bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBU
/
Ruth 4
Ruth 4
Burmese MSBU
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
1
ဗောဇသည် မြို့တံခါးဝသို့သွား၍ထိုင်နေစဉ် သူပြောခဲ့ဖူးသည့် ရွေးနုတ်ခွင့်ရှိသူ ဖြတ်လာသည်ကိုမြင်၏။ ထိုအခါ ဗောဇက“မိတ်ဆွေ၊ လာထိုင်ပါဦး”ဟု ဖိတ်ခေါ်သဖြင့် ထိုသူလည်း လာထိုင်လေ၏။
2
သူသည် မြို့၏သက်ကြီးဝါကြီးဆယ်ယောက်ကိုလည်း ခေါ်၍ “ထိုင်ကြပါဦး”ဟု ဆိုလျှင် သူတို့လည်း ထိုင်ကြ၏။
3
ထိုအခါ ဗောဇက ရွေးနုတ်ခွင့်ရှိသောသူအား “မောဘပြည်မှ ပြန်လာသော နောမိသည် ငါတို့၏ညီအစ်ကိုဧလိမလက် ပိုင်သောမြေတစ်ကွက်ကို ရောင်းလိုသည်ဖြစ်၍
4
သင့်ကို ပြောပြသင့်သည်ထင်ပါ၏။ ယခု ဤနေရာတွင်ထိုင်နေသောသူတို့နှင့် မြို့သားသက်ကြီးဝါကြီးတို့ရှေ့တွင် ဝယ်ပါ။ သင်ရွေးနုတ်လိုလျှင် ရွေးနုတ်ပါ။ မရွေးနုတ်လိုလျှင် အကျွန်ုပ်ကိုပြောပါ။ သင်နှင့် ကျွန်ုပ်မှလွဲ၍ ရွေးနုတ်ပိုင်သူမရှိ။ သင်အလျင် ရွေးနုတ်ပိုင်ခွင့်ရှိသည်။ သင်မရွေးနုတ်လျှင် ကျွန်ုပ်ရွေးနုတ်မည်”ဟု ဆိုလျှင် ထိုသူက “ကျွန်ုပ်ရွေးနုတ်ပါမည်”ဟု ဆို၏။
5
ဗောဇကလည်း “နောမိလက်မှ မြေကွက်ကိုဝယ်မည်ဆိုလျှင် သေလွန်သူ၏မယား မောဘအမျိုးသမီးရုသကိုပါ ဝယ်ယူရမည်။ သို့မှ သေလွန်သူ၏အမွေမြေကို သူ့အမည်ဖြင့် ဆက်လက်တည်စေမည်ဖြစ်သည်”ဟု ဆိုလျှင်
6
ရွေးနုတ်ခွင့်ရှိသူကလည်း “ကျွန်ုပ်ပိုင်သောအမွေမြေအတွက် အန္တရာယ်ဖြစ်မည်ကို စိုးသောကြောင့် ကျွန်ုပ်မရွေးနုတ်တော့ပါ။ ကျွန်ုပ်မရွေးနုတ်နိုင်သောကြောင့် သင်သာ ရွေးနုတ်ပါ”ဟု ပြန်ပြော၏။
7
ရှေးယခင်က အစ္စရေးလူမျိုးတို့တွင် ရွေးနုတ်ခြင်းအမှု၊ လဲလှယ်ခြင်းအမှုတို့ကို အတည်ပြုရန် တစ်ဦးက အခြားတစ်ဦးအား မိမိ၏ဖိနပ်ကို ချွတ်ပေးရလေ့ရှိသည်မှာ အစ္စရေးလူမျိုးတို့၏ဓလေ့ထုံးတမ်း ဖြစ်၏။
8
ထို့ကြောင့် ရွေးနုတ်ခွင့်ရှိသူက ဗောဇအား “သင်သာ ဝယ်ယူပါ”ဟု ဆိုပြီးလျှင် မိမိ၏ဖိနပ်ကို ချွတ်၏။
9
ထိုအခါ ဗောဇက သက်ကြီးဝါကြီးနှင့် လူအပေါင်းတို့အား “ဧလိမလက်ပိုင်သမျှ၊ ခိလျုန်နှင့် မဟာလုန်ပိုင်သမျှကို ယနေ့ နောမိလက်မှ အကျွန်ုပ်ဝယ်ယူကြောင်း သင်တို့သည် သက်သေများဖြစ်ကြ၏။
10
