန် လှည့်ကြည့်လိုက်၏။ ထိုသို့လှည့်ကြည့်လိုက်ရာ ရွှေဆီမီးခုံခုနစ်ခုနှင့်
13
ထိုဆီမီးခုံများအလယ်၌ ခြေဖျားတိုင်အောင်ရောက်သောဝတ်ရုံကိုဝတ်ဆင်လျက် ရင်ဘတ်၌ ရွှေရင်စည်းကိုစည်းထားသည့် လူ့သားနှင့်တူသောသူတစ်ဦးကို ငါမြင်ရ၏။
14
ထိုသူ၏ဦးခေါင်းနှင့်ဆံပင်တို့သည် ဖြူသောသိုးမွေးကဲ့သို့လည်းကောင်း၊ နှင်းပွင့်ကဲ့သို့လည်းကောင်း ဖြူ၍ သူ၏မျက်စိတို့သည် မီးလျှံကဲ့သို့ဖြစ်ကြ၏။
15
သူ၏ခြေတို့သည် မီးပြင်းဖိုတွင်ချွတ်၍သန့်စင်ထားသည့် တောက်ပသောကြေးဝါနှင့်တူ၍ သူ၏အသံသည် များစွာသောရေဟုန်၏အသံကဲ့သို့ဖြစ်၏။
16
သူ၏လက်ယာလက်တွင် ကြယ်ခုနစ်လုံးရှိ၍ အသွားနှစ်ဖက်ပါသည့် ထက်သောသန်လျက်သည် သူ၏ခံတွင်းထဲမှ ထွက်နေ၏။ သူ၏မျက်နှာသည် မိမိအရှိန်အဝါဖြင့် ထွန်းလင်းနေသောနေကဲ့သို့ဖြစ်၏။
17
ငါသည် ထိုသူကိုမြင်ရသောအခါ သူ၏ခြေရင်း၌လဲကျ၍ လူသေကဲ့သို့ဖြစ်၏။ ထိုအခါ သူသည် ငါ့အပေါ်၌ သူ၏လက်ယာလက်ကိုတင်လျက် “မကြောက်နှင့်။ ငါသည် အဦးဆုံးနှင့်နောက်ဆုံးဖြစ်၏။
18
အသက်ရှင်သောသူလည်းဖြစ်၏။ ငါသည် သေခဲ့၏။ သို့သော် ကြည့်ရှုလော့။ ငါသည် ကမ္ဘာအဆက်ဆက်အသက်ရှင်လျက်ရှိ၏။ သေခြင်းနှင့်မရဏာနိုင်ငံတို့၏သော့များကိုလည်း ငါကိုင်ထား၏။
19
ထို့ကြောင့် သင်မြင်ခဲ့ရသောအရာများ၊ ယခုဖြစ်နေသောအရာများနှင့် နောင်တွင်ဖြစ်ပျက်တော့မည့်အရာများကို ရေးထားလော့။
20
ငါ၏လက်ယာလက်တွင် သင်မြင်ရသော ကြယ်ခုနစ်လုံးနှင့်ရွှေဆီမီးခုံခုနစ်ခုတို့၏လျှို့ဝှက်နက်နဲသောအဓိပ္ပာယ်မှာ ကြယ်ခုနစ်လုံးသည် အသင်းတော်ခုနစ်ပါး၏စေတမန်များဖြစ်ကြပြီး ဆီမီးခုံခုနစ်ခုသည် အသင်းတော်ခုနစ်ပါးဖြစ်ကြ၏။
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22