bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
2 Chronicles 7
2 Chronicles 7
Burmese 2021
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 8 →
1
ထိုသို့ ရှောလမုန်သည် ပတ္ထနာပြု၍ ပြီးသောအခါ၊ ကောင်းကင်ကမီးကျ၍ မီးရှို့ရာယဇ်အစရှိသော ယဇ်မျိုးကို လောင်သဖြင့်၊ အိမ်တော်သည် ထာဝရဘုရား၏ဘုန်းတော်နှင့်ပြည့်၏။
2
ထာဝရဘုရား၏အိမ်တော်သည် ဘုန်းတော်နှင့်ပြည့်သောကြောင့်၊ ယဇ်ပုရောဟိတ်တို့သည် ထာဝရဘုရား၏ အိမ်တော်ထဲသို့ မဝင်နိုင်ကြ။
3
ထိုသို့မီးကျ၍ ထာဝရဘုရား၏ ဘုန်းတော်သည် အိမ်တော်ပေါ်မှာ သက်ရောက်သည်ကို ဣသရေလ အမျိုးသားအပေါင်းတို့သည် မြင်လျှင်၊ ကျောက်ခင်းအရပ်၌ မြေပေါ်မှာ ဦးချပျပ်ဝပ်လျက် ကောင်းမြတ်တော်မူသည်၊ ကရုဏာတော် အစဉ်အမြဲတည်သည်ဟု ထာဝရဘုရားကို ကိုးကွယ်၍ ဂုဏ်တော်ကိုချီးမွမ်းကြ၏။
4
ထိုအခါ ရှောလမုန်မင်းကြီးနှင့်တကွ လူအပေါင်းတို့သည် ထာဝရဘုရားရှေ့တော်၌ ယဇ်ပူဇော်ကြ၏။
5
နွားနှစ်သောင်းနှစ်ထောင်၊ သိုးတစ်သိန်းနှစ်သောင်းတို့ကို ယဇ်ပူဇော်သဖြင့်၊ ဘုရားသခင်၏ အိမ်တော်ကို အနုမောဒနာပြုကြ၏။
6
ယဇ်ပုရောဟိတ်တို့သည် မိမိတို့အမှုကို ဆောင်ရွက်ကြ၏။ လေဝိသားတို့သည် ထာဝရဘုရား၏ ကရုဏာတော် အစဉ်အမြဲတည်သောကြောင့်၊ ထာဝရဘုရား၏ဂုဏ်တော်ကို ချီးမွမ်းစရာဖို့ ဒါဝိဒ်မင်းကြီးစီရင်သော တူရိယာမျိုးကို တီးမှုတ်လျက် ဒါဝိဒ်၏ ဆာလံသီချင်းကို ဆိုကြ၏။ ယဇ်ပုရောဟိတ်တို့သည်လည်း တံပိုးမှုတ်၍ ဣသရေလ အမျိုးသားအပေါင်းတို့သည် မတ်တတ်နေကြ၏။
7
ရှောလမုန်သည်လည်း၊ ထာဝရဘုရား၏ အိမ်တော်ရှေ့မှာရှိသော တံတိုင်းအတွင်းအရပ်ကို သန့်ရှင်းစေ၍၊ ထိုအရပ်၌ မီးရှို့ရာယဇ်နှင့် မိတ်သဟာယယဇ်ကောင်ဆီဥကို ပူဇော်၏။ အကြောင်းမူကား၊ အရင်လုပ်သော ကြေးဝါယဇ်ပလ္လင်သည် မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သကာ၊ ယဇ်ကောင်ဆီဥကို မခံလောက်။
8
ထိုအခါ ရှောလမုန်သည် အလွန်များစွာသော ပရိသတ်တည်းဟူသော ဟာမတ်မြို့ဝင်ဝမှစ၍ အဲဂုတ္တုမြစ်တိုင်အောင် အနှံ့အပြား အရပ်ရပ်ကလာကြသော ဣသရေလအမျိုးသားအပေါင်းတို့နှင့်တကွ ခုနစ်ရက်ပတ်လုံး ပွဲခံတော်မူ၏။
9
အဋ္ဌမနေ့ရက်၌ ဓမ္မစည်းဝေးခြင်းကို ပြုကြ၏။ ခုနစ်ရက်ပတ်လုံး ယဇ်ပလ္လင်ကို အနုမောဒနာပြုပြီးမှ၊ နောက်တစ်ဖန် ခုနစ်ရက်ပတ်လုံး ပွဲခံကြ၏။
10
ထာဝရဘုရားသည် ဒါဝိဒ်နှင့် ရှောလမုန်မှစသော မိမိလူ ဣသရေလအမျိုးသားတို့၌ ပြုတော်မူသမျှသော ကျေးဇူးတော်ကြောင့် ဝမ်းမြောက်ရွှင်လန်းလျက်၊ လူများတို့သည် မိမိတို့နေရာသို့ ပြန်သွားကြမည်အကြောင်း၊ သတ္တမလနှစ်ဆယ်သုံးရက်နေ့တွင် လွှတ်လိုက်တော်မူ၏။
