bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Ezra 8
Ezra 8
Burmese 2021
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 9 →
1
အာတဇေရဇ်မင်းကြီး လက်ထက်၌၊ ငါနှင့်အတူ ဗာဗုလုန်မြို့မှ ထွက်သွားသောသူ အဆွေအမျိုးသူကြီးတို့၏ သားစဉ်မြေးဆက်စာရင်း ဟူမူကား။
2
ဖိနဟတ်အမျိုး ဂေရရှုံ၊ ဣသမာအမျိုး ဒံယေလ၊ ဒါဝိဒ်အမျိုး ဟတ္တုတ်၊
3
ရှေခနိအမျိုး ဖာရုတ်အနွယ်ထဲက ဇာခရိနှင့် စာရင်းဝင်သူ ယောက်ျားပေါင်း တစ်ရာငါးကျိပ်။
4
ပါဟတ်မောဘအမျိုး၊ ဇေရာယသား ဧလျောနဲနှင့် ယောက်ျားပေါင်းနှစ်ရာ၊
5
ရှေခနိအမျိုး ယဟာဇေလသားနှင့် ယောက်ျားပေါင်းသုံးရာ၊
6
အာဒိန်အမျိုး ယောနသန်သား ဧဗက်နှင့် ယောက်ျားပေါင်းငါးကျိပ်၊
7
ဧလံအမျိုး၊ အာသလိသားယေရှာယနှင့် ယောက်ျားပေါင်းခုနစ်ကျိပ်၊
8
ရှေဖတိအမျိုး မိက္ခေလသား ဇေဗဒိနှင့် ယောက်ျားပေါင်းရှစ်ကျိပ်၊
9
ယွာဘအမျိုး ယေဟေလသား ဩဗဒိနှင့် ယောက်ျားပေါင်း နှစ်ရာတစ်ကျိပ်ရှစ်ယောက်၊
10
ရှေလောမိတ်အမျိုး၊ ယောသိဖိသားနှင့် ယောက်ျားပေါင်း တစ်ရာခြောက်ကျိပ်၊
11
ဗေဗဲအမျိုး၊ ဗေဗဲသားဇာခရိနှင့် ယောက်ျားပေါင်း နှစ်ကျိပ်ရှစ်ယောက်၊
12
အာဇဂဒ်အမျိုး၊ ဟက္ကတန်သား ယောဟနန်နှင့် ယောက်ျားပေါင်း တစ်ရာတစ်ကျိပ်၊
13
အဒေါနိကံအမျိုးသားတို့တွင်၊ နောက်ကျသောသူ၊ ဧလိဖလက်၊ ယေယေလ၊ ရှေမာယနှင့် ယောက်ျားပေါင်းခြောက်ကျိပ်၊
14
ဗိဂဝဲအမျိုးသား ဥသဲ၊ ဇဗ္ဗုဒ်နှင့် ယောက်ျားပေါင်း ခုနစ်ကျိပ်တည်း။
15
ထိုလူများတို့ကို အဟာဝမြို့သို့စီးသော မြစ်နားမှာ ငါစုဝေးစေ၍၊ သုံးရက်ပတ်လုံး တဲ၌နေကြ၏။ လူများနှင့် ယဇ်ပုရောဟိတ်များတို့ကို ငါစစ်ဆေး၍၊ လေဝိသားတစ်ယောက်ကိုမျှ မတွေ့သောအခါ၊
16
လူကြီး ဧလျေဇာ၊ အရေလ၊ ရှေမာယ၊ နာသန်၊ ဇာခရိ၊ မေရှုလံ၊ ပညာရှိယာရိပ်၊ ဧလနာသန်တို့ကို ခေါ်၍၊
17
ကသိဖိမြို့သူကြီး ဣဒေါထံသို့ မှာစာနှင့်စေလွှတ်လျက်၊ ဣဒေါနှင့် ကသိဖိမြို့မှာ နေသောသူ၏ ညီအစ်ကိုဘုရားကျွန်တို့သည်၊ ငါတို့ဘုရားသခင့် အိမ်တော်အမှုစောင့်များကို ပေးစေခြင်းငှာ၊ သူတို့အား အဘယ်သို့ ပြောဆိုရမည်ကို ငါမှာလိုက်၏။
