bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
2 Chronicles 20
2 Chronicles 20
Burmese 2021
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 21 →
1
ထိုနောက်မှ၊ မောဘအမျိုးသားနှင့် အမ္မုန်အမျိုးသားတို့သည် ဧဒုံအမျိုးသားအချို့နှင့်တကွ၊ ယောရှဖတ်ကို စစ်တိုက်မည်ဟု ချီလာကြ၏။
2
အိုင်ကြီးတစ်ဖက်၊ ဧဒုံပြည်ဘက်က များစွာသော အလုံးအရင်း စစ်ချီလာ၍၊ အင်္ဂေဒိအမည်ရှိသော ဟာဇဇုန္တာမာမြို့မှာ ရှိကြပါသည်ဟု ယောရှဖတ်အား ကြားလျှောက်လျှင်၊
3
ယောရှဖတ်သည် ကြောက်၍၊ ထာဝရဘုရားကို ရှာခြင်းငှာသဘောချလျက်၊ အစာရှောင်ရာအချိန်ကို၊ ယုဒပြည်တစ်လျှောက်လုံး၌ ကြော်ငြာစေတော်မူ၏။
4
ယုဒလူတို့သည် ထာဝရဘုရားကို ဆုတောင်းမည်ဟုစုဝေး၍၊ ထာဝရဘုရားကိုရှာအံ့သောငှာ၊ ယုဒမြို့ရှိသမျှမှ ထွက်လာကြ၏။
5
ယောရှဖတ်သည် ဗိမာန်တော်တံတိုင်းသစ်ရှေ့၊ ယုဒပြည်သူ ယေရုရှလင်မြို့သားစည်းဝေးရာ ပရိသတ်အလယ်၌ရပ်လျက်၊
6
ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် ကောင်းကင်ဘုံ၏အရှင် ဘုရားသခင် ဖြစ်တော်မူသည် မဟုတ်လော။ တစ်ပါးအမျိုးသားနေရာ တိုင်းနိုင်ငံရှိသမျှတို့ကို အစိုးရတော်မူသည် မဟုတ်လော။ အဘယ်သူမျှ မဆီးတားနိုင်အောင် ခွန်အားတန်ခိုး ကြီးတော်မူသည် မဟုတ်လော။
7
ဤပြည်၌နေဖူးသော သူတို့ကို ကိုယ်တော်၏လူ ဣသရေလအမျိုးရှေ့မှ နှင်ထုတ်၍၊ ကိုယ်တော်အဆွေ အာဗြဟံ၏သားမြေးတို့အား၊ ဤပြည်ကို အစဉ်ပေးတော်မူသော အကျွန်ုပ်တို့၏ဘုရားသခင် ဖြစ်တော်မူသည် မဟုတ်လော။
8
သူတို့သည် နေရာကျ၍၊ နာမတော်အဖို့ သန့်ရှင်းရာဌာနတော်ကို တည်ဆောက်ကြသောအခါ၊
9
အကျွန်ုပ်တို့အပေါ်မှာ ဓားဘေး၊ ဒဏ်ခတ်ခြင်းဘေး၊ ကာလနာဘေး၊ မွတ်သိပ်ခြင်းဘေးတစ်စုံတစ်ခုရောက်၍၊ နာမတော်ဖြင့်သမုတ်သော ဤအိမ်တော်၊ အထံတော်သို့ အကျွန်ုပ်တို့သည် ချဉ်းကပ်၍၊ ဆင်းရဲဒုက္ခကြောင့် အော်ဟစ်ကြသောအခါ၊ နားထောင်၍ကယ်မတော်မူပါဟု လျှောက်ထားကြပါပြီ။
10
