bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBZ
/
Joshua 12
Joshua 12
Burmese MSBZ
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 13 →
1
အစ္စရေးအမျိုးသားတို့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သောပြည်နှင့်ဘုရင်များကား ဤသို့ဖြစ်၏။ အစ္စရေးအမျိုးသားတို့သည် ဂျော်ဒန်မြစ်အရှေ့ဘက်ခြမ်းတွင် အာနုန်ချောင်းမှစ၍ ဟေရမုန်တောင်အထိ၊ အရှေ့ဘက်အရာဗလွင်ပြင်တစ်ခုလုံး၊
2
ဟေရှဘုန်မြို့၌စိုးစံသော အာမောရိလူမျိုးတို့၏ဘုရင်ရှိဟုန်မင်းကြီး ပိုင်နက်ဖြစ်သည့် အာနုန်ချောင်းနံဘေးရှိအာရော်မြို့၊ အာနုန်ချောင်း တစ်ဝက်မှ ဂိလဒ်ပြည်တစ်ဝက်၊ အမ္မုန်အမျိုးသားတို့နယ်စပ် ယဗ္ဗုတ်ချောင်းအထိ အောင်နိုင်ခဲ့၏။
3
အရာဗလွင်ပြင်မှ ဂင်နေသရက်အိုင်အရှေ့ဘက်အထိ၊ ဆားပင်လယ်ဟုခေါ်သောအရာဗပင်လယ်မှ အရှေ့ဘက်ဗက်ယေရှိမုတ်မြို့အထိ၊ တောင်ဘက် ပိသဂါတောင်ခြေအထိ၊
4
အာရှတရုတ်မြို့နှင့်ဧဒြိမြို့တို့၌စိုးစံသော ရေဖိမ်လူမျိုးအကြွင်းအကျန် ဗာရှန်ဘုရင်ဩဃမင်းကြီး ပိုင်နက်ဖြစ်သည့်
5
ဟေရမုန်တောင်၊ သာလကအရပ်နှင့် ဗာရှန်တစ်ပြည်လုံးမှစ၍ ဂေရှုရိလူမျိုး၊ မာခါသိလူမျိုးတို့၏နယ်နိမိတ်အထိ၊ ဂိလဒ်ပြည်တစ်ဝက်မှစ၍ ဟေရှဘုန်ဘုရင်ရှိဟုန်မင်းကြီး၏နယ်နိမိတ်အထိ သိမ်းပိုက်နိုင်ခဲ့၏။
6
ထာဝရဘုရား၏အစေအပါးမောရှေနှင့်အစ္စရေးအမျိုးသားတို့သည် ထိုပြည်တို့ကိုအောင်နိုင်ပြီးလျှင် ထာဝရဘုရား၏အစေအပါးမောရှေသည် ထိုပြည်ကို ရုဗင်အမျိုး၊ ဂဒ်အမျိုးနှင့် မနာရှေအမျိုးတစ်ဝက်အား ပိုင်ဆိုင်ရာအဖြစ်ပေးလေ၏။
7
ယောရှုနှင့်အစ္စရေးအမျိုးသားတို့သည် ဂျော်ဒန်မြစ်အနောက်ဘက်ခြမ်း၌ လက်ဘနွန်ချိုင့်ဝှမ်းရှိဗာလဂဒ်အရပ်မှ စိရပြည်ဘက်သို့တက်သွားသောဟာလက်တောင်အထိ အောင်နိုင်ခဲ့၏။ သူတို့အောင်နိုင်ခဲ့သောပြည်မှဘုရင်များကား ဤသို့ဖြစ်၏။ (ယောရှုသည် အစ္စရေးအမျိုးအနွယ်တို့ကို သူတို့၏ဝေစုအလိုက် အမွေမြေခွဲဝေပေး၏။
8
ထိုနယ်မြေများမှာ တောင်ပေါ်ဒေသ၊ မြေပြန့်ဒေသ၊ အရာဗလွင်ပြင်၊ တောင်စောင်းတစ်လျှောက်၊ တောကန္တာရနှင့် ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ခါနာန်လူမျိုး၊ ဖေရဇိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့နေထိုင်ရာ နေဂေ့အရပ် စသည်တို့ဖြစ်ကြ၏။)
9
ဂျေရိခေါဘုရင်တစ်ပါး၊ ဗေသလမြို့အနီးရှိ အာဣဘုရင်တစ်ပါး၊
10
ဂျေရုဆလင်ဘုရင်တစ်ပါး၊ ဟေဗြုန်ဘုရင်တစ်ပါး၊
11
ယာမုတ်ဘုရင်တစ်ပါး၊ လာခိရှဘုရင်တစ်ပါး၊
12
ဧဂလုန်ဘုရင်တစ်ပါး၊ ဂေဇာဘုရင်တစ်ပါး၊
13
ဒေဗိရဘုရင်တစ်ပါး၊ ဂေဒါဘုရင်တစ်ပါး၊
14
ဟောမာဘုရင်တစ်ပါး၊ အာရဒ်ဘုရင်တစ်ပါး၊
15
လိဗနဘုရင်တစ်ပါး၊ အဒုလံဘုရင်တစ်ပါး၊
16
မက္ကဒါဘုရင်တစ်ပါး၊ ဗေသလဘုရင်တစ်ပါး၊
17
တာပွာဘုရင်တစ်ပါး၊ ဟေဖာဘုရင်တစ်ပါး၊
18
အာဖက်ဘုရင်တစ်ပါး၊ လာရှရုန်ဘုရင်တစ်ပါး၊
19
မာဒုန်ဘုရင်တစ်ပါး၊ ဟာဇော်ဘုရင်တစ်ပါး၊
20
ရှိမရုန်မေရုန်ဘုရင်တစ်ပါး၊ အာခရှပ်ဘုရင်တစ်ပါး၊
21
တာနက်ဘုရင်တစ်ပါး၊ မေဂိဒ္ဒေါဘုရင်တစ်ပါး၊
22
ကေဒေရှဘုရင်တစ်ပါး၊ ကရမေလမြို့မှ ယောကနမ်ဘုရင်တစ်ပါး၊
23
ဒေါရပြည်မှ ဒေါရဘုရင်တစ်ပါး၊ ဂိလဂါလပြည်မှ ဂေါအိမ်ဘုရင်တစ်ပါး၊
24
တိရဇာဘုရင်တစ်ပါး စုစုပေါင်းရှင်ဘုရင် သုံးဆယ့်တစ်ပါးတို့ ဖြစ်သတည်း။
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 13 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24