bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
2 Chronicles 15
2 Chronicles 15
Burmese 2021
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 16 →
1
ဘုရားသခင်၏ဝိညာဉ်တော်သည် ဩဒက်သား အာဇရိအပေါ်သို့ သက်ရောက်၍၊
2
အာဇရိသည် အာသမင်းကို ကြိုဆိုခြင်းငှာ သွားလျက်၊ အိုအာသမင်း၊ အိုယုဒအမျိုးနှင့် ဗင်္ယာမိန် အမျိုးသားအပေါင်းတို့၊ ငါ့စကားကို နားထောင်ကြလော့။ သင်တို့သည် ထာဝရဘုရားဘက်၌နေလျှင်၊ နေစဉ်ကာလ၊ ထာဝရဘုရားသည် သင်တို့နှင့်အတူ ရှိတော်မူမည်။ ထာဝရဘုရားကိုရှာလျှင် အတွေ့ခံတော်မူမည်။ စွန့်လျှင်သင်တို့ကို စွန့်တော်မူမည်။
3
ကြာမြင့်သောကာလပတ်လုံး၊ ဣသရေလအမျိုး၌ မှန်သောဘုရား မရှိ။ ဩဝါဒပေးတတ်သော ယဇ်ပုရောဟိတ် မရှိ။ တရားလည်းမရှိဘဲ နေ၍၊
4
ဘေးရောက်သဖြင့်၊ သူတို့သည် ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားထံတော်သို့ ပြန်လာ၍၊ ရှာကြသောအခါ အတွေ့ခံတော်မူ၏။
5
ရှေးကာလ၌ ထွက်သောသူ၊ ဝင်သောသူသည် ချမ်းသာမရ။ အတိုင်းတိုင်း အပြည်ပြည်သား အပေါင်းတို့သည် အလွန်ဆင်းရဲခြင်းကို ခံရကြ၏။
6
တစ်နိုင်ငံနှင့်တစ်နိုင်ငံ၊ တစ်မြို့နှင့်တစ်မြို့ထကြ၍၊ ဘေးအမျိုးမျိုးအားဖြင့်၊ ဘုရားသခင် ဆုံးမတော်မူ၏။
7
သင်တို့မူကား အားယူကြလော့။ လက်အား မလျော့စေနှင့်။ သင်တို့ကျင့်သည်အတိုင်း အကျိုးကိုခံရကြမည်ဟု မြွက်ဆို၏။
8
ထိုစကားနှင့် ပရောဖက်ဩဒက်၏ အနာဂတ္တိစကားကို အာသမင်းသည် ကြားသောအခါ၊ ရဲရင့်ခြင်းသို့ရောက်၍၊ ယုဒပြည်နှင့် ဗင်္ယာမိန်ပြည် အရပ်ရပ်တို့၌လည်းကောင်း၊ ဧဖရိမ်တောင်ပေါ်မှာ တိုက်ယူသော မြို့တို့၌လည်းကောင်း၊ စက်ဆုပ်ဖွယ်သော အရာရှိသမျှတို့ကို ပယ်ရှား၍၊ ဗိမာန်တော်ဦးရှေ့တွင်ရှိသော ထာဝရဘုရား၏ ယဇ်ပလ္လင်ကို ပြုပြင်လေ၏။
9
ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုးသား အပေါင်းတို့ကိုလည်းကောင်း၊ ဧဖရိမ်ခရိုင်၊ မနာရှေခရိုင်၊ ရှိမောင်ခရိုင်ထဲကထွက်သော တစ်ပါးအမျိုးသားတို့ကိုလည်းကောင်း စုဝေးစေ၏။ အာသမင်း၏ ဘုရားသခင် ထာဝရဘုရားသည်၊ သူနှင့်အတူ ရှိတော်မူကြောင်းကို၊ ဣသရေလအမျိုးသားအများတို့သည် သိမြင်လျှင်၊ ထိုမင်းဘက်သို့ ဝင်စားကြ၏။
10
အာသမင်း နန်းစံဆယ်ငါးနှစ်၊ တတိယလတွင် ယေရုရှလင်မြို့၌ စုဝေး၍၊
11
ဆောင်ခဲ့သော လက်ရဥစ္စာထဲက နွားခုနစ်ရာ၊ သိုးခုနစ်ထောင်တို့ကို ထာဝရဘုရားအား ပူဇော်ကြ၏။
12
ဘိုးဘေးတို့၏ ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ရှာပါမည်ဟူ၍လည်းကောင်း၊
13
ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားကို မရှာသောသူ၊ ယောက်ျားမိန်းမ အကြီးအငယ်မည်သည်ကား၊ အသေသတ်ခြင်းကို ခံရမည်ဟူ၍လည်းကောင်း၊
14
ကြွေးကြော်သံ၊ တံပိုးနှဲခရာမှုတ်သံနှင့်တကွ၊ ကြီးသောအသံဗလံပြုလျက်၊ ထာဝရဘုရားအား ကျိန်ဆို၍ ဝန်ခံခြင်းပဋိညာဉ် ဖွဲ့ကြ၏။
15
ယုဒလူအပေါင်းသည် ထိုသို့ကျိန်ဆိုခြင်းကို ပြုသောအခါ ဝမ်းမြောက်ကြ၏။ အကြောင်းမူကား၊ စိတ်နှလုံးအကြွင်းမဲ့ ကျိန်ဆို၍၊ အလိုဆန္ဒအားကြီးသည်နှင့်၊ ထာဝရဘုရားကို ရှာသောကြောင့် အတွေ့ခံတော်မူ၏။ အရပ်ရပ်၌ ငြိမ်သက်ခြင်းအခွင့်ကို ပေးတော်မူ၏။
16
အာသမင်းကြီး၏ အဖွားတော်မာခါသည်၊ အာရှရပင်အောက်မှာ ရုပ်တုကိုလုပ်သောကြောင့်၊ မိဖုရားအရာကိုနုတ်၍၊ ရုပ်တုကို ဖျက်ဆီးကျော်နင်းပြီးလျှင်၊ ကေဒြုန်ချောင်းနားမှာ မီးရှို့တော်မူ၏။
17
မြင့်သောအရပ်တို့ကို ဣသရေလပြည်၌ မပယ်ရှားသော်လည်း၊ လက်ထက်တော်ကာလပတ်လုံး အာသစိတ်နှလုံးသည် စုံလင်ခြင်းရှိ၏။
18
ခမည်းတော်လှူသော ဥစ္စာ၊ ကိုယ်တိုင်လှူသော ဥစ္စာ၊ ရွှေ၊ ငွေတန်ဆာများကို ဗိမာန်တော်ထဲသို့ သွင်းထားတော်မူ၏။
19
နောက်တစ်ဖန် နန်းစံ သုံးဆယ်ငါးနှစ်တိုင်အောင် စစ်တိုက်ခြင်းမရှိ။
← Chapter 14
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 16 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36