bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Romans 10
Romans 10
Burmese MSBU
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 11 →
1
ညီအစ်ကိုတို့၊ ငါ့စိတ်နှလုံး၏လိုအင်ဆန္ဒနှင့် အစ္စရေးလူမျိုးတို့အတွက် ဘုရားသခင်ထံ ငါဆုတောင်းသောအရာမှာ သူတို့ကယ်တင်ခြင်းရရှိရန်ဖြစ်၏။
2
သူတို့သည် ဘုရားသခင်အတွက် ထက်သန်သောစိတ်ရှိကြောင်း ငါသက်သေခံ၏။ သို့သော် ထိုထက်သန်သောစိတ်သည် စစ်မှန်သောအသိပညာအားဖြင့်မဟုတ်။
3
အကြောင်းမှာ သူတို့သည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကိုမသိဘဲ မိမိ၏ဖြောင့်မတ်ခြင်းကိုတည်စေရန် ရှာကြံလျက် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို မနာခံသောကြောင့်ဖြစ်၏။
4
ခရစ်တော်သည် ယုံကြည်သောသူတိုင်း ဖြောင့်မတ်ခြင်းကိုရရှိရန် ပညတ်တရား၏အဆုံးသတ်ရာဖြစ်တော်မူ၏။
5
မောရှေကလည်း ပညတ်တရားနှင့်ဆိုင်သော ဖြောင့်မတ်ခြင်းနှင့်ပတ်သက်၍ “ဤအရာများကိုလိုက်နာကျင့်သုံးသောသူသည် ၎င်းတို့အားဖြင့် အသက်ရှင်လိမ့်မည်” ဟု ရေးထား၏။
6
ယုံကြည်ခြင်းအားဖြင့်ရရှိသောဖြောင့်မတ်ခြင်းမူကား “သင်၏စိတ်နှလုံးထဲ၌ ကောင်းကင်သို့ မည်သူတက်မည်နည်းဟု မပြောနှင့်။ (ဤသည်ကား ခရစ်တော်ကို အောက်သို့ခေါ်ဆောင်လာခြင်းဖြစ်၏။)
7
သို့မဟုတ် အတိုင်းမသိနက်ရှိုင်းရာအရပ်ထဲသို့ မည်သူဆင်းမည်နည်းဟူ၍လည်း မပြောနှင့် (ဤသည်ကား ခရစ်တော်ကို သေသောသူတို့ထဲမှ ခေါ်ထုတ်ခြင်းဖြစ်၏)”ဟု ဆိုထား၏။
8
ထို့ပြင် မည်သို့ဆိုထားသနည်း။ “တရားစကားသည် သင်၏အနီး၌ရှိ၏။ သင်၏နှုတ်၌လည်းကောင်း၊ သင်၏စိတ်နှလုံး၌လည်းကောင်း ရှိ၏” ဟု ဆိုထား၏။ ဤသည်ကား ငါတို့ဟောပြောသည့် ယုံကြည်ခြင်းနှင့်ဆိုင်သော တရားစကားဖြစ်၏။
9
သင်သည် မိမိနှုတ်ဖြင့် ယေရှုသည် အရှင်သခင်ဖြစ်ကြောင်းဝန်ခံ၍ သင်၏စိတ်နှလုံးထဲ၌ ဘုရားသခင်သည် သူ့ကို သေသောသူတို့ထဲမှ ထမြောက်စေတော်မူပြီဟု ယုံကြည်လျှင် ကယ်တင်ခြင်းခံရမည်။
10
အကြောင်းမူကား လူသည် စိတ်နှလုံးဖြင့်ယုံကြည်၍ ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရပြီး နှုတ်ဖြင့်ဝန်ခံ၍ ကယ်တင်ခြင်းခံရ၏။
11
အဘယ်ကြောင့်ဆိုသော် ကျမ်းစာက “ထိုကျောက်ကိုယုံကြည်သမျှသောသူသည် အရှက်ရလိမ့်မည်မဟုတ်” ဟု ဆိုထား၏။