18
ထိုသူတို့သည် ငါတို့၏ဘုရားသခင့် တန်ခိုးကျေးဇူးတော်ကြောင့်၊ ဣသရေလသားလေဝိ၏သား မဟာလိအမျိုးသား၊ ပညာရှိတစ်ယောက်၊ ရှေရဘိနှင့် သူ၏ပေါက်ဖော် တစ်ကျိပ်ရှစ်ယောက်၊
19
ဟာရှဘိနှင့် မေရာရိအမျိုး ယေရှာယနှင့် သူ၏ပေါက်ဖော် နှစ်ကျိပ်၊
20
လေဝိသားတို့အမှုကို ဆောင်ရွက်စေခြင်းငှာ၊ ဒါဝိဒ်နှင့် မှူးတော်မတ်တော်ခန့်ထားသော ဘုရားကျွန်များ၊ စာရင်းဝင်သည်အတိုင်း၊ နှစ်ရာနှစ်ကျိပ်တို့ကို ခေါ်ခဲ့ကြ၏။
21
ထိုအခါ ဥစ္စာများမှစ၍ သူငယ်များနှင့်တကွ၊ ငါတို့သွားစရာ မှန်သောလမ်းကို ဘုရားသခင်၌ရှာ၍၊ ရှေ့တော်မှာ ခြိုးခြံစွာကျင့်ခြင်းငှာ၊ အဟာဝမြစ်နားတွင်၊ အစာရှောင်ရာအချိန်ကို ငါကြော်ငြာ၏။
22
အကြောင်းမူကား၊ ကျွန်တော်တို့ ဘုရားသခင်ကို ရှာသောသူအပေါင်းတို့သည်၊ တန်ခိုးကျေးဇူးတော်ကို ခံရကြလိမ့်မည်။ ကိုယ်တော်ကို စွန့်သောသူအပေါင်းတို့ကို၊ တန်ခိုးတော်ဆီးတား၍ အမျက်တော် သက်ရောက်လိမ့်မည်ဟု ငါတို့သည်ရှင်ဘုရင်အား လျှောက်ထားသောကြောင့်၊ လမ်းတွင် ရန်သူလက်နှင့် လွတ်စေခြင်းငှာ၊ လိုက်၍ပို့ရသော စစ်သူရဲ၊ မြင်းစီးသူရဲ၊ တစ်တပ်ကို ရှင်ဘုရင်၌မတောင်းဝံ့၊ ရှက်ကြ၏။
23
ထိုအမှုကြောင့်၊ ငါတို့သည် အစာရှောင်၍၊ ငါတို့ဘုရားသခင်ကို ဆုတောင်းလျက်နေကြ၏။ ဘုရားသခင်လည်း နားထောင်တော်မူ၏။
24
ထိုအခါ ယဇ်ပုရောဟိတ်အကြီး တစ်ကျိပ်နှစ်ပါး၊ ရှေရဘိ၊ ဟာရှဘိနှင့် သူတို့ညီအစ်ကို တစ်ကျိပ်ကို ငါရွေးထားပြီးလျှင်၊
25
ရှင်ဘုရင်မှစ၍ အတွင်းဝန်၊ မှူးတော်မတ်တော်၊ စည်းဝေးသော ဣသရေလ အမျိုးသားအပေါင်းတို့သည်၊ ငါတို့၏ဘုရားသခင့် အိမ်တော်အဖို့ လှူသောပူဇော်သကာ၊ ရွှေ၊ ငွေ၊ တန်ဆာတည်းဟူသော၊
26
ငွေအခွက် ခြောက်ထောင်ငါးပိဿာ၊ ငွေတန်ဆာအခွက် တစ်ထောင်၊ ရွှေအခွက် တစ်ထောင်၊
27
ရွှေဒင်္ဂါး တစ်ထောင်အချိန်ရှိသော ရွှေအင်တုံနှစ်ဆယ်၊ ရွှေနှင့်အမျှမြတ်သော ရွှေကြေးဝါစစ်ဖလား နှစ်လုံးတို့ကို ငါချိန်၍အပ်လျက်၊
28