ယခုတွင်၊ ဣသရေလအမျိုးသားတို့သည် အဲဂုတ္တုပြည်မှ ထွက်လာသောအခါ၊ တိုက်ရသောအခွင့် ပေးတော်မမူ။ လွှဲရှောင်၍ မဖျက်ဆီးဘဲထားခဲ့သော အမ္မုန်အမျိုးသား၊ မောဘအမျိုးသား၊ စိရတောင်သားတို့သည်၊
11
အကျွန်ုပ်တို့အား အပိုင်ပေးတော်မူသော အမွေခံရာမြေထဲက၊ အကျွန်ုပ်တို့ကို နှင်ထုတ်ခြင်းငှာလာ၍၊ အဘယ်သို့ ကျေးဇူးဆပ်ကြပါသည်ကို ကြည့်ရှုတော်မူပါ။
12
အိုအကျွန်ုပ်တို့ဘုရားသခင်၊ သူတို့ကို မစီရင်ဘဲနေတော်မူမည်လော။ အကျွန်ုပ်တို့ကို တိုက်အံ့သောငှာ လာသော ဤအလုံးအရင်းကြီးကို၊ အကျွန်ုပ်တို့သည် ဆီးတားခြင်ငှာ မတတ်နိုင်ပါ။ အဘယ်သို့ပြုရမည်ကို မသိပါ။ ကိုယ်တော်ကိုသာ မျှော်ကြည့်လျက်နေကြပါသည်ဟု ဆုတောင်း၍၊
13
ယုဒလူအပေါင်းတို့သည် သားမယား သူငယ်တို့နှင့်တကွ၊ ထာဝရဘုရားရှေ့တော်၌ ရပ်နေကြ၏။
14
ထိုအခါ ပရိသတ်အလယ်၌ရှိသော လေဝိအမျိုး၊ အာသပ်အနွယ်၊ မတ္တနိ၊ ယေယေလ၊ ဗေနာယ၊ ဇာခရိတို့မှ ဆင်းသက်သော ယဟာဇေလအပေါ်သို့၊ ထာဝရဘုရား၏ ဝိညာဉ်တော်သည် သက်ရောက်၍၊
15
ထိုသူက၊ အိုယောရှဖတ်မင်းကြီးနှင့် ယုဒပြည်သူ၊ ယေရုရှလင်မြို့သားအပေါင်းတို့၊ နားထောင်ကြလော့။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုအလုံးအရင်းကြီးကြောင့် မကြောက်ကြနှင့်။ စိတ်မပျက်ကြနှင့်။ စစ်မှုသည် သင်တို့တာမဟုတ်၊ ဘုရားသခင့်တာ ဖြစ်၏။
16
နက်ဖြန်နေ့ သူတို့ရှိရာသို့ ချီသွားကြလော့။ သူတို့သည် ဇိဇမြို့သို့ တက်ရာလမ်းဖြင့် လာကြစဉ်၊ ယေရွေလတောစပ်နား၊ ချိုင့်ဝမှာ သင်တို့တွေ့ကြလိမ့်မည်။
17
သို့ရာတွင်၊ အိုယုဒပြည်သူ ယေရုရှလင်မြို့သားတို့၊ သင်တို့သည် စစ်တိုက်စရာအကြောင်း မရှိသည်ဖြစ်၍၊ တည်ကြည်စွာ မတ်တတ်နေလျက်၊ ထာဝရဘုရား ကယ်တင်တော်မူခြင်းကျေးဇူးကို ကြည့်ရှုကြလော့။ မကြောက်ကြနှင့်။ စိတ်မပျက်ကြနှင့်။ နက်ဖြန်နေ့ ချီသွားကြလော့။ ထာဝရဘုရားသည် သင်တို့နှင်အတူ ရှိတော်မူလိမ့်မည်ဟု မြွက်ဆို၏။
18
ယောရှဖတ်သည် မြေပေါ်မှာဦးချ၍ ယုဒပြည်သူ ယေရုရှလင်မြို့သားအပေါင်းတို့သည် ထာဝရဘုရားရှေ့တော်၌ ပျပ်ဝပ်လျက်၊ ထာဝရဘုရားကို ကိုးကွယ်ကြ၏။
19
