Proverbs 1

Burmese 1928

Chapter 2 →
1ဉာဏ် ပ ညာ နှင့် ဆုံး မ သွန် သင် ခြင်း ကို သိ ကျွမ်း ၍၊ ဉာဏ် ပ ဋိ ဘာန် စ ကား ကို နား လည် စေ ရန် လည်း‌ ကောင်း၊ ပ ညာ သ တိ ရှိ ခြင်း၊ ဖြောင့် မတ် ခြင်း၊ တ ရား စောင့် ခြင်း၊ တော် မှန် ညီ ညွတ် ခြင်း များ ဆိုင် ရာ ဆုံး မ သွန် သင် ခြင်း ကို ခံ ယူ စေ ရန် လည်း‌ ကောင်း၊ မ လိ မ္မာ သော သူ သည်၊ လိ မ္မာ သော ဉာဏ်၊ ပျို ရွယ် သော သူ လည်း၊ အ သိ ပ ညာ နှင့် ကြံ စည် သော ဉာဏ် ကို ရ စေ ရန် လည်း‌ ကောင်း၊ ပ ညာ ရှိ သော သူ သည်၊ နာ ခံ သ ဖြင့် အ သိ အ မြင် တိုး ပွား လျက်၊ ဉာဏ် ကောင်း သော သူ လည်း၊ ပဲ့ ပြင် နိုင် စေ ရန် လည်း‌ ကောင်း၊ န ယ ပုံ ပြင် မှ စ သော၊ ဥ ပ မာ စ ကား များ နှင့်၊ ပ ညာ ရှိ တို့ စ ကား နက် စ ကား ဝှက် များ ကို နား လည် ကြ စေ ရန် လည်း‌ ကောင်း၊ ဒါ ဝိဒ် မင်း သား တော် ဣ သ ရေ လ လူ မျိုး ရှော လ မုန် ဘု ရင် မင်း စီ ရင် သော န ယ ပုံ ပြင် ကျမ်း။
Chapter 2 →