bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Ezra 10
Ezra 10
Burmese 2021
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
1
ထိုသို့ဧဇရသည် ဘုရားသခင်၏အိမ်တော်ရှေ့မှာ ပျပ်ဝပ်လျက်၊ မျက်ရည်ကျလျက် တောင်းပန်၍ ပတ္ထနာပြုသောအခါ၊ အလွန်များစွာသော ပရိသတ်၊ ဣသရေလအမျိုး ယောက်ျား၊ မိန်းမ၊ သူငယ်တို့သည် ဧဇရထံမှာ စည်းဝေး၍ အလွန်ငိုကြွေးကြ၏။
2
ဧလံအမျိုး၊ ယေဟေလသား ရှေကနိကလည်း၊ ငါတို့သည် ကိုယ်ဘုရားသခင်ကို ပြစ်မှား၍၊ ဤပြည်၌နေသော တစ်ပါးအမျိုးသား မိန်းမတို့နှင့် စုံဖက်ကြပြီ။ သို့ရာတွင် ဤအမှုမှာ ဣသရေလအမျိုး မျှော်လင့်စရာ ရှိသေး၏။
3
သို့ဖြစ်၍ အရှင်ဘုရားအစရှိသော ငါတို့ ဘုရားသခင်၏ ပညတ်တရားကို ကြောက်ရွံ့သောသူတို့ သတိပေးသည်အတိုင်း၊ ဤမိန်းမများနှင့် သူတို့သားသမီးများရှိသမျှကို စွန့်ပယ်မည်ဟု ငါတို့၏ဘုရားသခင့် ရှေ့တော်၌ အဓိဋ္ဌာန်ပြုကြကုန်အံ့။ ဤအမှုကို တရားရှိသည်အတိုင်း စီရင်ကြကုန်အံ့။
4
ထတော်မူပါ။ ဤအမှုကို ကိုယ်တော်ဆိုင်ပါ၏။ အကျွန်ုပ်တို့သည်လည်း ဝိုင်း၍ မစကြပါမည်။ ရဲရင့်သော စိတ်ရှိ၍ ပြုတော်မူပါဟု ဧဇရအား ပြန်ပြောကြလျှင်၊
5
ဧဇရသည်ထ၍ ယဇ်ပုရောဟိတ်အကြီး၊ လေဝိသား၊ ဣသရေလအမျိုးသား အပေါင်းတို့သည် ထိုစကားအတိုင်း ပြုရမည်အကြောင်း သူတို့အားအကျိန်ပေး၍ သူတို့သည် ကျိန်ဆိုကြ၏။
6
ထိုအခါ ဧဇရသည် ဘုရားသခင်၏အိမ်တော် ရှေ့ကထ၍၊ ဧလျာရှိပ်သားယောဟနန် အခန်းသို့သွား၏။ ရောက်သောအခါ မုန့်ကိုမစား၊ ရေကိုမသောက်ဘဲ နေ၏။ အကြောင်းမူကား၊ သိမ်းသွားခြင်းကို ခံဖူးသော သူတို့ပြစ်မှားသော အပြစ်ကြောင့် ညည်းတွားမြည်တမ်းလေ၏။
7
သိမ်းသွားခြင်းကို ခံရသော အမျိုးသားအပေါင်းတို့သည်၊ ယေရုရှလင်မြို့သို့ စည်းဝေးစေမည်အကြောင်း၊
8
မင်းများနှင့် အသက်ကြီးသူများ စီရင်သည်အတိုင်း၊ သုံးရက်အတွင်းတွင် မရောက်သောသူ မည်သည်ကား၊ သိမ်းသွားခြင်း၊ အမျိုးသားပရိသတ်ထဲက နှင်ထုတ်ခြင်းကိုခံ၍၊ သူ၏ဥစ္စာရှိသမျှသည် ကျိန်ဆိုအပ်သောဥစ္စာ ဖြစ်စေမည်အကြောင်း၊ ယေရုရှလင်မြို့မှ စ၍ ယုဒပြည်တစ်လျှောက်လုံး၌ ကြော်ငြာကြ၏။