သင်တို့သည် ထာဝရဘုရားအဖို့ သန့်ရှင်းကြ၏။ ဤတန်ဆာတို့သည်လည်း သန့်ရှင်းသောတန်ဆာ ဖြစ်ကြ၏။ ဤငွေနှင့် ဤရွှေသည်လည်း၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားအား ကြည်ညိုသောစိတ်နှင့် လှူသောရွှေငွေဖြစ်၏။
29
ယေရုရှလင်မြို့၊ ထာဝရဘုရား၏ အိမ်တော်အခန်းတို့တွင် ယဇ်ပုရောဟိတ်အကြီး၊ လေဝိသား၊ ဣသရေလအဆွေအမျိုး သူကြီးတို့ရှေ့မှာ မချိန်မီတိုင်အောင် ကြည့်ရှုစောင့်ရှောက်ကြလော့ဟု မှာထား၏။
30
ထိုသို့ချိန်သော ရွှေ၊ ငွေတန်ဆာတို့ကို ယေရုရှလင်မြို့၊ ငါတို့၏ဘုရားသခင်အိမ်တော်သို့ ပို့ဆောင်ခြင်းငှာ ယဇ်ပုရောဟိတ်နှင့် လေဝိသားတို့သည် ခံယူကြ၏။
31
ပထမလ တစ်ဆယ်နှစ်ရက်နေ့တွင်၊ ငါတို့သည် အဟာဝမြစ်မှထွက်၍၊ ယေရုရှလင်မြို့သို့ ခရီးသွားကြ၏။ လမ်းနား၌ ချောင်း၍နေသော ရန်သူလက်မှ၊ ငါတို့၏ ဘုရားသခင့် တန်ခိုးတော်ကြောင့် လွတ်လျက်၊
32
ယေရုရှလင်မြို့သို့ ရောက်၍ သုံးရက်နေကြ၏။
33
စတုတ္ထနေ့တွင် ငါတို့ဘုရားသခင်၏ အိမ်တော်၌၊ ဖိနဟတ်သားဧလာဇာနှင့် လေဝိအမျိုးယောရှုသား ယောဇဗဒ်၊ ဗိနွိသားနောဒိတို့သည် ဝိုင်း၍ကြည့်ရှုလျက်၊
34
ဥရိသား ယဇ်ပုရောဟိတ် မေရမုတ်သည် ထိုရွှေငွေတန်ဆာရှိသမျှတို့ကို ရေတွက်ချိန်တွယ်၍ တစ်နေ့ချင်းတွင် အချိန်ပေါင်းကို မှတ်သားလေ၏။
35
သိမ်းသွားခြင်းကိုခံရသော လူစုထဲက ထွက်လာသော သူတို့သည်လည်း၊ ဣသရေလအမျိုးများတို့အဖို့ နွား တစ်ဆယ်နှစ်ကောင်၊ သိုးထီး ကိုးဆယ်ခြောက်ကောင်၊ သိုးသငယ် ခုနစ်ဆယ်ခုနစ်ကောင်၊ အပြစ်ဖြေရာယဇ်ဖို့ ဆိတ် တစ်ဆယ်နှစ်ကောင်တို့ကို၊ ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားအား မီးရှို့ရာယဇ်ကို ပူဇော်ကြ၏။
36
ရှင်ဘုရင်အမိန့်တော် အမှာတော်တို့ကို ကိုယ်စားတော်မင်း၊ မြစ်အနောက်ဘက် မြို့ဝန်တို့၌အပ်၍၊ သူတို့သည် ဣသရေလအမျိုးနှင့် ဘုရားသခင့် အိမ်တော်ကို ပြုစုကြ၏။
← Chapter 7
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 9 →
All chapters:
1
2
3
4
5
6
7
8
9
10
Recommended Reading
Commentary
Ezra Commentaries
→
Devotional
Ezra Devotional Guide
→
Get This Bible
Burmese Study Bible
→