bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese MSBZ
/
Joshua 16
Joshua 16
Burmese MSBZ
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 17 →
1
ယောသပ်အမျိုးသားတို့ မဲချ၍ရရှိသောအမွေမြေမှာ ဂျေရိခေါစမ်းရေတွင်းအရှေ့ဘက် ဂျေရိခေါမြို့အနီးရှိ ဂျော်ဒန်မြစ်မှ ကန္တာရတစ်လျှောက်ကိုဖြတ်၍ ဂျေရိခေါမြို့မှ ဗေသလတောင်ပေါ်ဒေသသို့တက်သွား၏။
2
ဗေသလမြို့မှ လုဇမြို့သို့ရောက်၏။ ထိုမှ အာခိလူမျိုးတို့၏နယ်မြေ အတရုတ်မြို့ကိုဖြတ်ပြီး
3
အနောက်ဘက် ယာဖလက်နယ်နိမိတ်သို့ ဆင်းသွား၍ အောက်ဗေသောရုန်နယ်နိမိတ်မှ ဂေဇာမြို့အထိဆက်သွားပြီး ပင်လယ်၌ဆုံးလေ၏။
4
ဤသည်ကား ယောသပ်၏သား မနာရှေနှင့် ဧဖရိမ်တို့ ရရှိသောအမွေမြေဖြစ်သတည်း။
5
ဧဖရိမ်အမျိုးသားတို့ မျိုးနွယ်စုအလိုက် ရရှိသောနယ်မြေကား ဤသို့တည်း။ သူတို့ရရှိသောအမွေမြေနယ်နိမိတ်မှာ အရှေ့ဘက် အတရုတ်အဒ္ဒါမြို့မှ အထက်ဗေသောရုန်မြို့တိုင်အောင် ဖြစ်၏။
6
ထိုနယ်နိမိတ်သည် ပင်လယ်ဘက်သို့ရောက်၍ မြောက်ဘက်မိတ်မေသမြို့အထိရောက်၏။ ထိုမှ အရှေ့ဘက်တာနတ်ရှိလောမြို့သို့ ကွေ့သွားကာ အရှေ့ဘက် ယာနောမြို့သို့ ရောက်၏။
7
ယာနောမြို့မှ အတရုတ်မြို့၊ နာရမြို့တို့ဘက်သို့ ဆင်းသွားပြီး ဂျေရိခေါမြို့သို့ရောက်၍ ဂျော်ဒန်မြစ်၌ ဆုံးလေ၏။
8
ထိုနယ်နိမိတ်သည် တာပွာမြို့မှ အနောက်ဘက်ကာနချိုင့်ဝှမ်းသို့ ဆက်သွားပြီး ပင်လယ်၌ ဆုံး၏။ ဤသည်ကား မျိုးနွယ်စုအလိုက် ဧဖရိမ်အမျိုးအနွယ်ရရှိသောအမွေမြေဖြစ်၏။
9
ဤသည်ကား မနာရှေအမျိုးသားတို့ရရှိသောအမွေမြေထဲမှ ဧဖရိမ်အမျိုးသားတို့အားခွဲပေးသော မြို့ရွာများ ဖြစ်၏။
10
ဧဖရိမ်အမျိုးသားတို့သည် ဂေဇာမြို့၌နေထိုင်သော ခါနာန်လူမျိုးတို့ကို မနှင်ထုတ်ဘဲ ယနေ့တိုင်အောင် ခါနာန်လူမျိုးတို့နှင့်အတူနေထိုင်ကြ၏။ သို့သော် သူတို့ကို အလုပ်ကြမ်းလုပ်စေ၏။
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 17 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24