bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Romans 2
Romans 2
Burmese MSBU
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 3 →
1
ထို့ကြောင့် သူတစ်ပါးကိုစီရင်တတ်သောအချင်းလူ၊ သင်သည် ဆင်ခြေပေး၍မရ။ အဘယ်ကြောင့်ဆိုသော် စီရင်နေသောသင်သည်လည်း တူညီသောအမှုများကိုပြုကျင့်နေသည်ဖြစ်၍ သူတစ်ပါးကိုစီရင်ရာတွင် သင့်ကိုယ်သင်ပြစ်ဒဏ်စီရင်ရာရောက်၏။
2
ထိုသို့သောအမှုများကို ပြုကျင့်သောသူတို့အပေါ်၌ ဘုရားသခင်၏တရားစီရင်ခြင်းသည် သမ္မာတရားနှင့်အညီသက်ရောက်သည်ကို ငါတို့သိကြ၏။
3
သို့ဖြစ်၍ ထိုသို့သောအမှုများကိုပြုကျင့်သောသူတို့အား စီရင်လျက်နှင့် ထိုအမှုတို့ကို ကိုယ်တိုင်ပြုသောအချင်းလူ၊ သင်သည် ဘုရားသခင်၏ပြစ်ဒဏ်စီရင်ခြင်းမှလွတ်မည်ဟု ထင်မှတ်သလော။
4
သို့မဟုတ် ဘုရားသခင်၏ကျေးဇူးပြုတော်မူခြင်းသည် သင့်ကို နောင်တသို့ပို့ဆောင်သည်ကိုမသိမမှတ်ဘဲ ကိုယ်တော်၏ကြွယ်ဝသောကျေးဇူးပြုတော်မူခြင်း၊ သည်းခံတော်မူခြင်းနှင့် စိတ်ရှည်တော်မူခြင်းတို့ကို မထီမဲ့မြင်ပြုသလော။
5
သို့သော် သင်၏မာကျောခက်ထန်မှုနှင့်နောင်တမရသောစိတ်နှလုံးတို့ကြောင့် သင်သည် အမျက်တော်နေ့တည်းဟူသော ဘုရားသခင်၏ဖြောင့်မတ်သည့် တရားစီရင်ခြင်းထင်ရှားရာနေ့အတွက် အမျက်တော်ကို မိမိအဖို့သိုမှီးလျက်ရှိ၏။
6
ဘုရားသခင်သည် လူအသီးသီးတို့အား မိမိတို့ပြုသောအမှုနှင့်အညီ အကျိုးအပြစ်ကိုပေးတော်မူလိမ့်မည်။
7
ကောင်းသောအမှုကို ဇွဲလုံ့လဖြင့်ပြုလျက် ဘုန်းတော်၊ ဂုဏ်တော်နှင့် ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသောအရာတို့ကိုရှာဖွေသောသူတို့အား ထာဝရအသက်ကို ပေးတော်မူလိမ့်မည်။
8
တစ်ကိုယ်ကောင်းဆန်၍ သမ္မာတရားကိုမနာခံဘဲ မတရားမှုနောက်သို့လိုက်သောသူတို့အပေါ်၌မူကား ပြင်းစွာသောဒေါသနှင့်အမျက်တော်ကို သက်ရောက်စေတော်မူလိမ့်မည်။
9
ဆင်းရဲဒုက္ခနှင့်နာကျင်ခြင်းဝေဒနာတို့သည် ဦးစွာဂျူးလူမျိုး ထို့နောက် ဂရိလူမျိုးအပါအဝင် မကောင်းသောအမှုကိုပြုသည့် သက်ရှိလူသားအပေါင်းတို့အပေါ်သို့ ကျရောက်လိမ့်မည်။