11
ရှောလမုန်သည် ဗိမာန်တော်နှင့် နန်းတော်ကို လက်စသတ်၍၊ ဗိမာန်တော်နှင့်နန်းတော်၌ လုပ်ဆောင်မည်ဟု ကြံစည်လေသမျှသော အကြံသည် အထမြောက်သောအခါ၊
12
ထာဝရဘုရားသည် ညအချိန်တွင်ထင်ရှားတော်မူလျက်၊ သင်ပြုသော ပတ္ထနာစကားကို ငါကြားပြီ။ ဤအရပ်ဌာနကို ယဇ်ပူဇော်ရာ အိမ်ဖြစ်စေခြင်းငှာ ကိုယ်အဖို့ ငါရွေးယူပြီ။
13
မိုးမရွာစေခြင်းငှာ ငါသည် မိုးခေါင်စေသော်လည်းကောင်း၊ ကျိုင်းတို့သည် မြေအသီးအနှံကို ကိုက်စားစေခြင်းငှာ ငါမှာထားသော်လည်းကောင်း၊ ငါ့လူတို့၌ ကာလနာကိုစေလွှတ်သော်လည်းကောင်း၊
14
ငါ့နာမဖြင့်သမုတ်သော ငါ့လူတို့သည် ကိုယ်ကိုနှိမ့်ချသဖြင့်၊ ငါ့မျက်နှာကိုရှာလျက် ဆုတောင်းပတ္ထနာပြု၍ အဓမ္မလမ်းကိုလွှဲရှောင်လျှင် ငါသည် ကောင်းကင်ဘုံ၌ နားထောင်မည်။ သူတို့အပြစ်ကိုဖြေ၍ သူတို့ပြည်ကို ချမ်းသာပေးမည်။
15
ငါကြည့်ရှုမည်။ ဤအရပ်ဌာန၌ ဆုတောင်းသောစကားကို ငါနားထောင်မည်။
16
ငါ့နာမသည် အစဉ်တည်၍ ငါ့မျက်စိနှင့် ငါ့နှလုံး အစဉ်စွဲလမ်းစရာဖို့ ဤအိမ်ကိုငါရွေးချယ်၍ သန့်ရှင်းစေပြီ။
17
သင်သည် ငါမှာထားသမျှကိုပြု၍ ငါစီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ခြင်းငှာ သင့်အဘဒါဝိဒ်ကဲ့သို့ ငါ့ရှေ့မှာကျင့်နေလျှင်၊
18
ဣသရေလနိုင်ငံကို အုပ်စိုးရသော သင်၏အမျိုးမင်းရိုးမပြတ်ရဟု သင့်အဘဒါဝိဒ်နှင့် ငါပဋိညာဉ်ဖွဲ့သည်အတိုင်း၊ သင်ထိုင်ရသော ရာဇပလ္လင်ကို အစဉ်ငါတည်စေမည်။
19
သို့မဟုတ် သင်တို့သည် လမ်းလွဲ၍ ငါမှာထားသော စီရင်ထုံးဖွဲ့ချက်တို့ကို စွန့်ပယ်သဖြင့်၊ အခြားတစ်ပါးသော ဘုရားထံသို့သွား၍ ဝတ်ပြုကိုးကွယ်လျှင်၊
20
ငါပေးသောပြည်မှ သူတို့ကို အမြစ်နှင့်တကွ ငါနုတ်ပစ်မည်။ ငါ့နာမအဖို့ ငါသန့်ရှင်းစေသော ဤအိမ်တော်ကို ငါ့မျက်မှောက်မှ ပယ်ရှားမည်။ တစ်ပါးအမျိုးသားတို့တွင် ပုံခိုင်းရာကဲ့ရဲ့ရာ ဖြစ်စေမည်။
21
အရပ်မြင့်သော ဤအိမ်တော်ကိုလည်း လမ်း၌လျှောက်သွားသော သူအပေါင်းတို့သည် အံ့ဩ၍၊ ထာဝရဘုရားသည် ဤပြည်နှင့် ဤအိမ်ကို အဘယ်ကြောင့် ဤသို့ပြုတော်မူသနည်းဟု တစ်ယောက်ကမေးမြန်းသော်၊
22
တစ်ယောက်က၊ သူတို့၏ဘိုးဘေးများကို အဲဂုတ္တုပြည်မှ နုတ်ဆောင်သော ဘုရားသခင်ထာဝရဘုရားကို သူတို့သည်စွန့်၍ အခြားတစ်ပါးသော ဘုရားကိုမှီဝဲလျက် ဝတ်ပြုကိုးကွယ်ကြသောကြောင့် ဤအမှုအလုံးစုံကို ရောက်စေတော်မူကြောင်းကို ပြန်ပြောလိမ့်မည်ဟု မိန့်တော်မူ၏။
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 35
Chapter 36
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34
35
36