bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Ezra 2
Ezra 2
Burmese 2021
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 3 →
1
ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာသည်၊
2
ဗာဗုလုန်မြို့သို့ သိမ်းသွားသော လူစုထဲကထွက်၍ ဇေရုဗဗေလ၊ ယောရှု၊ နေဟမိ၊ သရာယ၊ ရေလာယ၊ မော်ဒကဲ၊ ဗိလရှန်၊ မိဇပါ၊ ဗိဂဝဲ၊ ရေဟုံ၊ ဗာနာတို့နှင့် အတူလိုက်လာ၍၊ ယေရုရှလင်မြို့ အစရှိသော ယုဒပြည်၌ အသီးအသီးဆိုင်သော မြို့ရွာသို့ရောက်သော နိုင်ငံသား ဣသရေလလူ စာရင်းဟူမူကား၊
3
ပါရုတ်အမျိုးသား နှစ်ထောင်တစ်ရာ ခုနစ်ဆယ်နှစ်ယောက်၊
4
ရှေဖတိအမျိုးသား သုံးရာခုနစ်ဆယ်နှစ်ယောက်၊
5
အာရာအမျိုးသား ခုနစ်ရာခုနစ်ဆယ်ငါးယောက်၊
6
ပါဟတ်မောဘအမျိုး၊ ယောရှုယွာဘအမျိုးသား နှစ်ထောင်ရှစ်ရာ တစ်ဆယ်နှစ်ယောက်၊
7
ဧလံအမျိုးသား တစ်ထောင်နှစ်ရာ ငါးဆယ်လေးယောက်၊
8
ဇတ္တုအမျိုးသား ကိုးရာလေးဆယ်ငါးယောက်၊
9
ဇက္ခဲအမျိုးသား ခုနစ်ရာခြောက်ဆယ်၊
10
ဗာနိအမျိုးသား ခြောက်ရာလေးဆယ်နှစ်ယောက်၊
11
ဗေဗဲအမျိုးသား ခြောက်ရာနှစ်ဆယ်သုံးယောက်၊
12
အာဇဂဒ်အမျိုးသား တစ်ထောင်နှစ်ရာ နှစ်ဆယ်နှစ်ယောက်၊
13
အဒေါနိကံအမျိုးသား ခြောက်ရာခြောက်ဆယ် ခြောက်ယောက်၊
14
ဗိဂဝဲအမျိုးသား နှစ်ထောင်ငါးဆယ်ခြောက်ယောက်၊
15
အာဒိန်အမျိုးသား လေးရာငါးဆယ်လေးယောက်၊
16
ဟေဇကိနှင့် အာတာအမျိုးသား ကိုးဆယ်ရှစ်ယောက်၊
17
ဗေဇဲအမျိုးသား သုံးရာနှစ်ဆယ်သုံးယောက်၊
18
ယောရအမျိုးသား တစ်ရာတစ်ဆယ်နှစ်ယောက်၊
19
ဟာရှုံအမျိုးသား နှစ်ရာနှစ်ဆယ်သုံးယောက်၊
20
ဂိဗ္ဗာအမျိုးသား ကိုးဆယ်ငါးယောက်၊
21
ဗက်လင်မြို့သား တစ်ရာနှစ်ဆယ်သုံးယောက်၊
22
နေတောဖမြို့သား ငါးဆယ်ခြောက်ယောက်၊
23
အာနသုတ်မြို့သား တစ်ရာနှစ်ဆယ်ရှစ်ယောက်၊
24
အာဇမာဝက်မြို့သား လေးဆယ်နှစ်ယောက်၊
25
ကိရယသာရိမ်မြို့၊ ခေဖိရမြို့၊ ဗေရုတ်မြို့သား ခုနစ်ရာလေးဆယ်သုံးယောက်၊
26
ရာမမြို့၊ ဂါဘမြို့သား ခြောက်ရာနှစ်ဆယ်တစ်ယောက်၊
27
မိတ်မတ်မြို့သား တစ်ရာနှစ်ဆယ်နှစ်ယောက်၊
28
ဗေသလမြို့၊ အာဣမြို့သား နှစ်ရာနှစ်ဆယ်သုံးယောက်၊
29
နေဗောမြို့သား ငါးဆယ်နှစ်ယောက်၊
30
