bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
2 Chronicles 28
2 Chronicles 28
Burmese 2021
← Chapter 27
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 29 →
1
အာခတ်သည် အသက်နှစ်ဆယ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တစ်ဆယ်ခြောက်နှစ် စိုးစံလေ၏။ ထိုမင်းသည် အဘဒါဝိဒ်ကဲ့သို့ မကျင့်၊ ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကိုမပြု။
2
ဣသရေလရှင်ဘုရင်တို့ လိုက်သောလမ်းသို့လိုက်၍၊ ဗာလဘုရားတို့အဖို့ ရုပ်တုဆင်းတုများကို သွန်းလေ၏။
3
ထာဝရဘုရားသည် ဣသရေလအမျိုးသားရှေ့မှ နှင်ထုတ်တော်မူသော တစ်ပါးအမျိုးသားတို့၏ ရွံရှာဖွယ် ထုံးစံအတိုင်း၊ ဟိန္နုံသားချိုင့်၌ နံ့သာပေါင်းကိုမီးရှို့၍၊ မိမိသားတို့ကိုလည်း မီးဖြင့်ပူဇော်၏။
4
မြင့်သောအရပ်၊ တောင်ပေါ်၊ သစ်ပင်အောက်တို့၌ ယဇ်ပူဇော်၍၊ နံ့သာပေါင်းကို မီးရှို့တတ်၏။
5
ထိုကြောင့်၊ သူ၏ဘုရားသခင် ထာဝရဘုရားသည်၊ သူ့ကို ရှုရိရှင်ဘုရင်လက်သို့ အပ်တော်မူသဖြင့်၊ ရှုရိလူတို့သည် လုပ်ကြံလျက်၊ များစွာသောလူတို့ကိုဖမ်းဆီး၍၊ ဒမာသက်မြို့သို့ သိမ်းသွားကြ၏။
6
တစ်ဖန် ဣသရေလရှင်ဘုရင်လက်သို့ အပ်တော်မူသဖြင့်၊ ထိုရှင်ဘုရင်ရေမလိသား ပေကာသည် ကြမ်းတမ်းစွာလုပ်ကြံ၍၊ ရဲရင့်သောယုဒအမျိုးသား တစ်သိန်းနှစ်သောင်းကို တစ်နေ့ချင်းတွင် သတ်လေ၏။ အကြောင်းမူကား၊ သူတို့သည် ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားကို စွန့်ကြသတည်း။
7
ခွန်အားကြီးသော ဧဖရိမ်သား ဇိခရိသည်၊ ရှင်ဘုရင်သား မာသေယ၊ နန်းတော်အုပ် အာဇရိကံ၊ ရှင်ဘုရင်နောက် ဒုတိယမင်း ဧလကာနကိုသတ်၏။
8
ဣသရေလအမျိုးသားတို့သည်လည်း၊ မိမိတို့နှင့် ပေါက်ဖော်တော်သော ယောက်ျား၊ မိန်းမ၊ သား၊ သမီးပေါင်းနှစ်သိန်းကို ဖမ်းဆီးသိမ်းသွားကြ၏။ များစွာသောဥစ္စာကိုလည်း လုယူ၍ ရှာမာရိမြို့သို့ ဆောင်သွားကြ၏။
9
ဩဒက်အမည်ရှိသော ထာဝရဘုရား၏ပရောဖက်တစ်ပါးရှိ၍၊ ရှမာရိမြို့သို့ ပြန်လာသောတပ်ကို ဆီးကြိုလျက်၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားသည် ယုဒပြည်ကိုအမျက်တော်ထွက်သောကြောင့်၊ သင်တို့လက်၌ အပ်တော်မူသဖြင့်၊ သင်တို့သည် မိုးကောင်းကင်သို့ထိသော ဒေါသအဟုန်နှင့် သူတို့ကို သတ်ကြပြီတကား။
