bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Revelation 21
Revelation 21
Burmese MSBU
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 22 →
1
ထို့နောက် ကောင်းကင်သစ်နှင့်မြေကြီးသစ်ကို ငါမြင်ရ၏။ အကြောင်းမူကား ပထမကောင်းကင်နှင့် ပထမမြေကြီးသည် ပျောက်ကွယ်သွား၍ ပင်လယ်သည်လည်းမရှိတော့ချေ။
2
တစ်ဖန် သန့်ရှင်းသောဂျေရုဆလင်မြို့သစ်သည် သတို့သားအတွက်ဆင်မြန်းထားသည့် သတို့သမီးကဲ့သို့ပြင်ဆင်လျက် ဘုရားသခင်အထံတော်၊ ကောင်းကင်မှဆင်းသက်လာသည်ကို ငါမြင်ရ၏။
3
ထို့နောက် ပလ္လင်တော်မှကျယ်လောင်သောအသံက “ကြည့်ရှုလော့။ ဘုရားသခင်စံရာတဲတော်သည် လူတို့တွင်ရှိ၍ ကိုယ်တော်သည် သူတို့နှင့်အတူစံမြန်းတော်မူမည်။ သူတို့သည်လည်း ကိုယ်တော်၏လူမျိုးတော်ဖြစ်ကြပြီး ဘုရားသခင်ကိုယ်တော်တိုင် သူတို့နှင့်အတူရှိ၍ သူတို့၏ဘုရားသခင်ဖြစ်တော်မူမည်။
4
ကိုယ်တော်သည် သူတို့၏မျက်စိမှမျက်ရည်ရှိသမျှတို့ကို သုတ်ပေးတော်မူလိမ့်မည်။ သေခြင်းသည် ရှိတော့မည်မဟုတ်။ ဝမ်းနည်းကြေကွဲခြင်း၊ အော်ဟစ်ငိုကြွေးခြင်းနှင့် နာကျင်ခြင်းဝေဒနာတို့သည်လည်း ရှိတော့မည်မဟုတ်။ အကြောင်းမူကား ယခင်ဖြစ်ခဲ့သောအရာတို့သည် ပျောက်ကွယ်သွားကြပြီ”ဟု ဆိုသည်ကို ငါကြားရ၏။
5
ပလ္လင်ပေါ်တွင်ထိုင်တော်မူသောအရှင်ကလည်း “ကြည့်ရှုလော့။ ငါသည် အရာခပ်သိမ်းတို့ကို အသစ်ဖြစ်စေ၏”ဟု မိန့်တော်မူပြီးလျှင် “ရေးထားလော့။ ဤစကားတို့သည် သစ္စာစကား၊ မှန်ကန်သောစကားဖြစ်ကြ၏”ဟု မိန့်တော်မူ၏။
6
တစ်ဖန် “အမှုပြီးမြောက်ပြီ။ ငါသည် အာလဖာနှင့်အိုမီဂါဖြစ်၏။ အစနှင့်အဆုံးဖြစ်၏။ ရေငတ်သောသူအား အသက်စမ်းရေကို အခမဲ့ငါပေးမည်။
7
အောင်မြင်သောသူသည် ဤအရာတို့ကို အမွေဆက်ခံရလိမ့်မည်။ ငါသည် သူ၏ဘုရားသခင်ဖြစ်မည်။ သူသည်လည်း ငါ၏သားဖြစ်လိမ့်မည်။
8
သို့သော် ကြောက်တတ်သူများ၊ မယုံကြည်သူများ၊ ရွံရှာဖွယ်ကောင်းသူများ၊ လူသတ်သူများ၊ တရားနှင့်မညီမေထုန်ပြုသူများ၊ ပြုစားသောသူများ၊ ရုပ်တုကိုးကွယ်သူများနှင့် လိမ်လည်သောသူအပေါင်းတို့သည် ကန့်နှင့်လောင်သောမီးအိုင်ထဲ၌ မိမိတို့အဖို့ကိုရကြလိမ့်မည်။ ဤသည်ကား ဒုတိယသေခြင်းဖြစ်၏”ဟု မိန့်တော်မူ၏။
