bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Revelation 4
Revelation 4
Burmese MSBU
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 5 →
1
ထို့နောက် ငါကြည့်လိုက်ရာ ကောင်းကင်၌ဖွင့်ထားသည့်တံခါးတစ်ခုရှိ၏။ ထိုအခါ ပထမဦးစွာ ငါ့အားမိန့်တော်မူသည်ကို ငါကြားရသည့်တံပိုးခရာသံကဲ့သို့သောအသံက “ဤအရပ်သို့တက်လာလော့။ ဤအဖြစ်အပျက်များနောက်တွင် ဖြစ်ပျက်ရမည့်အရာတို့ကို သင့်အား ငါပြမည်” ဟု ဆို၏။
2
ငါသည် ချက်ချင်းပင် ဝိညာဉ်တော်၌ရှိလေရာ ကြည့်လော့။ ကောင်းကင်၌ပလ္လင်တော်တစ်ခုတည်ရှိ၍ ထိုပလ္လင်တော်ပေါ်တွင် ထိုင်နေသောအရှင်တစ်ပါးရှိ၏။
3
ထိုင်နေတော်မူသောထိုအရှင်သည် နဂါးသွဲ့နှင့်ပတ္တမြားကျောက်ကဲ့သို့သောအဆင်းအရောင်ရှိ၍ ပလ္လင်တော်ပတ်လည်တွင် မြကဲ့သို့သောအဆင်းအရောင်ရှိသည့် သက်တံရှိ၏။
4
ပလ္လင်တော်၏ပတ်ဝန်းကျင်၌ကား အခြားသောပလ္လင်နှစ်ဆယ့်လေးခုရှိ၍ ထိုပလ္လင်များပေါ်တွင် ဖြူသောဝတ်ရုံကိုဝတ်ဆင်လျက် ဦးခေါင်းပေါ်၌ ရွှေသရဖူကိုဆောင်းထားသည့် သက်ကြီးဝါကြီးနှစ်ဆယ့်လေးပါးတို့သည် ထိုင်နေကြ၏။
5
ပလ္လင်တော်အထဲမှ လျှပ်စီးလက်ခြင်း၊ အသံမြည်ဟည်းခြင်းနှင့် မိုးချုန်းခြင်းများဖြစ်ပေါ်လေ၏။ ဘုရားသခင်၏ဝိညာဉ်ခုနစ်ပါးဖြစ်သော မီးခွက်ခုနစ်လုံးသည်လည်း ပလ္လင်တော်ရှေ့၌ တောက်လောင်လျက်ရှိ၏။
6
ထို့ပြင် ပလ္လင်တော်ရှေ့၌ ကျောက်သလင်းနှင့်တူသည့် ဖန်ပင်လယ်ကဲ့သို့သောအရာရှိ၏။ ပလ္လင်တော်၏အလယ်နှင့် ပလ္လင်တော်ပတ်လည်၌ကား ရှေ့ဘက်နှင့်နောက်ဘက်တို့တွင် မျက်စိများဖြင့်ပြည့်နေသောသတ္တဝါလေးပါးရှိ၏။
7
ပထမသတ္တဝါသည် ခြင်္သေ့နှင့်တူ၍ ဒုတိယသတ္တဝါသည် နွားသငယ်နှင့်တူ၏။ တတိယသတ္တဝါကား လူနှင့်တူသောမျက်နှာရှိ၍ စတုတ္ထသတ္တဝါသည် ပျံသန်းနေသောလင်းယုန်နှင့်တူ၏။
8
ထိုသတ္တဝါလေးပါးအသီးသီးတို့တွင် တောင်ပံခြောက်ခုစီရှိ၍ ပတ်ပတ်လည်နှင့်အတွင်းဘက်၌ မျက်စိများဖြင့်ပြည့်လျက်ရှိကြ၏။ သူတို့သည် နေ့ရောညပါ ရပ်နားခြင်းမရှိဘဲ “ယခုရှိလျက် ယခင်ကလည်းရှိလျက် နောင်အခါကြွလာမည့် အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်သည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏”ဟု ကြွေးကြော်နေကြ၏။
9
ထိုသို့ ပလ္လင်တော်ပေါ်တွင်ထိုင်လျက် ကမ္ဘာအဆက်ဆက်အသက်ရှင်တော်မူသောအရှင်၏ဘုန်းတော်၊ ဂုဏ်တော်နှင့် ကျေးဇူးတော်တို့ကို သတ္တဝါလေးပါးတို့သည် ချီးမွမ်းကြသောအခါ
10
သက်ကြီးဝါကြီးနှစ်ဆယ့်လေးပါးတို့သည် ပလ္လင်တော်ပေါ်တွင်ထိုင်တော်မူသောအရှင်၏ရှေ့၌ ပျပ်ဝပ်လျက် ကမ္ဘာအဆက်ဆက်အသက်ရှင်တော်မူသောအရှင်ကိုရှိခိုးကာ မိမိတို့၏သရဖူများကို ပလ္လင်တော်ရှေ့တွင်ချထားပြီးလျှင်
11
“အကျွန်ုပ်တို့၏ဘုရားသခင်ထာဝရဘုရား၊ ကိုယ်တော်သည် ခပ်သိမ်းသောအရာတို့ကို ဖန်ဆင်းတော်မူသဖြင့် ထိုအရာတို့သည် ကိုယ်တော်၏အလိုတော်အားဖြင့်ဖြစ်တည်၍ ဖန်ဆင်းခြင်းခံရပြီဖြစ်သောကြောင့် ကိုယ်တော်သည် ဘုန်းတော်၊ ဂုဏ်တော်နှင့် တန်ခိုးတော်တို့ကို ခံယူထိုက်တော်မူ၏”ဟု ဆိုကြ၏။
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22