မာဂဗိတ်မြို့သား တစ်ရာငါးဆယ်ခြောက်ယောက်၊
31
အခြားသော ဧလံမြို့သား တစ်ထောင်နှစ်ရာ ငါးဆယ်လေးယောက်၊
32
ဟာရိမ်မြို့သား သုံးရာနှစ်ဆယ်၊
33
လောဒမြို့၊ ဟာဒိဒ်မြို့၊ ဩနောမြို့သား ခုနစ်ရာနှစ်ဆယ်ငါးယောက်၊
34
ယေရိခေါမြို့သား သုံးရာလေးဆယ်ငါးယောက်၊
35
သေနာမြို့သား သုံးထောင်ခြောက်ရာ သုံးဆယ်တည်း။
36
ယဇ်ပုရောဟိတ်စာရင်း ဟူမူကား၊ ယောရှုအမျိုးထဲက၊ ယေဒါယအမျိုးသား ကိုးရာခုနစ်ဆယ်သုံးယောက်၊
37
ဣမေရအမျိုးသား တစ်ထောင်ငါးဆယ်နှစ်ယောက်၊
38
ပါရှုရအမျိုးသား တစ်ထောင်နှစ်ရာ လေးဆယ်ခုနစ်ယောက်၊
39
ဟာရိမ်အမျိုးသား တစ်ထောင်တစ်ဆယ်ခုနစ်ယောက်တည်း။
40
လေဝိသားစာရင်း ဟူမူကား၊ ဟောဒဝိအမျိုးထဲက ယောရှုအမျိုးနှင့် ကာဒမေလအမျိုးသား ခုနစ်ဆယ်လေးယောက်၊
41
သီချင်းသည် အာသပ်အမျိုးသား တစ်ရာနှစ်ဆယ်ရှစ်ယောက်၊
42
တံခါးစောင့်အမျိုးသားတည်းဟူသော ရှလ္လုံအမျိုးသား၊ အာတာအမျိုးသား၊ တာလမုန်အမျိုးသား၊ အက္ကုပ်အမျိုးသား၊ ဟတိတအမျိုးသား၊ ရှောဗဲအမျိုးသားပေါင်း တစ်ရာသုံးဆယ်ကိုးယောက်တည်း။
43
ဘုရားကျွန်ခံသူ၊ ဇိဟအမျိုးသား၊ ဟသုဖအမျိုးသား၊ တဗ္ဗောက်အမျိုးသား၊
44
ကေရုတ်အမျိုးသား၊ သာယာဟအမျိုးသား၊ ပါဒုန်အမျိုးသား၊
45
လေဗနအမျိုးသား၊ ဟာဂဘအမျိုးသား၊ အက္ကုပ်အမျိုးသား၊
46
ဟာဂပ်အမျိုးသား၊ ရှာလမဲအမျိုးသား၊ ဟာနန် အမျိုးသား၊
47
ဂိဒ္ဒေလအမျိုးသား၊ ဂါဟာအမျိုးသား၊ ရာယအမျိုးသား၊
48
ရေဇိန်အမျိုးသား၊ နေကောဒအမျိုးသား၊ ဂဇ္ဇမ်အမျိုးသား၊
49
ဩဇအမျိုးသား၊ ပါသာအမျိုးသား၊ ဗေသဲအမျိုးသား၊
50
အာသနာအမျိုးသား၊ မဟုနိမ်အမျိုးသား၊ နဖုသိမ်အမျိုးသား၊
51
ဗာကဗုတ်အမျိုးသား၊ ဟကုဖအမျိုးသား၊ ဟာရဟုရအမျိုးသား၊
52
ဗာဇလုပ်အမျိုးသား၊ မဟိဒအမျိုးသား၊ ဟရရှအမျိုးသား၊
53
ဗာကုတ်အမျိုးသား၊ သိသရအမျိုးသား၊ သာမအမျိုးသား၊
54
နေဇိအမျိုးသား၊ ဟတိဖအမျိုးသားတည်း။
55
ရှောလမုန်၏ အစေခံကျွန်၊ သောတဲအမျိုးသား၊ သောဖရက်အမျိုးသား၊ ပေရုဒအမျိုးသား၊
56
ယာလအမျိုးသား၊ ဒါကုန်အမျိုးသား၊ ဂိဒ္ဒေလအမျိုးသား၊
57
ရှေဖတိအမျိုးသား၊ ဟတ္တိလအမျိုးသား၊ ပေါခရက်အမျိုးသား၊ ဇေဗိမ်အမျိုးသား၊ အာမိအမျိုးသားတည်း။
58
ဘုရားကျွန်နှင့် ရှောလမုန်ကျွန်ပေါင်းကား၊ သုံးရာကိုးဆယ်နှစ်ယောက်တည်း။
