bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Ezra 4
Ezra 4
Burmese 2021
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 5 →
1
သိမ်းသွားခြင်းကိုခံရသော အမျိုးသားတို့သည်၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားအဖို့ ဗိမာန်တော်ကို တည်ကြသည်ဟု ယုဒအမျိုးနှင့် ဗင်္ယာမိန်အမျိုး၏ ရန်သူတို့သည် ကြားလျှင်၊
2
ဇေရုဗဗေလနှင့် အဆွေအမျိုး သူကြီးတို့ထံသို့ လာ၍၊ ငါတို့သည် သင်တို့ထံ၌ တည်းခိုပါရစေ။ သင်တို့၏ ဘုရားသခင်ကို သင်တို့ရှာသကဲ့သို့ ငါတို့လည်း ရှာကြ၏။ ငါတို့ကို ဤပြည်သို့ဆောင်ခဲ့သော အာရှုရိရှင်ဘုရင် ဧသရဟဒ္ဒုန် လက်ထက်မှစ၍ ထိုဘုရားသခင်အား ယဇ်ပူဇော်ကြသည်ဟု ဆိုကြသော်၊
3
ဇေရုဗဗေလနှင့် ယောရှု အစရှိသော ဣသရေလအဆွေအမျိုး သူကြီးတို့က၊ ငါတို့၏ ဘုရားသခင်အဖို့ ဗိမာန်တော်တည်ခြင်းအမှုကို၊ သင်တို့သည် ငါတို့နှင့်ဝိုင်း၍ မလုပ်ရ။ ပေရသိရှင်ဘုရင် ကုရုမင်းကြီး အမိန့်တော်အတိုင်း၊ ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရားအဖို့ ငါတို့သည် ကိုယ်တိုင်တည်ရမည်ဟု ပြန်ပြောကြ၏။
4
ထိုအခါ ပြည်သားတို့သည် ယုဒအမျိုးတို့ကို လက်အားလျော့စေ၍၊ တည်ဆောက်ခြင်းအမှုကို နှောင့်ယှက်ကြ၏။
5
ယုဒအမျိုးသားတို့၏ အကြံကို ဖျက်ဆီးခြင်းငှာ၊ ပေရသိရှင်ဘုရင် ကုရုလက်ထက် ကာလပတ်လုံးမှသည်၊ ပေရသိရှင်ဘုရင် ဒါရိလက်ထက်တိုင်အောင်၊ ရှေ့နေတို့ကို ငှား၍ထားကြ၏။
6
အာရွှေရုနန်းထိုင်စက ယုဒပြည်သူ၊ ယေရုရှလင်မြို့သားတို့၌ အပြစ်တင်သောလွှာစာကို ပေးလိုက်ကြ၏။
7
အာတဇေရဇ်လက်ထက်၌ ဗိရှလံ၊ မိသရေဒတ်၊ တဗေလနှင့် အခြားသောအပေါင်းအဖော်တို့သည်၊ ရှုရိဘာသာစကားနှင့် ရေးသောလွှာစာကို၊ ပေရသိရှင်ဘုရင် အာတဇေရဇ်ထံသို့ ပေးလိုက်ကြ၏။
8
စာတိုက်စိုးရေဟုံနှင့် မြို့စာရေးရှိမရှဲတို့သည်၊ ယေရုရှလင်မြို့ကို ရန်ဘက်ပြုလျက်၊ အာတဇေရဇ်မင်းကြီးထံသို့ စာပေးလိုက်၍၊
9
စာတိုက်စိုးရေဟုံ၊ မြို့စာရေးရှိမရှဲနှင့် အခြားသောအပေါင်းအဖော်၊ ဒိနဲပြည်သား၊ အဖာသသက်ပြည်သား၊ တာပေလပြည်သား၊ အဖာရသပြည်သား၊ အာခေဝပြည်သား၊ ဗာဗုလုန်ပြည်သား၊ ရှုရှနက်ပြည်သား၊ ဒေဟဝပြည်သား၊ ဧလံပြည်သား အစရှိသော၊
10
ကြီးမြတ်သောမင်း အာသနပ္ပါဆောင်ခဲ့၍၊ ရှမာရိမြို့ရွာတို့၌ နေရာချသောသူများနှင့်၊ မြစ်အနောက်ဘက်၌နေသော အခြားသူများတို့သည်၊ ဤမည်သော နေ့ရက်ကာလတွင်၊
11
အာတဇေရဇ်မင်းကြီးထံသို့ ပေးလိုက်သော စာဟူမူကား၊ မြစ်အနောက်ဘက်၌ နေသော ကိုယ်တော်ကျွန်တို့သည်၊ ဤမည်သော နေ့ရက်ကာလတွင် လျှောက်ပါ၏။
12
အထံတော်မှ ကျွန်တော်တို့ရှိရာသို့ ရောက်လာသောယုဒလူတို့သည် ဆိုးညစ်၍၊ ပုန်ကန်တတ်သောယေရုရှလင်မြို့ကို တည်လျက်၊ မြို့ရိုးအမြစ်ကိုချ၍ လက်စသတ်လုသည်ကို သိမှတ်တော်မူပါ။