လေဝိအမျိုး၊ ကောဟတ်အနွယ်သားနှင့် ကောရအနွယ်သားတို့သည်၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားကို၊ ကျယ်သောအသံနှင့် ချီးမွမ်းခြင်းငှာ ရပ်နေကြ၏။
20
နက်ဖြန်နံနက်စောစောထ၍၊ တေကောတောသို့ ထွက်သွားကြ၏။ သွားကြစဉ်တွင်၊ ယောရှဖတ်သည် ရပ်၍၊ အိုယုဒပြည်သူ ယေရုရှလင်မြို့သားတို့၊ နားထောင်ကြလော့။ သင်တို့၏ ဘုရားသခင်ကို ယုံကြည်ကြလော့။ သို့ပြုလျှင် တည်ကြည်ကြလိမ့်မည်။ ပရောဖက်တော်တို့ကို ယုံကြည်ကြလော့။ သို့ပြုလျှင် အောင်မြင်ကြလိမ့်မည်ဟု မိန့်တော်မူ၏။
21
လူများနှင့်တိုင်ပင်ပြီးမှ၊ ထာဝရဘုရား၏ ကရုဏာတော်သည် အစဉ်အမြဲတည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့ဟု တပ်ရှေ့မှာချီသွားလျက်၊ သန့်ရှင်းခြင်းအသရေကို ချီးမွမ်းရသော သီချင်းသည်တို့ကို ထာဝရဘုရားအဖို့ ခန့်ထားတော်မူ၏။
22
ထိုသူတို့သည် ချီးမွမ်းရာသီချင်းကို ဆိုစပြုကြသောအခါ၊ ယုဒပြည်ကိုတိုက်အံ့သောငှာ လာသော၊ စိရတောင်သားတို့ကို အမ္မုန်အမျိုးသား၊ မောဘအမျိုးသားတို့ တစ်ဖက်၌ ထာဝရဘုရား ချောင်းမြောင်းစေတော်မူသဖြင့်၊ အမ္မုန်အမျိုးသား၊ မောဘအမျိုးသားတို့သည် အထိအခိုက်ခံရသောကြောင့်၊
23
တစ်ဖန် စိရတောင်သားတို့ကို သုတ်သင်ပယ်ရှင်းခြင်းငှာ လှန်၍တိုက်သဖြင့်၊ အကုန်အစင်သတ်ပြီးမှ၊ တစ်ယောက်ကိုတစ်ယောက် တိုက်ခိုက်၍၊ ပျက်စီးခြင်းသို့ရောက်ကြ၏။
24
ယုဒလူတို့သည် တော၌ရှိသော ကင်းမျှော်စင်သို့ရောက်၍၊ ထိုအလုံးအရင်းကို ကြည့်ရှုသောအခါ၊ ထိုလူအပေါင်းတို့သည် တစ်ယောက်မျှမလွတ်၊ မြေပေါ်မှာလဲသော အသေကောင်ဖြစ်ကြ၏။
25
ယောရှဖတ်နှင့် သူ၏လူတို့သည်၊ ရန်သူတို့ဥစ္စာကို လုယူခြင်းငှာ လာကြသောအခါ၊ အသေကောင်တို့၌ များစွာသောဥစ္စာ၊ အဖိုးထိုက်သော တန်ဆာတို့ကို တွေ့သဖြင့်၊ ထမ်း၍မသွားနိုင်အောင် ချွတ်ယူကြ၏။ လက်ရဥစ္စာ အလွန်များသောကြောင့်၊ သုံးရက်ပတ်လုံး လုယူထုပ်ထားလျက် နေကြ၏။
26
စတုတ္ထနေ့တွင် ဗရာခချိုင့်၌စည်းဝေး၍၊ ထာဝရဘုရားကို ကောင်းချီးပေးကြ၏။ ထိုကြောင့်၊ ယနေ့တိုင်အောင် ထိုအရပ်သည် ဗရာခချိုင့်ဟူ၍ တွင်သတည်း။
27
