bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
2 Chronicles 25
2 Chronicles 25
Burmese 2021
← Chapter 24
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 26 →
1
အာမဇိသည် အသက်နှစ်ဆယ်ငါးနှစ်ရှိသော်နန်းထိုင်၍ ယေရုရှလင်မြို့၌ နှစ်ဆယ်ကိုးနှစ်စိုးစံ၏။ မယ်တော်ကား၊ ယေရုရှလင်မြို့သူ ယုဒ္ဒန်အမည်ရှိ၏။
2
ထိုမင်းသည် ထာဝရဘုရားရှေ့တော်၌ တရားသောအမှုကို ပြုသော်လည်း၊ စိတ်နှလုံးမစုံလင်။
3
အာမဇိသည် မင်းအာဏာတည်သောအခါ၊ ခမည်းတော်မင်းကြီးကို သတ်သောကျွန်တို့ကို သတ်လေ၏။
4
သားအတွက်အဘသည် အသေမခံရ။ အဘအတွက် သားသည်အသေမခံရ။ လူတိုင်း မိမိအပြစ်ကြောင့် အသေခံရ၏ဟု မောရှေပညတ္တိကျမ်းစာ၌ ရေးထားလျက်ရှိသော ထာဝရဘုရား၏ပညတ်တော်ကို စောင့်ရှောက်၍၊ ထိုကျွန်တို့၏သားများကို မသတ်ဘဲနေ၏။
5
အာမဇိမင်းသည် ယုဒလူတို့ကိုစုဝေးစေ၍ ယုဒလူနှင့် ဗင်္ယာမိန်လူတို့တွင်၊ အဆွေအမျိုးအလိုက် လူတစ်ထောင်အုပ်၊ တစ်ရာအုပ်တို့ကို ခန့်ထား၏။ အသက်နှစ်ဆယ်လွန်၍၊ လှံနှင့်ဒိုင်းကို ကိုင်တတ်သော စစ်သူရဲကောင်းတို့သည်၊ စာရင်းဝင်သည်အတိုင်း သုံးသိန်းရှိကြ၏။
6
ခွန်အားကြီးသော ဣသရေလသူရဲတစ်သိန်းကိုလည်း ငွေအခွက်တစ်ထောင်နှင့် ငှား၏။
7
သို့ရာတွင် ဘုရားသခင်၏လူတစ်ယောက်သည်လာ၍ အိုမင်းကြီး၊ ဣသရေလတပ်ကို မလိုက်စေနှင့်။ ထာဝရဘုရားသည် ဣသရေလလူတည်းဟူသော ဧဖရိမ်အမျိုးသားအပေါင်းတို့နှင့်အတူ ရှိတော်မမူ။
8
မင်းကြီးသွားလိုလျှင်သွား၍ စစ်တိုက်ခြင်းငှာ ခိုင်ခံ့သော်လည်း၊ ရန်သူရှေ့မှာ ဘုရားသခင်ရှုံးစေတော်မူမည်။ ဘုရားသခင်သည် မစခြင်းငှာလည်းကောင်း၊ နှိမ့်ချခြင်းငှာလည်းကောင်း တတ်နိုင်တော်မူ၏ဟုပြောဆိုလျှင်၊
9
အာမဇိက၊ ဣသရေလတပ်ကို ငှား၍ ငွေအခွက်တစ်ထောင်ကို ပေးမိသောကြောင့်၊ အဘယ်သို့ပြုရမည်နည်းဟု ဘုရားသခင်၏လူကို မေးမြန်းသော်၊ ဘုရားသခင်၏လူက၊ ထိုမျှမက ထာဝရဘုရားသည် သာ၍ ပေးနိုင်တော်မူသည်ဟု ပြန်ပြော၏။
10