10
ယခုတွင်လည်း၊ ယုဒပြည်သူ၊ ယေရုရှလင်မြို့သား ယောက်ျား၊ မိန်းမတို့ကို အစေခံကျွန်လုပ်၍၊ နှိပ်စက်မည့်အကြံ ရှိကြသည်တကား။ သို့ပြုလျှင် သင်တို့၏ဘုရားသခင် ထာဝရဘုရားကို ပြစ်မှားရာသို့ရောက်သည် မဟုတ်လော။
11
ငါ့စကားကို နားထောင်ကြလော့။ သင်တို့သည် ယခုဖမ်းဆီး၍ သိမ်းယူခဲ့သော သင်တို့၏ညီအစ်ကိုများကို လွှတ်လိုက်ကြလော့။ သို့မဟုတ် ထာဝရဘုရား၏ ပြင်းစွာသောအမျက်တော်သည် သင်တို့အပေါ်မှာ သက်ရောက်လိမ့်မည်ဟု သတိပေး၏။
12
ထိုအခါ ဧဖရိမ်အမျိုးသားအကြီးအကဲ၊ ယောဟနန်သား အာဇရိ၊ မေရှိလေမုတ်သား ဗေရခိ၊ ရှလ္လုံသား ဟေဇကိ၊ ဟာဒလဲသား အာမသာတို့သည် စစ်တိုက်ရာမှလာသော သူတို့ကို ဆီးတား၍၊
13
သင်တို့သိမ်းယူခဲ့သော သူတို့ကို ဤမြို့ထဲသို့ မသွင်းရ။ ငါတို့သည် ထာဝရဘုရားကို ပြစ်မှားပြီ။ အပြစ်ရင်းအပေါ်မှာထပ်၍ ပြစ်မှားစေဦးမည်ဟု သင်တို့ ကြံစည်ကြသည်တကား။ ယခုတွင် ငါတို့အပြစ်ကြီးလှ၏။ ဣသရေလအမျိုး၌ ပြင်းစွာအမျက်ထွက်လျက်ရှိသည်ဟု ဆိုသောကြောင့်၊
14
စစ်သူရဲတို့သည် သိမ်းယူခဲ့သောလူများနှင့် လုယူခဲ့သောဥစ္စာများကို မင်းတို့ရှေ့၊ ပရိသတ်တို့ရှေ့မှာ ထားကြ၏။
15
အထက်ဆိုခဲ့ပြီးသောသူတို့သည် ထလျက်၊ သိမ်းယူခဲ့သော သူတို့ကိုခေါ်၍၊ အဝတ်မရှိသောသူတို့ကို လက်ရဥစ္စာဖြင့် ဝတ်ဆင်စေကြ၏။ ခြေနင်းကို စီးစေကြ၏။ စားသောက်စရာဖို့ပေးကြ၏။ ဆီနှင့် လိမ်းစေကြ၏။ အားမရှိသောသူအပေါင်းတို့ကို မြည်းပေါ်မှာတင်၍၊ သူတို့ ပေါက်ဖော်ရှိရာ ယေရိခေါမြို့တည်းဟူသော စွန်ပလွံပင်မြို့သို့ ပို့ပြီးမှ၊ ရှမာရိမြို့သို့ ပြန်သွားကြ၏။
16
ထိုအခါ အာရှုရိရှင်ဘုရင်လာ၍ကူမစေခြင်းငှာ၊ အာခတ်မင်းကြီးသည် သံတမန်ကို စေလွှတ်လေ၏။
17
အကြောင်းမူကား၊ ဧဒုံလူတို့သည် လာပြန်သဖြင့်၊ ယုဒပြည်ကို လုပ်ကြံ၍၊ လူများကို ဖမ်းဆီးသိမ်းသွားကြပြီ။
18
ဖိလိတ္တိလူတို့သည်လည်း၊ နိုင်ငံအောက်ပိုင်းနှင့် ယုဒပြည်တောင်ပိုင်း၌ရှိသော မြို့တို့ကိုတိုက်၍၊ ဗက်ရှေမက်မြို့၊ အာဇလုန်မြို့၊ ဂေဒရုတ်မြို့၊ ရှောခေါမြို့ရွာ၊ တိမနာမြို့ရွာ၊ ဂိမဇောမြို့ရွာများကို ယူ၍ နေရာချကြ၏။