ကွယ်လွန်သူ၏အမွေသည် သူ့အမည်ဖြင့် ဆက်ရှိစေရန်၊ သူ့ညီအစ်ကိုကြား၊ သူ့နေရင်းမြို့တံခါးတို့တွင် နာမည်ပယ်ဖျက်မခံရစေရန် မဟာလုန်၏မယား မောဘအမျိုးသမီးရုသကိုလည်း အကျွန်ုပ်၏မယားအဖြစ် ဝယ်ယူမည်။ ဤသည်မှာလည်း သင်တို့သည် သက်သေများဖြစ်ကြ၏”ဟု ဆို၏။
11
မြို့တံခါးဝရှိလူအပေါင်းတို့နှင့် သက်ကြီးဝါကြီးတို့က “ငါတို့သည် သက်သေများဖြစ်ကြသည် မှန်ပါ၏။ အစ္စရေးမျိုးနွယ်ကိုဖြစ်တည်လာစေသူနှစ်ဦးဖြစ်သည့် ရာခေလနှင့်လေအာကို ထာဝရဘုရား ကောင်းချီးပေးတော်မူသကဲ့သို့ သင့်အိမ်သူဖြစ်လာမည့်အမျိုးသမီးကိုလည်း ကောင်းချီးပေးပါစေသော။ သင်သည် ဧဖရတ်မြို့၌ ဥစ္စာပစ္စည်းတိုးပွား၍ ဗက်လင်မြို့မှာ ကျော်ကြားပါစေသော။
12
ထာဝရဘုရားက ဤမိန်းမငယ်အားဖြင့် သင့်အားပေးတော်မူမည့် သင့်အမျိုးအနွယ်သည် ယုဒနှင့်တာမာမှဆင်းသက်သော ဖာရက်အမျိုးအနွယ်ကဲ့သို့ဖြစ်ပါစေသော”ဟု ဆိုကြ၏။
13
ဤသို့ဖြင့် ဗောဇသည် ရုသနှင့် ထိမ်းမြားပြီး လင်မယားအဖြစ် အတူနေထိုင်ကြ၏။ ထာဝရဘုရား ကောင်းချီးပေးသဖြင့် ရုသသည် သန္ဓေတည်၍ သားယောက်ျားကို ဖွားမြင်လေ၏။
14
ထိုအခါ မိန်းမတို့က နောမိအား “ယနေ့ သင့်အဖို့ ရွေးနုတ်ခွင့်ရှိသူကို ပေါ်လာစေသောထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။ ထိုသူငယ်သည် အစ္စရေးလူမျိုးတို့တွင် နာမည်ကျော်စောပါစေသော။
15
သင့်ကို ချစ်၍ သင့်အဖို့ သားခုနစ်ယောက်ထက်သာ၍ကောင်းသော သင့်ချွေးမသည် ထိုသူငယ်ကို မွေးဖွားလေပြီ။ ထိုသူငယ်သည် သင့်စိတ်ကိုပြန်လည်လန်းဆန်းစေသူ၊ သင်အိုမင်းရင့်ရော်သောအခါ သင့်ကို ကြည့်ရှုစောင့်ရှောက်သူ ဖြစ်ပါစေ”ဟု ဆိုကြ၏။
16
နောမိသည် သူငယ်ကို ရင်ခွင်ပိုက်ကြည့်ရှုစောင့်ရှောက်လေ၏။
17
အိမ်နီးချင်းတို့ကလည်း “နောမိ၌ သားတစ်ယောက်ရပြီ”ဟု ဆိုလျက် ထိုသူငယ်ကို ဩဗက်ဟု မှည့်ခေါ်၏။ ဩဗက်သည် ဒါဝိဒ်၏အဖိုး၊ ယေရှဲ၏ဖခင် ဖြစ်သတည်း။
18
ဖာရက်၏ဆွေစဉ်မျိုးဆက်စာရင်းကား ဤသို့ဖြစ်၏။ ဖာရက်၏သား ဟေဇရုန်၊
19
ဟေဇရုန်၏သား ရာမ၊ ရာမ၏သား အမိနဒပ်၊
20
အမိနဒပ်၏သား နာရှုန်၊ နာရှုန်၏သား စာလမုန်၊
21
စာလမုန်၏သား ဗောဇ၊ ဗောဇ၏သား ဩဗက်၊
22
ဩဗက်၏သား ယေရှဲ၊ ယေရှဲ၏သား ဒါဝိဒ် ဖြစ်သတည်း။
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
All chapters:
1
2
3
4
Recommended Reading
Commentary
Ruth Commentaries
→
Devotional
Ruth Devotional Guide
→
Get This Bible
Burmese MSBU Study Bible
→