9
ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုးသားယောက်ျား အပေါင်းတို့သည် သုံးရက်အတွင်းတွင်၊ ယေရုရှလင်မြို့မှာ စည်းဝေး၍ နဝမလအရက်နှစ်ဆယ်တွင်၊ လူအပေါင်းတို့သည် ထိုအမှုကြောင့်လည်းကောင်း၊ သည်းထန်စွာ မိုးရွာသောကြောင့်လည်းကောင်း၊ တုန်လှုပ်လျက် ဘုရားသခင်၏ အိမ်တော်ဦးရှေ့မှာ ထိုင်နေကြ၏။
10
ထိုအခါ ယဇ်ပုရောဟိတ်ဧဇရသည် ထ၍၊ သင်တို့သည် ပြစ်မှားကြပြီ။ ဣသရေလအမျိုး၌ အပြစ်လေးစေခြင်းငှာ တစ်ပါးအမျိုးသားမိန်းမတို့နှင့် စုံဖက်ကြပြီတကား။
11
သို့ဖြစ်၍ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားအား တောင်းပန်ကြလော့။ အလိုတော်အတိုင်း ပြုလျက်၊ ဤပြည်သားတို့နှင့်လည်းကောင်း၊ တစ်ပါးအမျိုးသား မိန်းမတို့နှင့်လည်းကောင်း ကွာကြလော့ဟု သူတို့အားဆို၏။
12
ပရိသတ်အပေါင်းတို့ကလည်း၊ ကိုယ်တော် မိန့်တော်မူသည်အတိုင်း အကျွန်ုပ်တို့သည် ပြုပါမည်။
13
သို့ရာတွင် လူအများရှိပါ၏။ သည်းထန်စွာ မိုးရွာသောကာလ ဖြစ်ပါ၏။ အကျွန်ုပ်တို့သည် အိမ်ပြင်မှာ မရပ်မနေနိုင်ပါ။ ဤအမှုသည် တစ်ရက်နှစ်ရက်တွင် ပြီးနိုင်သောအမှု မဟုတ်ပါ။ ပြစ်မှားသောသူ အများရှိပါ၏။
14
ငါတို့ ပရိသတ်အပေါင်းကို အုပ်ချုပ်သော အကြီးအကဲတို့သည် စီရင်သဖြင့်၊ အကျွန်ုပ်တို့နေရာမြို့ရွာ၌ တစ်ပါးအမျိုးသားမိန်းမနှင့် စုံဖက်သော သူအပေါင်းတို့သည် ချိန်းချက်သောအချိန်တို့၌ မြို့အသီးသီး အသက်ကြီးသူများ၊ တရားသူကြီးများနှင့် အတူလာ၍ ဤအမှုကြောင့် ပြင်းစွာထွက်သော ငါတို့ဘုရားသခင်၏ အမျက်တော်ကို ဖြေကြပါစေဟု ကြီးစွာသောအသံနှင့် ပြန်ပြောကြ၏။
15
အာသဟေလသား ယောနသန်နှင့် တိကဝသား ယဟာဇိသာလျှင် ထိုအမှုကိုပြုစုကြ၏။ လေဝိသား မေရှုလံနှင့် ရှဗ္ဗသဲတို့သည် ဝိုင်းညီကြ၏။
16
သိမ်းသွားခြင်းကို ခံရသော အမျိုးသားတို့သည် ဝန်ခံကြသည်နှင့်အညီ၊ ယဇ်ပုရောဟိတ်ဧဇရသည် ရွေးချယ်၍ အဆွေအမျိုးအလိုက် အမည်များကို မှတ်သားသော အဆွေအမျိုးသူကြီးတို့သည် ဒသမလတစ်ရက်နေ့တွင် ထိုအမှုကို စစ်ကြောခြင်းငှာ ထိုင်နေကြ၏။
17