59
ထိုမှတစ်ပါး၊ ဣသရေလအမျိုး မှန်သည်၊ မမှန်သည်ကိုလည်းကောင်း၊ မိမိတို့ အဆွေအမျိုးကိုလည်းကောင်း၊ မပြနိုင်ဘဲ တေလမေလမြို့၊ တေလဟာရရှမြို့၊ ခေရုပ်မြို့၊ အဒ္ဒန်မြို့၊ ဣမေရမြို့မှ ထွက်သွားသောသူဟူမူကား၊
60
ဒေလာယအမျိုးသား၊ တောဘိအမျိုးသား၊ နေကောဒအမျိုးသားပေါင်း ခြောက်ရာငါးဆယ်နှစ်ယောက်တည်း။
61
ယဇ်ပုရောဟိတ်အမျိုးထဲက ဟဗာယအမျိုးသား၊ ကောဇအမျိုးသား၊ ဂိလဒ်ပြည်သား ဗာဇိလဲသမီးတစ်ယောက်နှင့် စုံဖက်၍၊ ယောက္ခမအမည်ကိုရသော ဗာဇိလဲအမျိုးသားတို့သည်၊
62
စာရင်းဝင်သောလူစုတွင် မိမိတို့စာရင်းကို ရှာ၍မတွေ့သောကြောင့်၊ အမျိုးမစစ်၊ ယဇ်ပုရောဟိတ်အရာကို မခံရကြ။
63
ဥရိမ်နှင့် သုမိမ်ပါသော ယဇ်ပုရောဟိတ် မပေါ်မီတိုင်အောင် သူတို့သည် အလွန်သန့်ရှင်းသောအရာတို့ကို မစားရဟု ပြည်အုပ်မင်းစီရင်၏။
64
ပရိသတ်ပေါင်းကား လေးသောင်းနှစ်ထောင် သုံးရာခြောက်ဆယ်တည်း။
65
ထိုမှတစ်ပါး၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမပေါင်း ခုနစ်ထောင်သုံးရာ သုံးဆယ်ခုနစ်ယောက်၊ သီးချင်းသည် ယောက်ျားမိန်းမပေါင်း နှစ်ရာ၊
66
မြင်းပေါင်း ခုနစ်ရာသုံးဆယ်ခြောက်စီး၊ လားပေါင်း နှစ်ရာလေးဆယ်ငါးစီး၊
67
ကုလားအုတ်ပေါင်း လေးရာသုံးဆယ်ငါးစီး၊ မြည်းပေါင်း ခြောက်ထောင်ခုနစ်ရာနှစ်ဆယ်တည်း။
68
အဆွေအမျိုးသူကြီး အချို့တို့သည် ယေရုရှလင်မြို့ ဗိမာန်တော်သို့ ရောက်သောအခါ၊ ဗိမာန်တော်ကို မိမိနေရာ၌ တည်ဆောက်ခြင်းငှာ၊
69
တတ်နိုင်သမျှအတိုင်း အလိုလိုလှူ၍၊ ရွှေဒင်္ဂါး ခြောက်သောင်းတစ်ထောင်၊ ငွေအခွက် ငါးသောင်း၊ ယဇ်ပုရောဟိတ်အဝတ် အစုံတစ်ရာကို ဘဏ္ဍာတော်ထဲသို့ သွင်းကြ၏။
70
ထိုသို့ ယဇ်ပုရောဟိတ်၊ လေဝိသား၊ သာမညလူအချို့၊ သီချင်းသည်၊ တံခါးစောင့်၊ ဘုရားကျွန်တို့သည် မိမိတို့နေရာ မြို့ရွာတို့၌လည်းကောင်း၊ ဣသရေလ ပြည်သူပြည်သား အပေါင်းတို့သည် မိမိတို့နေရာ မြို့ရွာတို့၌လည်းကောင်း နေရာကျကြ၏။
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
Recommended Reading
Commentary
Ezra Commentaries
→
Devotional
Ezra Devotional Guide
→
Get This Bible
Burmese Study Bible
→