13
ထိုမြို့ကို တည်ပြန်၍ မြို့ရိုးကိုလက်စသတ်လျှင်၊ ငွေတော်ခွဲခြင်းကို မခံ၊ အခွန်တော်အကောက်တော်ကို မပေးဘဲနေ၍၊ နိုင်ငံတော်အကျိုးနည်းပါလိမ့်မည်ကို သိမှတ်တော်မူပါ။
14
ကျွန်တော်တို့သည် ကျေးဇူးတော်အားဖြင့် အသက်မွေးရသောသူ ဖြစ်သည်နှင့်အညီ၊ ကိုယ်တော်၌ ဘုန်းတော်လျော့ကြောင်းကို ကြည့်၍မနေသင့်သောကြောင့်၊ ဘိုးတော်ဘေးတော်တို့၏ မှတ်စာကို စစ်ကြောတော်မူမည်အကြောင်း ဤလျှောက်စာကို ပေးလိုက်ပါ၏။
15
ယေရုရှလင်မြို့သည် ပုန်ကန်တတ်သောမြို့၊ ရှင်ဘုရင်အကျိုးနှင့် နိုင်ငံတော်အကျိုးစီးပွားကို ဖျက်ဆီးတတ်သောမြို့ ဖြစ်ဖူး၍၊ ရှေးကာလ၌ မြို့ထဲမှာ ပုန်ကန်သောအကြံကို အစဉ်ပြုစုသောကြောင့်၊ အတိုက်အဖျက် ခံရပါသည် အကြောင်းအရာများကို ထိုမှတ်စာ၌တွေ့၍ သိတော်မူပါလိမ့်မည်။
16
ထိုမြို့ကိုတည်ပြန်၍ မြို့ရိုးကို လက်စသတ်လျှင်၊ ကိုယ်တော်သည် မြစ်အနောက်ဘက်၌ အစိုးရတော်မမူကြောင်းကို ကျွန်တော်တို့ လျှောက်ထားပါသည်ဟု စာ၌ပါသတည်း။
17
ရှင်ဘုရင်သည် စာတိုက်စိုးရေဟုံနှင့် မြို့စာရေးရှိမရှဲ မှစ၍၊ ရှမာရိမြို့၌နေသော ထိုသူတို့၏ အပေါင်းအဖော်များ၊ မြစ်အနောက်ဘက်၌နေသော အခြားသူများတို့ရှိရာသို့ ပြန်ပေးလိုက်သော စာဟူမူကား၊
18
ဤမည်သော နေ့ရက်ကာလတွင်၊ ငါရေး၍ သင်တို့ချမ်းသာပါစေ။ ငါ့ထံသို့သင်တို့ ပေးလိုက်သောစာကို ငါ့ရှေ့မှာ အနက်ပြန်၍ ဖတ်ပြီ။
19
ငါမှာထားသည်အတိုင်း စစ်ကြောကြသောအခါ၊ ထိုမြို့သည် ရှေးကာလ၌ ရှင်ဘုရင်တို့ကို ပုန်ကန်ကြောင်း၊ မကောင်းသောအကြံကို ကြံတတ်သောမြို့၊ ပုန်ကန်တတ်သော မြို့ဖြစ်ကြောင်း၊
20
ငွေတော်ကိုခွဲလျက်၊ အခွန်တော်အကောက်တော်ကို ခံလျက်၊ မြစ်အနောက်ဘက် တစ်လျှောက်လုံးကိုအစိုးရ၍ တန်ခိုးကြီးသော ရှင်ဘုရင်တို့သည် ယေရုရှလင်မြို့၌ နေဖူးကြောင်းများကို သိရ၏။
21
သို့ဖြစ်၍ ငါသည်အခွင့်မပေးမီတိုင်အောင်၊ ထိုသူတို့သည် မြို့ကိုမတည်ဘဲ နေစေမည်အကြောင်း အမိန့်တော်ကိုဆင့်ဆိုကြလော့။
22
နိုင်ငံတော်အကျိုး မပျက်စီးစေခြင်းငှာ သတိပြု၍ ဤအမှုကို စေ့စေ့ကြည့်ရှုကြလော့ဟု မိန့်တော်မူ၏။
23
အာတဇေရဇ်မင်းကြီးစာကို ရေဟုံနှင့် မြို့စာရေးရှိမရှဲ အစရှိသော သူတို့အပေါင်းအဖော်ရှေ့မှာ ဖတ်ပြီးလျှင်၊ သူတို့သည် ယေရုရှလင်မြို့၊ ယုဒလူတို့ရှိရာသို့ အလျင်အမြန်သွား၍ ယုဒလူတို့၏ အလုပ်အကိုင်ကို အနိုင်အထက် ဆီးတားကြ၏။
24
ထိုသို့ ယေရုရှလင်မြို့၏ ဗိမာန်တော်တည်ခြင်းအမှု ပြတ်၍၊ ပေရသိရှင်ဘုရင် ဒါရိနန်းစံနှစ်နှစ်တိုင်အောင် လက်စမသတ်ဘဲ နေလေ၏။
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10
Recommended Reading
Commentary
Ezra Commentaries
→
Devotional
Ezra Devotional Guide
→
Get This Bible
Burmese Study Bible
→