ထိုအခါ အာမဇိသည် ဧဖရိမ်ပြည်မှရောက်လာသော စစ်သူရဲတို့ကို ခွဲထား၍၊ မိမိတို့နေရာသို့ ပြန်သွားစေခြင်းငှာ လွှတ်လိုက်သဖြင့်၊ သူတို့သည် အလွန်အမျက်ထွက်၍ ယုဒပြည်သားတို့၌ အငြိုးထားလျက်၊ မိမိတို့ နေရာသို့ ပြန်သွားကြ၏။
11
အာမဇိသည်လည်း ကိုယ်ကိုခိုင်ခံ့စေ၍ ဆားချိုင့်ကို တပ်ချီသဖြင့်၊ စိရတောင်သားတစ်သောင်းကို လုပ်ကြံလေ၏။
12
ယုဒအမျိုးသားတို့သည် လူတစ်သောင်းကို အရှင်ဖမ်းပြီးလျှင်၊ ကျောက်တောင်ထိပ်သို့ ဆောင်သွား၍၊ ကျိုးပဲ့စေခြင်းငှာ အောက်သို့ တွန်းချကြ၏။
13
ဝိုင်း၍တိုက်ရသောအခွင့်ကို အာမဇိမပေး၊ လွှတ်လိုက်သော စစ်သူရဲတို့မူကား၊ ရှမာရိမြို့မှစ၍ ဗေသောရုန်မြို့တိုင်အောင်၊ ယုဒမြို့တို့ကို တိုက်သဖြင့်၊ လူသုံးထောင်ကိုသတ်၍၊ လက်ရဥစ္စာအများကို သိမ်းသွားကြ၏။
14
အာမဇိသည် ဧဒုံအမျိုးသားတို့ကို လုပ်ကြံရာမှ ပြန်လာသောအခါ၊ စိရတောင်သားကိုးကွယ်သော ဘုရားတို့ကိုဆောင်ခဲ့၍၊ ကိုယ်တိုင်ကိုးကွယ်ရာ ဘုရားဖြစ်စေခြင်းငှာ၊ တည်ထောင်လျက် သူတို့ရှေ့မှာ ဦးညွှတ်ချ၍ နံ့သာပေါင်းကို မီးရှို့လေ၏။
15
ထာဝရဘုရားသည် အာမဇိကိုအမျက်ထွက်၍၊ ပရောဖက်ကို စေလွှတ်တော်မူသည်ကား၊ မိမိလူတို့ကို ရန်သူလက်မှ မကယ်နိုင်သော တစ်ပါးအမျိုးသားဘုရားတို့ကို အဘယ်ကြောင့်ဆည်းကပ်သနည်းဟု ပြောဆိုလျှင်၊
16
ရှင်ဘုရင်က၊ သင်သည် တိုင်ပင်မှူးမတ် ဖြစ်သလော။ တိတ်ဆိတ်စွာနေလော့။ အဘယ်ကြောင့် ရာဇဝတ်ခံချင်သနည်းဟု ဆိုသော်၊ ပရောဖက်က၊ မင်းကြီးသည် ငါပေးသောသတိစကားကို နားမထောင်၊ ဤအမှုကို ပြုမိသောကြောင့်၊ ဘုရားသခင်သည် မင်းကြီးကိုဖျက်ဆီးမည် ကြံတော်မူသည်ကို ငါသိမြင်သည်ဟု ပြောဆိုပြီးလျှင် တိတ်ဆိတ်စွာနေလေ၏။
17
ထိုနောက်၊ အာမဇိသည်တိုင်ပင်ပြီးမှ၊ ဣသရေလရှင်ဘုရင် ယေဟုသားဖြစ်သော ယောခတ်၏သား ယဟောရှထံသို့ သံတမန်ကို စေလွှတ်၍၊ ငါတို့သည် မျက်နှာချင်းဆိုင်မိကြကုန်အံ့ဟု မှာလိုက်လျှင်၊
18
ဣသရေလရှင်ဘုရင် ယဟောရှက၊ လေဗနုန်ဆူးပင်သည် လေဗနုန်အာရဇ်ပင်ထံသို့ စေလွှတ်၍၊ သင့်သမီးကို ငါ့သားနှင့်ပေးစားပါဟု ဆိုစဉ်တွင်၊ လေဗနုန်သားရဲတစ်ကောင်သည် လျှောက်သွား၍ ဆူးပင်ကိုနင်းမိ၏။
19