ထိုအခါ သူတို့သည် ရန်သူတို့အပေါ်မှာ ဝမ်းမြောက်သောအခွင့်ကို၊ ထာဝရဘုရားပေးတော်မူသောကြောင့်၊ ယောရှဖတ်သည် ရှေ့ဦးစွာကြွ၍ ယုဒပြည်သူ ယေရုရှလင်မြို့သား အပေါင်းတို့သည်၊ ဝမ်းမြောက်သောစိတ်နှင့် ယေရုရှလင်မြို့သို့ ပြန်သွား၍၊
28
စောင်း၊ တယော၊ တံပိုးကို တီးမှုတ်လျက်၊ ယေရုရှလင်မြို့၊ ဗိမာန်တော်သို့ ရောက်လာကြ၏။
29
ထာဝရဘုရားသည် ဣသရေလအမျိုး၏ ရန်သူတို့ကို တိုက်တော်မူကြောင်းကို၊ အခြားတိုင်းနိုင်ငံသား ရှိသမျှတို့သည်ကြား၍၊ ဘုရားသခင်ကို ကြောက်ရွံ့ကြ၏။
30
ထိုသို့ ဘုရားသခင်သည် အရပ်ရပ်၌ ငြိမ်ဝပ်သောအခွင့်ကို ပေးတော်မူသောကြောင့်၊ ယောရှဖတ်၏နိုင်ငံတော်သည် သာယာ၏။
31
ယောရှဖတ်သည် အသက်သုံးဆယ်ငါးနှစ်ရှိသော်နန်းထိုင်၍ နှစ်ဆယ်ငါးနှစ်ပတ်လုံး ယေရုရှလင်မြို့မှာ နေလျက်၊ ယုဒပြည်ကို စိုးစံလေ၏။ မယ်တော်ကား ရှိလဟိသမီး အဇုဘအမည်ရှိ၏။
32
ထိုမင်းသည် ခမည်းတော်အာသလိုက်သော လမ်းကိုမလွှဲ၊ အကုန်အစင်လိုက်၍၊ ထာဝရဘုရားရှေ့တော်၌ ဖြောင့်မတ်သောအကျင့်ကိုသာ ကျင့်၏။
33
သို့ရာတွင်၊ မြင့်သောအရပ်တို့ကို မပယ်ရှား။ လူများတို့သည် ဘိုးဘေးတို့၏ ဘုရားသခင်ကို ဆည်းကပ်ခြင်းငှာ၊ သဘောမချဘဲ နေကြသေး၏။
34
ယောရှဖတ်ပြုမူသော အမှုအရာ ကြွင်းလေသမျှ အစအဆုံးတို့သည်၊ ဣသရေလရာဇဝင်နှင့် ဆက်၍၊ ဟာနန်သားယေဟု စီရင်သောစာ၌ ရေးထားလျက်ရှိ၏။
35
နောက်တစ်ဖန် ယုဒရှင်ဘုရင်ယောရှဖတ်သည်၊
36
တာရှုမြို့သို့သွားရသော သင်္ဘောတို့ကိုတည်လုပ်ခြင်းငှာ၊ အလွန်အဓမ္မအမှုကို ပြုသော ဣသရေလရှင်ဘုရင် အာခဇိနှင့် ပေါင်းဖော်ပြီးလျှင်၊ ထိုသင်္ဘောတို့ကို ဧဇယုန်ဂါဗာမြို့မှာ တည်လုပ်ကြ၏။
37
ထိုအခါ မရေရှမြို့သူ၊ ဒေါဒေဝသား ဧလျေဇက၊ မင်းကြီးသည် အာခဇိနှင့် ပေါင်းဖော်သောကြောင့်၊ ထာဝရဘုရားသည် မင်းကြီးပြုသောအမှုကို ဖျက်တော်မူပြီးဟု ယောရှဖတ်တစ်ဖက်၌ ဟောသည်နှင့်အညီ၊ ထိုသင်္ဘောတို့သည် တာရှုမြို့သို့မသွားနိုင်အောင် ကျိုးပဲ့ကြ၏။
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 21 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36