9
ထို့နောက် နောက်ဆုံးသောဘေးဒဏ်ခုနစ်ပါးနှင့် ပြည့်နေသောဖလားခုနစ်လုံးကို ကိုင်ဆောင်သည့်ကောင်းကင်တမန်ခုနစ်ပါးထဲမှ တစ်ပါးသည်လာ၍ ငါနှင့်စကားပြောလျက် “လာပါ။ သိုးသငယ်တော်၏ဇနီးသည်ဖြစ်သော သတို့သမီးကို သင့်အားငါပြမည်”ဟု ဆို၏။
10
ထိုကောင်းကင်တမန်သည် ကြီးမား၍မြင့်လှသောတောင်ပေါ်သို့ ဝိညာဉ်တော်အားဖြင့် ငါ့ကိုခေါ်ဆောင်သွားကာ ဘုရားသခင်အထံတော်၊ ကောင်းကင်ထက်မှဆင်းသက်လာသည့် သန့်ရှင်းသောဂျေရုဆလင်မြို့ကို ငါ့အားပြလေ၏။
11
ထိုမြို့သည် ဘုရားသခင်၏ဘုန်းအသရေတော်နှင့်ပြည့်စုံ၍ ၎င်း၏အလင်းရောင်သည် ကျောက်မျက်ရတနာနှင့်တူပြီး ကျောက်သလင်းသဖွယ်ကြည်လင်သော နဂါးသွဲ့ကျောက်ကဲ့သို့ဖြစ်၏။
12
ထိုမြို့တွင် ကြီးမား၍မြင့်လှသောမြို့ရိုးရှိလျက် တံခါးတစ်ဆယ့်နှစ်ပေါက်ရှိ၏။ တံခါးများတွင် ကောင်းကင်တမန်တစ်ဆယ့်နှစ်ပါးရှိ၍ ထိုတံခါးများပေါ်၌ အစ္စရေးအမျိုးသားတို့၏မျိုးနွယ်စုတစ်ဆယ့်နှစ်နွယ်တို့၏အမည်နာမများကို ရေးထိုးထား၏။
13
အရှေ့ဘက်တွင် တံခါးသုံးပေါက်၊ မြောက်ဘက်တွင် တံခါးသုံးပေါက်၊ တောင်ဘက်တွင် တံခါးသုံးပေါက်၊ အနောက်ဘက်တွင် တံခါးသုံးပေါက်ရှိ၏။
14
မြို့ရိုးတွင် အုတ်မြစ်တစ်ဆယ့်နှစ်ခုရှိ၍ ၎င်းတို့ပေါ်၌ သိုးသငယ်တော်၏တမန်တော်တစ်ဆယ့်နှစ်ပါးတို့၏အမည်တစ်ဆယ့်နှစ်ခုကိုရေးထား၏။
15
ငါနှင့်စကားပြောသောကောင်းကင်တမန်၌ ထိုမြို့ကိုလည်းကောင်း၊ မြို့၏တံခါးနှင့်မြို့ရိုးတို့ကိုလည်းကောင်း တိုင်းရန် တိုင်းစရာရွှေကျူရိုးရှိ၏။
16
ထိုမြို့သည် စတုရန်းပုံရှိ၍ ၎င်း၏အလျားနှင့်အနံသည် တူညီ၏။ ကောင်းကင်တမန်သည် ရွှေကျူရိုးဖြင့် မြို့ကိုတိုင်းလေရာ မိုင်ပေါင်းတစ်ထောင့်သုံးရာရှစ်ဆယ်ခန့် ရှိ၍ ၎င်း၏အလျား၊ အနံ၊ အမြင့်တို့သည် တူညီကြ၏။
17
မြို့ရိုးထုကိုလည်းတိုင်းလေရာ ကောင်းကင်တမန်၏အတိုင်းအတာလည်းဖြစ်သော လူ၏အတိုင်းအတာအားဖြင့် အတောင် တစ်ရာလေးဆယ့်လေးတောင်ရှိ၏။