19
ယုဒရှင်ဘုရင်အာခတ်ကြောင့် ထာဝရဘုရားသည် ယုဒပြည်ကို အလွန်နှိမ့်ချ၏။ ထိုမင်းသည် ယုဒပြည်၏ အဝတ်တန်ဆာကိုချွတ်၍၊ ထာဝရဘုရားကို ကြမ်းတမ်းစွာ ပြစ်မှား၏။
20
အာရှုရိရှင်ဘုရင် တိဂလတ်ပိလေသာ လာသော်လည်း၊ အားကိုမပေး၊ သာ၍ဆင်းရဲစေ၏။
21
အကြောင်းမူကား၊ အာခတ်သည် ဗိမာန်တော်ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာမှစ၍၊ မှူးမတ်အိမ်တို့၌ရှိသော ဥစ္စာများကိုခွဲပြီးလျှင်၊ အာရှုရိရှင်ဘုရင်အား ပေးသော်လည်း၊ ထိုရှင်ဘုရင်သည် ကျေးဇူးပြန်၍မပြု။
22
အာခတ်မင်းကြီးသည် ဆင်းရဲဒုက္ခခံရသောအခါ၊ ထာဝရဘုရားကို သာ၍ပြစ်မှား၏။
23
ငါ့ကိုဒဏ်ပေးသော ဒမာသက်မြို့၏ဘုရားတို့ကို ငါဆည်းကပ်မည်ဟူ၍လည်းကောင်း၊ ရှုရိရှင်ဘုရင် ကိုးကွယ်သော ဘုရားတို့သည် ကျေးဇူးပြုတတ်သောကြောင့်၊ ငါ၌လည်း ကျေးဇူးပြုစေခြင်းငှာ၊ ထိုဘုရားတို့အား ယဇ်ပူဇော်မည်ဟူ၍လည်းကောင်း ဆိုသော်လည်း၊ ထိုဘုရားတို့သည် အာခတ်မင်းနှင့် ဣသရေလအမျိုး အကျိုးနည်းစရာအကြောင်း ဖြစ်သတည်း။
24
တစ်ဖန် အာခတ်သည် ဗိမာန်တော်တန်ဆာတို့ကို စုထား၍ အပိုင်းပိုင်း ချိုးဖြတ်၏။ ဗိမာန်တော်တံခါးတို့ကိုလည်း ပိတ်ထား၏။ ယေရုရှလင်မြို့ထောင့်များ၌ ယဇ်ပလ္လင်တို့ကို တည်၏။
25
အခြားတစ်ပါးသောဘုရားတို့အား နံ့သာပေါင်းကို မီးရှို့စရာဖို့၊ ယုဒမြို့အသီးအသီးတို့၌ မြင့်သောအရပ်တို့ကို တည်၍ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရား၏အမျက်တော်ကို နှိုးဆော်လေ၏။
26
အာခတ်ကျင့်ကြံပြုမူသော အမှုအရာကြွင်းလေမျှ အစအဆုံးတို့သည် ယုဒရာဇဝင်နှင့် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
27
အာခတ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ယေရုရှလင်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံရသော်လည်း၊ ဣသရေလရှင်ဘုရင်တို့ သင်္ချိုင်း၌ မသင်္ဂြိုဟ်ကြ။ သားတော်ဟေဇကိသည် ခမည်းတော်အရာ၌ နန်းထိုင်၏။
← Chapter 27
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 29 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36