bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Romans 16
Romans 16
Burmese MSBU
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
1
ကင်ခြေမြို့ရှိအသင်းတော်၏အမှုကိုဆောင်ရွက်သူဖြစ်သော ငါတို့၏နှမ ဖိဗေကို သင်တို့ထံ မိတ်ဆက်အပ်နှံလိုပါ၏။
2
သန့်ရှင်းသူများပြုသင့်သည့်အတိုင်း သခင်ဘုရား၌ သူ့ကိုလက်ခံ၍ သင်တို့ထံမှ သူလိုအပ်သမျှသောအရာကို ကူညီဆောင်ရွက်ပေးကြလော့။ အမှန်စင်စစ် သူသည် ငါကိုယ်တိုင်မှစ၍ များစွာသောသူတို့ကို ကူညီခဲ့သူဖြစ်၏။
3
ခရစ်တော်ယေရှု၌ ငါ၏လုပ်ဖော်ဆောင်ဖက်များဖြစ်ကြသည့် ပြစ်ကိလနှင့်အာကုလတို့ကို နှုတ်ဆက်ပေးကြလော့။
4
သူတို့သည် ငါ့အသက်ကို လည်စင်းခံ၍စောင့်ရှောက်ပေးသူများဖြစ်ကြ၏။ ငါတစ်ဦးတည်းသာမက လူမျိုးခြားတို့၏အသင်းတော်အပေါင်းတို့သည်လည်း သူတို့ကို ကျေးဇူးတင်လျက်ရှိကြ၏။
5
သူတို့အိမ်၌ရှိသောအသင်းတော်ကိုလည်း နှုတ်ဆက်ပေးကြလော့။ အာရှပြည်တွင် ခရစ်တော်အတွက်အသီးဦးဖြစ်သူ ငါချစ်သောဧပဲနက်ကို နှုတ်ဆက်ပေးကြလော့။
6
သင်တို့အတွက် အလွန်ကြိုးစားလုပ်ဆောင်ခဲ့သူ မာရိကို နှုတ်ဆက်ပေးကြလော့။
7
ငါ၏အမျိုးသားချင်းဖြစ်ပြီး ငါနှင့်အတူအကျဉ်းချခံရသူ အန္ဒြောနိတ်နှင့်ယုနိတို့ကို နှုတ်ဆက်ပေးကြလော့။ သူတို့သည် တမန်တော်များကြားတွင် ထင်ပေါ်ကျော်ကြားသောသူများဖြစ်ကြ၍ ငါ့ထက်အလျင်ဦးစွာ ခရစ်တော်ကိုယုံကြည်သောသူများလည်း ဖြစ်ကြ၏။
8
သခင်ဘုရား၌ ငါချစ်သောအမ္ပလိကို နှုတ်ဆက်ပေးကြလော့။
9
ခရစ်တော်၌ ငါတို့၏လုပ်ဖော်ဆောင်ဖက်ဥရဗန်နှင့် ငါချစ်သောသတာခုတို့ကို နှုတ်ဆက်ပေးကြလော့။
10
ခရစ်တော်၌ ယုံကြည်စိတ်ချရသူ အပေလေကို နှုတ်ဆက်ပေးကြလော့။ အာရိတ္တောဗုလု၏အိမ်သူအိမ်သားတို့ကို နှုတ်ဆက်ပေးကြလော့။
11
ငါ၏အမျိုးသားချင်းဟေရောဒီအုံကို နှုတ်ဆက်ပေးကြလော့။ သခင်ဘုရား၌ရှိသော နာကိသု၏အိမ်သူအိမ်သားတို့ကို နှုတ်ဆက်ပေးကြလော့။
12
သခင်ဘုရား၌ကြိုးစားလုပ်ဆောင်နေသူ တရုဖဲနနှင့်တရုဖောသတို့ကို နှုတ်ဆက်ပေးကြလော့။ သခင်ဘုရား၌အလွန်ကြိုးစားလုပ်ဆောင်သူ ငါချစ်သောပေရသိကို နှုတ်ဆက်ပေးကြလော့။
13
သခင်ဘုရား၌ရွေးကောက်ခံရသောသူ ရုဖုနှင့် ငါ၏မိခင်လည်းဖြစ်သော သူ့မိခင်ကို နှုတ်ဆက်ပေးကြလော့။
14
အသုံကရိတ်၊ ဖလေကုန်၊ ဟေရမေ၊ ပတ်ရောဘ၊ ဟေရမမှစ၍ သူတို့နှင့်အတူရှိသော ညီအစ်ကိုများကို နှုတ်ဆက်ပေးကြလော့။
15