သင်က ငါသည် ဧဒုံလူတို့ကို လုပ်ကြံပြီဟုဆိုလျက်၊ ဝါကြွားချင်သောစိတ် မြင့်လှ၏။ သို့ရာတွင် ကိုယ်နေရာ၌နေလော့။ သင့်ကိုယ်တိုင်နှင့် ယုဒပြည်သည် ဘေးရောက်၍ ဆုံးရှုံးစေခြင်းငှာ၊ အဘယ်ကြောင့် အမှုရှာသနည်းဟု ယုဒရှင်ဘုရင်အာမဇိကို ပြန်၍မှာလိုက်လေ၏။
20
ထိုစကားကို အာမဇိသည် နားမထောင်။ အကြောင်းမူကား၊ ဧဒုံပြည်ဘုရားတို့ကို ဆည်းကပ်သောကြောင့်၊ ရန်သူလက်သို့ အပ်ခြင်းငှာ၊ ဘုရားသခင် စီရင်တော်မူ၏။
21
ဣသရေလရှင်ဘုရင်သည် စစ်ချီ၍၊ ရှင်ဘုရင်နှစ်ပါးတို့သည် ယုဒပြည်ဗက်ရှေမက်မြို့၌ မျက်နှာချင်းဆိုင်မိကြသဖြင့်၊
22
ဣသရေလအမျိုးသားရှေ့မှာ ယုဒအမျိုးသားရှုံး၍၊ အသီးအသီးတို့သည် မိမိတို့နေရာသို့ ပြေးကြ၏။
23
ဣသရေလရှင်ဘုရင် ယဟောရှသည် ယုဒရှင်ဘုရင်အာခဇိသားဖြစ်သော ယောရှ၏သားအာမဇိကို ဗက်ရှေမက်မြို့မှာ ဖမ်းမိ၍၊ ယေရုရှလင်မြို့သို့ သွားပြီးလျှင်၊ ယေရုရှလင်မြို့ရိုး အတောင်လေးရာကို၊ ဧဖရိမ်တံခါးမှသည် ထောင့်တံခါးတိုင်အောင် ဖြိုဖျက်လေ၏။
24
ဩဗဒေဒုံလက်တွင်၊ ဗိမာန်တော်၌ ရှိသမျှသော ရွှေငွေမှစ၍၊ တန်ဆာအလုံးစုံနှင့် နန်းတော်ဘဏ္ဍာ အလုံးစုံကိုလည်းကောင်း၊ အာမခံသောသူ အချို့တို့ကိုလည်းကောင်း ယူ၍ ရှမာရိမြို့သို့ပြန်သွား၏။
25
ဣသရေလရှင်ဘုရင် ယောခတ်သား ယဟောရှသေသောနောက်၊ ယုဒရှင်ဘုရင်ယောရှသား အာမဇိသည် တစ်ဆယ်ငါးနှစ် အသက်ရှင်သေး၏။
26
အာမဇိပြုမူသော အမှုအရာကြွင်းသမျှ အစအဆုံးတို့သည်၊ ယုဒရာဇဝင်နှင့် ဣသရေလရာဇဝင်၌ ရေးထားလျက်ရှိ၏။
27
အာမဇိသည် ထာဝရဘုရားနောက်တော်သို့ လိုက်ရာမှ လွှဲသွားသောနောက်၊ သူ၏တစ်ဖက်၊ ယေရုရှလင်မြို့၌ သင်းဖွဲ့ကြ၍၊ သူသည် လာခိရှမြို့သို့ ပြေးသည်တွင်၊ ထိုမြို့သို့စေလွှတ်၍ သတ်စေပြီးမှ၊
28
မြင်းပေါ်၌တင်လျက်၊ ယေရုရှလင်မြို့သို့ ဆောင်ခဲ့၍၊ ဘိုးဘေးတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုဟ်ကြ၏။
← Chapter 24
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 26 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36