10
ဘုန်းတော်၊ ဂုဏ်တော်နှင့် ငြိမ်သက်ခြင်းတို့မူကား ဦးစွာဂျူးလူမျိုး ထို့နောက် ဂရိလူမျိုးအပါအဝင် ကောင်းသောအမှုကိုပြုသောသူအပေါင်းတို့အပေါ်သို့ သက်ရောက်လိမ့်မည်။
11
အကြောင်းမူကား ဘုရားသခင်၌ မျက်နှာလိုက်ခြင်းမရှိ။
12
ပညတ်တရားမပါဘဲ အပြစ်ပြုသောသူရှိသမျှသည် ပညတ်တရားမပါဘဲ ပျက်စီးကြလိမ့်မည်။ ပညတ်တရားအောက်၌ရှိလျက် အပြစ်ပြုသောသူရှိသမျှသည်လည်း ပညတ်တရားအားဖြင့် စီရင်ခြင်းခံရကြလိမ့်မည်။
13
အကြောင်းမူကား ပညတ်တရားကိုကြားနာသောသူတို့သည် ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်ကြသည်မဟုတ်။ ပညတ်တရားကိုလိုက်နာကျင့်သုံးသောသူတို့သာလျှင် ဖြောင့်မတ်သည်ဟုအသိအမှတ်ပြုခြင်းခံရကြ၏။
14
ပညတ်တရားမရှိသောလူမျိုးခြားတို့သည် ပညတ်တရား၏ပြဋ္ဌာန်းချက်များကို အလိုအလျောက်လိုက်နာကျင့်သုံးကြသောအခါ သူတို့၌ပညတ်တရားမရှိသော်လည်း သူတို့ကိုယ်တိုင်သည် မိမိတို့အတွက် ပညတ်တရားဖြစ်ကြပြီး
15
မိမိတို့စိတ်နှလုံးထဲ၌ရေးထားသည့် ပညတ်တရားနှင့်ဆိုင်သောအကျင့်ကို ပြသလျက်ရှိကြ၏။ သူတို့၏အသိစိတ်သည်လည်း အတူတကွသက်သေခံ၍ သူတို့၏စဉ်းစားဆင်ခြင်မှုတို့သည် အချင်းချင်းစွပ်စွဲတစ်ခါ ကာကွယ်တစ်လှည့်ပြုနေကြ၏။
16
ဤအမှုအရာများသည် ငါဟောပြောသည့်ကောင်းမြတ်သောသတင်းအရ လူတို့၏လျှို့ဝှက်သောအကျင့်အကြံတို့ကို ခရစ်တော်ယေရှုအားဖြင့် ဘုရားသခင်စစ်ဆေးစီရင်တော်မူသောနေ့၌ ဖြစ်လိမ့်မည်။
17
အကယ်၍ သင်သည် မိမိကိုယ်ကိုဂျူးလူမျိုးဟုခေါ်လျက်၊ ပညတ်တရားကိုကိုးစားလျက်၊ ဘုရားသခင်၌ဝါကြွားလျက်၊
18
အလိုတော်ကိုသိလျက်၊ ပညတ်တရား၏သွန်သင်မှုကို ခံယူပြီးဖြစ်သောကြောင့် မြင့်မြတ်သောအရာများကို ပိုင်းခြားသိရှိလျက်
19
ပညတ်တရားအားဖြင့် အသိပညာနှင့်သမ္မာတရားတို့၏အနှစ်သာရကို ရရှိထားသည်ဖြစ်၍ မိမိကိုယ်ကို မျက်မမြင်တို့၏လမ်းပြ၊ အမှောင်ထဲ၌နေသောသူတို့အတွက်အလင်း၊
20
မိုက်မဲသောသူတို့ကိုဆုံးမပဲ့ပြင်သူ၊ ကလေးသူငယ်များ၏ဆရာဖြစ်သည်ဟု ယုံကြည်စိတ်ချလျှင်