ဖိလောလုပ်၊ ယုလိ၊ နေရု၊ နေရု၏နှမနှင့် ဩလုမ္ပမှစ၍ သူတို့နှင့်အတူရှိသော သန့်ရှင်းသူအပေါင်းတို့ကို နှုတ်ဆက်ပေးကြလော့။
16
အချင်းချင်းသန့်ရှင်းသောအနမ်းဖြင့် နှုတ်ဆက်ကြလော့။ ခရစ်တော်၏အသင်းတော်အပေါင်းတို့သည် သင်တို့ကိုနှုတ်ဆက်ကြ၏။
17
ညီအစ်ကိုတို့၊ သင်တို့ခံယူပြီးသောသွန်သင်ချက်ကိုဆန့်ကျင်၍ ကွဲပြားခြင်းနှင့်မှားယွင်းခြင်းတို့ကို ဖြစ်ပွားစေသောသူတို့ကိုသတိပြုလျက် ရှောင်ရှားကြရန်သင်တို့အား ငါတိုက်တွန်းနှိုးဆော်၏။
18
အကြောင်းမူကား ထိုသို့သောသူတို့သည် ငါတို့၏သခင်ခရစ်တော်ကို အစေမခံဘဲ မိမိတို့၏ဝမ်းဗိုက်ကိုသာ အစေခံ၍ ချိုသာသောစကားနှင့် မြှောက်ပင့်သောစကားတို့ဖြင့် ရိုးစင်းသောသူတို့၏စိတ်နှလုံးကို လှည့်ဖြားတတ်ကြ၏။
19
သင်တို့၏နာခံမှုသည် လူအပေါင်းတို့တွင် ကျော်စောသည်ဖြစ်၍ သင်တို့အတွက် ငါဝမ်းမြောက်၏။ သို့ရာတွင် သင်တို့သည် ကောင်းသောအမှု၌ ပညာရှိဖြစ်ကြပြီး မကောင်းသောအမှု၌ အပြစ်ကင်းစင်သောသူဖြစ်ကြရန် ငါအလိုရှိ၏။
20
ငြိမ်သက်ခြင်း၏အရှင်ဘုရားသခင်သည် မကြာမီအတွင်း စာတန်ကို သင်တို့၏ခြေအောက်၌ ကြေမွစေတော်မူလိမ့်မည်။ ငါတို့သခင်ယေရှု၏ကျေးဇူးတော်သည် သင်တို့နှင့်အတူရှိပါစေသော။
21
ငါ၏လုပ်ဖော်ဆောင်ဖက်တိမောသေ၊ ငါ့အမျိုးသားချင်း လုကိ၊ ယာသုန်နှင့် သောသိပါတရုတို့သည် သင်တို့ကိုနှုတ်ဆက်ကြ၏။
22
ဤစာကိုရေးပေးသူ အကျွန်ုပ်တေရတိသည် သခင်ဘုရား၌ သင်တို့ကိုနှုတ်ဆက်ပါ၏။
23
ငါမှစ၍ အသင်းတော်တစ်ခုလုံးကိုလက်ခံသောအိမ်ရှင်ဂါယုသည် သင်တို့ကိုနှုတ်ဆက်၏။ မြို့တော်ဘဏ္ဍာထိန်းဧရတ္တုနှင့် ငါတို့၏ညီအစ်ကိုကွာတုတို့သည် သင်တို့ကိုနှုတ်ဆက်ကြ၏။
24
[ငါတို့သခင်ယေရှုခရစ်တော်၏ကျေးဇူးတော်သည် သင်တို့အားလုံးနှင့်အတူရှိပါစေသော။ အာမင်။]
25
ငါဟောပြောသည့်ကောင်းမြတ်သောသတင်းနှင့် ယေရှုခရစ်တော်အကြောင်းကိုဟောပြောခြင်းအားဖြင့်လည်းကောင်း၊ ရှေးကာလပတ်လုံး ဝှက်ထားခြင်းခံရသော်လည်း ယခုအခါ ထာဝရဘုရားသခင်၏အမိန့်တော်အတိုင်း ပရောဖက်ကျမ်းများ၌ထင်ရှားပြီး ယုံကြည်ခြင်းနှင့်ဆိုင်သောနာခံမှုရှိစေရန် လူမျိုးအပေါင်းတို့အားသိစေသည့် လျှို့ဝှက်နက်နဲသောအရာကို ဖွင့်ပြခြင်းအားဖြင့်လည်းကောင်း သင်တို့ကို ခိုင်ခံ့မြဲမြံစေနိုင်သောအရှင်၊
27
ပညာနှင့်ပြည့်စုံတော်မူသည့် တစ်ဆူတည်းသောဘုရားသခင်၌ ယေရှုခရစ်တော်အားဖြင့် ကာလအစဉ်အဆက် ဘုန်းအသရေတော်ရှိပါစေသော။ အာမင်။
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16