တစ်ပါးအမျိုးသားမိန်းမနှင့် စုံဖက်သောသူ အပေါင်းတို့ကို ပထမလတစ်ရက်နေ့တိုင်အောင် အကုန်အစင် စစ်ကြောစီရင်ကြ၏။
18
တစ်ပါးအမျိုးသားမိန်းမနှင့် စုံဖက်သော ယဇ်ပုရောဟိတ်အမျိုးသားဟူမူကား၊ ယောရှုအမျိုး ယောဇဒက်သားနှင့် သူ၏ညီ မာသေယ၊ ဧလျေဇာ၊ ယာရိပ်၊ ဂေဒလိတည်း။
19
သူတို့သည် မယားနှင့်ကွာမည်ဟု ကတိထားကြ၏။ ပြုမိသော အပြစ်ကြောင့် သိုးကို ယဇ်ပူဇော်ကြ၏။
20
ထိုမှတစ်ပါး၊ ဣမေရအမျိုး ဟာနန်နှင့် ဇေဗဒိ၊
21
ဟာရိမ်အမျိုး မာသေယ၊ ဧလိယ၊ ရှေမာယ၊ ယေဟေလ၊ ဩဇိ၊
22
ပါရှုရအမျိုး ဧလိဩနဲ၊ မာသေယ၊ ဣရှမေလ၊ နာသနေလ၊ ယောဇဗဒ်၊ ဧလာသ။
23
လေဝိသားယောဇဗဒ်၊ ရှိမိ၊ ကေလာယတည်းဟူသော ကေလိတ၊ ပေသာဟိ၊ ယုဒ၊ ဧလျေဇာ၊
24
သီချင်းသည် ဧလျာရှိပ်၊ တံခါးစောင့် ရှလ္လုံ၊ တေလိမ်၊ ဥရိ၊
25
ဣသရေလအမျိုးထဲက ပါရုတ်အမျိုး ရာမိ၊ ယေဇိ၊ မာလခိ၊ မျာမိန်၊ ဧလာဇာ၊ မာလခိယ၊ ဗေနာယ၊
26
ဧလံအမျိုးမတ္တနိ၊ ဇာခရိ၊ ယေဟေလ၊ အာဗဒိ၊ ယေရမုတ်၊ ဧလျာ၊
27
ဇတ္တုအမျိုး ဧလိဩနဲ၊ ဧလျာရှိပ်၊ မတ္တနိ၊ ယေရမုတ်၊ ဇာဗဒ်၊ အာဇိဇ၊
28
ဗေဗဲအမျိုး ယောဟနန်၊ ဟာနနိ၊ ဇဗ္ဗဲ၊ အာသလဲ၊
29
ဗာနိအမျိုး မေရှုလ၊ မလ္လုတ်၊ အဒါယ၊ ယာရှုပ်၊ ရှာလ၊ ရာမုတ်၊
30
ပါဟတ်မောဘအမျိုး အဒန၊ ခေလာလ၊ ဗေနာယ၊ မာသေယ၊ မတ္တနိ၊ ဗေဇလေလ၊ ဗိနွိ၊ မနာရှေ၊
31
ဟာရိမ်အမျိုး ဧလျေဇာ၊ ဣရှိယ၊ မာလခိ၊ ရှေမာယ၊ ရှိမောင်၊ ဗင်္ယာမိန်၊ မလ္လုတ်၊ ရှေမရိ၊
32
ဟာရှုံအမျိုး မတ္တနဲ၊ မတ္တသ၊ ဇာဗဒ်၊ ဧလိဖလက်၊ ယေရမဲ၊ မနာရှေ၊ ရှိမိ၊
34
ဗာနိအမျိုး မာဒဲ၊ အာမရံ၊ ဝေလ၊ ဗေနာယ၊ ပေဒိ၊ ခေလု၊
35
ဝါနိ၊ မေရမုတ်၊ ဧလျာရှိပ်၊ မတ္တနိ၊ မတ္တနဲ၊ ယာသော၊
37
ထိုမှတစ်ပါး၊ ဗာနိ၊ ဗိနွိ၊ ရှိမိ၊
39
ရှေလမိ၊ နာသန်၊ အဒါယ၊ မာခနဒေဗဲ၊ ရှာရှဲ၊ ရှာရဲ၊
41
အာဇရေလ၊ ရှေလမိ၊ ရှေမရိ၊ ရှလ္လုံ၊ အာမရိ၊ ယောသပ်၊
42
နေဗောအမျိုး ယေယေလ၊ မတ္တိသိ၊ ဇာဗဒ်၊ ဇေဗိန၊ ယာဒေါ၊ ယောလ၊ ဗေနာယတည်း။
44
ဤသူအပေါင်းတို့သည် တစ်ပါးအမျိုးသားမိန်းမနှင့် စုံဖက်၍ သားသမီးကို မြင်ရကြပြီ။ ဧဇရမှတ်စာပြီး၏။
← Chapter 9
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
All chapters:
1
2
3
4
5
6
7
8
9
10