21
သူတစ်ပါးကိုသွန်သင်လျက်ပင် သင့်ကိုယ်သင်မသွန်သင်သလော။ မခိုးယူရဟုဟောပြောလျက်ပင် သင်ကိုယ်တိုင်ခိုးယူရသလော။
22
အိမ်ထောင်ရေးဖောက်ပြန်မှုကို မကျူးလွန်ရဟုဆိုလျက်ပင် သင်ကိုယ်တိုင်ကျူးလွန်ရသလော။ ရုပ်တုများကိုရွံရှာလျက်ပင် ၎င်းတို့၏ဗိမာန်များကို သင်ကိုယ်တိုင်ဖောက်ထွင်းလုယူရသလော။
23
ပညတ်တရား၌ဝါကြွားလျက်ပင် သင်ကိုယ်တိုင်ပညတ်တရားကိုဖောက်ဖျက်ကျူးလွန်ခြင်းဖြင့် ဘုရားသခင်ကိုမထီလေးစားပြုရသလော။
24
ဤသည်ကား “ဘုရားသခင်၏နာမတော်သည် သင်တို့ကြောင့် လူမျိုးခြားတို့တွင် စော်ကားပြောဆိုခြင်းကိုခံရလျက်ရှိ၏” ဟု ကျမ်းစာ၌ရေးထားသည့်အတိုင်းဖြစ်၏။
25
သင်သည် ပညတ်တရားကိုကျင့်သုံးလျှင် အရေဖျားလှီးခြင်းသည် အမှန်ပင်အကျိုးရှိ၏။ သို့သော် သင်သည် ပညတ်တရားကိုဖောက်ဖျက်ကျူးလွန်သူဖြစ်ပါက သင်၏အရေဖျားလှီးခြင်းသည် အရေဖျားမလှီးခြင်းဖြစ်သွား၏။
26
ထို့ကြောင့် အရေဖျားမလှီးသောသူသည် ပညတ်တရား၏ပြဋ္ဌာန်းချက်များကို စောင့်ထိန်းလျှင် သူ၏အရေဖျားမလှီးခြင်းသည် အရေဖျားလှီးခြင်းအဖြစ် သတ်မှတ်ခြင်းခံရမည်မဟုတ်လော။
27
ထိုအခါ ကိုယ်ခန္ဓာတွင် အရေဖျားမလှီးထားသော်လည်း ပညတ်တရားကို အပြည့်အဝစောင့်ထိန်းသောသူသည် အက္ခရာတင်ထားသောတရားနှင့် အရေဖျားလှီးခြင်းရှိလျက်ပင် ပညတ်တရားကိုဖောက်ဖျက်ကျူးလွန်သောသင့်ကို စီရင်လိမ့်မည်။
28
တစ်နည်းဆိုသော် အပြင်ပန်းအားဖြင့် ဂျူးလူမျိုးဖြစ်သောသူသည် ဂျူးလူမျိုးအစစ်အမှန်မဟုတ်။ အပြင်ပန်းအားဖြင့် ကိုယ်ကာယ၌ခံယူသောအရေဖျားလှီးခြင်းသည်လည်း အရေဖျားလှီးခြင်းအစစ်အမှန်မဟုတ်။
29
အတွင်းသဘောအားဖြင့် ဂျူးလူမျိုးဖြစ်သောသူသာလျှင် ဂျူးလူမျိုးအစစ်အမှန်ဖြစ်ပြီး အက္ခရာတင်ထားသောတရားအားဖြင့်မဟုတ်ဘဲ ဝိညာဉ်တော်အားဖြင့်ဖြစ်သော စိတ်နှလုံး၏အရေဖျားလှီးခြင်းပင် အရေဖျားလှီးခြင်းအစစ်အမှန်ဖြစ်၏။ ထိုသို့သောသူသည် လူတို့ထံမှမဟုတ်ဘဲ ဘုရားသခင်ထံတော်မှချီးမွမ်းခြင်းကိုခံရ၏။
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16