12
ဤတွင် ဂျူးလူမျိုးနှင့်ဂရိလူမျိုးတို့ကြား၌ ခြားနားမှုမရှိ။ အကြောင်းမူကား တစ်ပါးတည်းသောအရှင်သည် လူအပေါင်းတို့၏အရှင်ဖြစ်တော်မူပြီး ကိုယ်တော်ကိုပတ္ထနာပြုသောသူအပေါင်းတို့အား ကြွယ်ဝစေတော်မူ၏။
13
“ထာဝရဘုရား၏နာမတော်ကိုပတ္ထနာပြုသောသူတိုင်း ကယ်တင်ခြင်းခံရမည်” ဖြစ်၏။
14
သို့ရာတွင် မိမိမယုံကြည်သောအရှင်ထံ မည်သို့ပတ္ထနာပြုနိုင်မည်နည်း။ မိမိမကြားဖူးသောအရှင်ကို မည်သို့ယုံကြည်နိုင်မည်နည်း။ ဟောပြောသောသူမရှိလျှင် မည်သို့ကြားနိုင်မည်နည်း။
15
စေလွှတ်ခြင်းမခံရလျှင် မည်သို့ဟောပြောနိုင်မည်နည်း။ “ကောင်းမြတ်ခြင်းနှင့်ဆိုင်သည့် ဝမ်းမြောက်ဖွယ်သတင်းကိုဟောပြောသောသူများ၏ခြေတို့သည် အလွန်တင့်တယ်စွတကား” ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်းဖြစ်၏။
16
သို့သော် ဤကောင်းမြတ်သောသတင်းကို သူတို့အားလုံးနာခံကြသည်မဟုတ်။ ပရောဖက်ဟေရှာယက “အို ထာဝရဘုရား၊ အကျွန်ုပ်တို့၏သတင်းစကားကို မည်သူယုံကြည်ပါသနည်း” ဟု ဆိုထား၏။
17
သို့ဖြစ်၍ ယုံကြည်ခြင်းသည် ကြားနာခြင်းအားဖြင့်ဖြစ်ပြီး ကြားနာခြင်းသည် ခရစ်တော်၏စကားတော်အားဖြင့်ဖြစ်၏။
18
သို့သော် ငါမေးလိုသည်မှာ ထိုသူတို့မကြားခဲ့ရသလော။ အမှန်ပင်ကြားခဲ့ရ၏။ “သူတို့၏အသံသည် မြေကြီးတစ်ပြင်လုံးသို့ ပျံ့နှံ့သွား၍ သူတို့၏စကားသည် ကမ္ဘာလောကအစွန်အဖျားတိုင်အောင် ရောက်လေ၏။ ”
19
တစ်ဖန် ငါမေးလိုသည်မှာ အစ္စရေးလူမျိုးတို့သည် မသိကြသလော။ ပထမဦးစွာ မောရှေက “ငါသည် မပြောပလောက်သောလူမျိုးအားဖြင့် သင်တို့၌ မနာလိုစိတ်ဖြစ်ပေါ်စေ၍ အသိတရားကင်းမဲ့သောလူမျိုးအားဖြင့် သင်တို့ကို မခံမရပ်နိုင်ဖြစ်စေမည်” ဟု ဆို၏။
20
ပရောဖက်ဟေရှာယကလည်း “ငါ့ကိုမရှာသောသူတို့သည် ငါ့ကိုတွေ့ရှိကြ၏။ ငါ့အကြောင်းကိုမမေးမြန်းသောသူတို့ထံ ငါ့ကိုယ်ငါထင်ရှားပြ၏” ဟု ရဲရင့်စွာဆိုထား၏။
21
အစ္စရေးလူမျိုးနှင့်ပတ်သက်၍မူကား “နာခံခြင်းမရှိ၊ ဆန့်ကျင်ပုန်ကန်တတ်သောလူမျိုးထံသို့ တစ်နေ့လုံး ငါ့လက်ကို ကမ်းလျက်နေခဲ့၏” ဟု ဆို၏။
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 11 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16