bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Revelation 13
Revelation 13
Burmese MSBU
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 14 →
1
ထို့နောက် ဦးချိုဆယ်ချောင်းနှင့် ခေါင်းခုနစ်လုံးရှိသောသားရဲတစ်ကောင်သည် ပင်လယ်ထဲမှတက်လာသည်ကို ငါမြင်ရ၏။ ထိုဦးချိုများပေါ်တွင် သရဖူဆယ်ခုရှိ၍ ၎င်း၏ခေါင်းများပေါ်တွင် ဘုရားသခင်ကိုစော်ကားသောအမည်နာမများရှိ၏။
2
ငါမြင်ရသောထိုသားရဲသည် ကျားသစ်နှင့်တူ၏။ သူ၏ခြေသည် ဝက်ဝံခြေကဲ့သို့ဖြစ်ပြီး သူ၏ပါးစပ်သည် ခြင်္သေ့ပါးစပ်ကဲ့သို့ဖြစ်၏။ နဂါးသည် မိမိ၏တန်ခိုး၊ မိမိ၏ပလ္လင်နှင့် ကြီးမားသောအခွင့်အာဏာကို သူ့အားပေးအပ်လေ၏။
3
ထိုသားရဲ၏ခေါင်းတစ်လုံးသည် သေအောင်သတ်ဖြတ်ခြင်းခံရပြီးသကဲ့သို့ဖြစ်သော်လည်း ထိုသေစေသောဒဏ်ရာသည် ပျောက်ကင်းသွားလေ၏။ ထိုအခါ တစ်ကမ္ဘာလုံးသည်အံ့ဩလျက် ထိုသားရဲနောက်သို့လိုက်ကြ၏။
4
ထို့ပြင် နဂါးသည် သားရဲအား အခွင့်အာဏာကိုပေးအပ်သဖြင့် သူတို့သည် နဂါးကိုကိုးကွယ်ကြ၏။ သူတို့က “မည်သူသည် သားရဲနှင့်တူသနည်း။ မည်သူသည် သူ့ကို တိုက်ခိုက်နိုင်သနည်း”ဟု ဆိုလျက် သားရဲကိုလည်းကိုးကွယ်ကြ၏။
5
ထိုသားရဲသည် လေလုံးထွား၍ ဘုရားသခင်ကိုစော်ကားပြောဆိုတတ်သောနှုတ်ကိုရရှိလျက် လေးဆယ့်နှစ်လတိုင်တိုင် အာဏာလွှမ်းရသောအခွင့်ကိုရရှိ၏။
6
ထိုအခါ သူသည် မိမိနှုတ်ကိုဖွင့်၍ ဘုရားသခင်ကိုစော်ကားသောစကားများပြောဆိုလျက် ကိုယ်တော်၏နာမတော်ကိုလည်းကောင်း၊ ကိုယ်တော်၏တဲတော်ကိုလည်းကောင်း၊ ကောင်းကင်၌စံမြန်းသောသူတို့ကိုလည်းကောင်း စော်ကားပြောဆိုလေ၏။
7
သူသည် သန့်ရှင်းသူတို့ကိုစစ်တိုက်၍ အောင်နိုင်သောအခွင့်ကိုရရှိပြီး မျိုးနွယ်စု၊ လူမျိုး၊ ဘာသာစကားနှင့် တိုင်းနိုင်ငံအသီးသီးတို့မှလူတို့အား အုပ်စိုးရသောအခွင့်ကိုလည်းရရှိ၏။
8
အသေသတ်ခြင်းခံရသည့် သိုးသငယ်တော်၏အသက်စာစောင်၌ ကမ္ဘာဦးမှစ၍ အမည်မရေးထားသော ကမ္ဘာမြေကြီးပေါ်တွင်နေထိုင်သူအားလုံးတို့သည် ထိုသားရဲကို ကိုးကွယ်ကြလိမ့်မည်။
9
နားရှိသောသူသည် ကြားပါစေ။
10
ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရမည့်သူသည် ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရမည်ဖြစ်၏။ ဓားဖြင့်အသေသတ်ခြင်းခံရမည့်သူသည် ဓားဖြင့်အသေသတ်ခြင်းကိုခံရမည်ဖြစ်၏။ ဤနေရာတွင် သန့်ရှင်းသူတို့၏သည်းခံခြင်းနှင့်သစ္စာစောင့်ခြင်းတို့ရှိကြ၏။
11
ထို့နောက် မြေကြီးထဲမှထွက်လာသော အခြားသားရဲတစ်ကောင်ကို ငါမြင်ရ၏။ သူသည် သိုးသငယ်၏ဦးချိုနှင့်တူသော ဦးချိုနှစ်ချောင်းရှိ၍ နဂါးကဲ့သို့စကားပြော၏။
12
ထိုသားရဲသည် ပထမသားရဲ၏အာဏာရှိသမျှကို သူ၏ရှေ့မှောက်၌သုံးစွဲပြီး ကမ္ဘာမြေကြီးမှစ၍ ၎င်းပေါ်တွင်နေထိုင်သောသူတို့အား သေစေသောဒဏ်ရာပျောက်ကင်းသွားသည့် ပထမသားရဲကို ကိုးကွယ်စေ၏။
13
ထိုမှတစ်ပါး ကြီးမားသောနိမိတ်လက္ခဏာများကိုပြုလျက် လူတို့ရှေ့တွင် ကောင်းကင်မှ မြေကြီးပေါ်သို့ မီးကိုပင် ကျလာစေ၏။
14
သူသည် ပထမသားရဲရှေ့၌ ပြုခွင့်ရရှိထားသောနိမိတ်လက္ခဏာများအားဖြင့် ကမ္ဘာမြေကြီးပေါ်တွင်နေထိုင်သောသူအားလုံးတို့ကိုလှည့်ဖြား၍ ဓားဒဏ်ရာရှိသော်လည်း အသက်ရှင်ခဲ့သောသားရဲ၏ရုပ်တုကိုပြုလုပ်ရန် ကမ္ဘာမြေကြီးပေါ်၌နေထိုင်သောသူတို့အားစေခိုင်း၏။
15
တစ်ဖန် သားရဲ၏ရုပ်တုသည် စကားပြောနိုင်ရန်နှင့် သားရဲ၏ရုပ်တုကိုမကိုးကွယ်သောသူရှိသမျှတို့ကို သတ်ဖြတ်စေရန် ထိုသားရဲ၏ရုပ်တုအား အသက်သွင်းပေးနိုင်သောအခွင့်ကို ရရှိလေ၏။
16
ထို့ပြင် လူကြီးဖြစ်စေ၊ လူငယ်ဖြစ်စေ၊ ချမ်းသာသောသူဖြစ်စေ၊ ဆင်းရဲသောသူဖြစ်စေ၊ လွတ်လပ်သူဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လူအပေါင်းတို့အား သူတို့၏လက်ယာလက်ပေါ်၌၊ သို့မဟုတ် နဖူးပေါ်၌ အမှတ်တံဆိပ်ကိုရိုက်နှိပ်စေ၍
17
သားရဲ၏အမည်၊ သို့မဟုတ် သူ့အမည်၏ကိန်းဂဏန်းဖြစ်သည့် ထိုအမှတ်တံဆိပ်မရှိလျှင် မည်သူမျှ အရောင်းအဝယ်မပြုနိုင်ရန်စီရင်လေ၏။
18
ဤနေရာတွင် ဉာဏ်ပညာရှိရန်လိုအပ်၏။ ထိုးထွင်းဉာဏ်ရှိသောသူသည် သားရဲ၏ကိန်းဂဏန်းကိုတွက်ချက်ပါစေ။ အကြောင်းမူကား ၎င်းသည် လူတစ်ဦး၏ကိန်းဂဏန်းဖြစ်ပြီး ထိုကိန်းဂဏန်းမှာ ခြောက်ရာခြောက်ဆယ့်ခြောက်ဖြစ်၏။
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 14 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22