18
ထိုမြို့ရိုးကို နဂါးသွဲ့ကျောက်ဖြင့် တည်ဆောက်ထား၍ မြို့သည် ကြည်လင်သောဖန်သားနှင့်တူသည့် ရွှေစင်ဖြစ်၏။
19
မြို့ရိုး၏အုတ်မြစ်တို့ကို ကျောက်မျက်ရတနာအမျိုးမျိုးဖြင့် တန်ဆာဆင်ထား၏။ ပထမအုတ်မြစ်မှာ နဂါးသွဲ့၊ ဒုတိယမှာ နီလာ၊ တတိယမှာ မဟူရာ၊ စတုတ္ထမှာ မြ၊
20
ပဉ္စမမှာ ကြောင်၊ ဆဋ္ဌမမှာ ပတ္တမြား၊ သတ္တမမှာ သလင်းဝါ၊ အဋ္ဌမမှာ မျက်ရွဲ၊ နဝမမှာ ဥဿဖရား၊ ဒသမမှာ မဟူရာစိမ်း၊ ဧကဒသမမှာ နီလာသွေး၊ ဒွါဒသမမှာ နီလာခရမ်းဖြစ်၏။
21
မြို့တံခါးတစ်ဆယ့်နှစ်ပေါက်တို့သည် ပုလဲတစ်ဆယ့်နှစ်လုံးဖြစ်ကြပြီး တံခါးတစ်ပေါက်လျှင် ပုလဲတစ်လုံးစီဖြင့်ပြုလုပ်ထား၏။ မြို့၏လမ်းမသည်လည်း ထုတ်ချင်းခတ်မြင်နိုင်သောဖန်သားနှင့်တူသည့် ရွှေစင်ဖြစ်၏။
22
ထိုမြို့၌ ဗိမာန်တော်ကို ငါမတွေ့ရပေ။ အကြောင်းမူကား အနန္တတန်ခိုးနှင့်ပြည့်စုံတော်မူသော ထာဝရအရှင်ဘုရားသခင်နှင့် သိုးသငယ်တော်သည် ထိုမြို့၏ဗိမာန်တော်ဖြစ်၏။
23
ဘုရားသခင်၏ဘုန်းအသရေတော်သည် ထိုမြို့ကိုထွန်းလင်းစေ၍ သိုးသငယ်တော်သည် ထိုမြို့၏ဆီမီးဖြစ်သောကြောင့် ထိုမြို့ကိုထွန်းလင်းစေရန် နေနှင့်လတို့ကို မလိုအပ်ပေ။
24
လူမျိုးတကာတို့သည် ထိုမြို့၏အလင်းကိုအမှီပြု၍ သွားလာကြလိမ့်မည်။ ကမ္ဘာမြေကြီး၏ရှင်ဘုရင်တို့သည်လည်း မိမိတို့၏ဘုန်းအသရေကို ထိုမြို့သို့ယူဆောင်လာကြလိမ့်မည်။
25
ထိုနေရာ၌ ညမရှိသောကြောင့် မြို့တံခါးများကို မည်သည့်နေ့ရက်တွင်မျှ ပိတ်ထားခြင်းမရှိ။
26
လူတို့သည် လူမျိုးတကာတို့၏ဘုန်းအသရေနှင့် ဂုဏ်သရေတို့ကို ထိုမြို့သို့ယူဆောင်လာကြလိမ့်မည်။
27
မစင်ကြယ်သောအရာတစ်စုံတစ်ခုမျှ ထိုမြို့ထဲသို့ဝင်ရလိမ့်မည်မဟုတ်။ ရွံရှာဖွယ်သောအမှုနှင့်လိမ်လည်မှုတို့ကိုပြုကျင့်သောသူသည်လည်း ဝင်ရလိမ့်မည်မဟုတ်။ သိုးသငယ်တော်၏အသက်စာစောင်တွင် စာရင်းဝင်သောသူတို့သာ ဝင်ရကြလိမ့်မည်။
← Chapter 20
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 22 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22