bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese 2021
/
Ezra 7
Ezra 7
Burmese 2021
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 8 →
1
ထိုနောက်၊ ပေရသိရှင်ဘုရင် အာတဇေရဇ်လက်ထက်၌၊ ယဇ်ပုရောဟိတ်အကြီး အာရုန်၊ ဧလာဇာ၊ ဖိနဟတ်၊ အဘိရွှ၊ ဗုက္ကိ၊ ဩဇိ၊ ဇေရဟိ၊ မေရာယုတ်၊ အာဇရိ၊ အာမရိ၊ အဟိတုတ်၊ ဇာဒုတ်၊ ရှလ္လုံ၊ ဟိလခိ၊ အာဇရိ၊ စရာယတို့မှ ဆင်းသက်သောသူ၊
6
ဣသရေလအမျိုး၏ ဘုရားသခင် ထာဝရဘုရား ပေးတော်မူသော မောရှေ၏ပညတ္တိကျမ်းစာကို လေ့ကျက်သောဆရာ ဖြစ်သောသူဧဇရသည် ဗာဗုလုန်မြို့မှ ထွက်သွား၏။ ထိုသူတောင်းသမျှကို သူ၏ဘုရားသခင် ထာဝရဘုရား တန်ခိုးတော်ကြောင့် ရှင်ဘုရင် ပေးသနားတော်မူ၏။
7
အာတဇေရဇ်မင်းကြီး နန်းစံခုနစ်နှစ်တွင်၊ အချို့သော ဣသရေလအမျိုးသား ယဇ်ပုရောဟိတ်၊ လေဝိသား၊ သီချင်းသည်၊ တံခါးစောင့်၊ ဘုရားကျွန်တို့သည်လည်း၊ ယေရုရှလင်မြို့သို့ လိုက်သွားကြ၏။
8
ရှင်ဘုရင်နန်းစံ ခုနစ်နှစ်၊ ပဥ္စမလတွင် ဧဇရသည် ယေရုရှလင်မြို့သို့ ရောက်လေ၏။
9
ပထမလ တစ်ရက်နေ့တွင်၊ ဗာဗုလုန်မြို့မှထွက်၍၊ ပဥ္စမလ တစ်ရက်နေ့တွင်၊ မိမိဘုရားသခင် တန်ခိုးကျေးဇူးတော်ကြောင့်၊ ယေရုရှလင်မြို့သို့ ရောက်လေ၏။
10
အကြောင်းမူကား၊ ဧဇရသည် ထာဝရဘုရား၏ တရားတော်ကို စစ်ဆေး စောင့်ရှောက်ခြင်းငှာလည်းကောင်း၊ စီရင်ထုံးဖွဲ့တော်မူချက်တို့ကို ဣသရေလအမျိုး၌ သွန်သင်ခြင်းငှာလည်းကောင်း သဘောကျသောသူဖြစ်၏။
11
ထာဝရဘုရား၏ ပညတ်စကားနှင့် ဣသရေလအမျိုး၌ ထုံးဖွဲ့တော်မူချက်တို့ကို လေ့ကျက်သောဆရာ ယဇ်ပုရောဟိတ် ဧဇရအား၊ အာတဇေရဇ်မင်းကြီး ပေးတော်မူသော အမိန့်တော်စာချက် ဟူမူကား၊
12
ဘုရင်တို့၏ဘုရင် အာတဇေရဇ်သည် ကောင်းကင်ဘုံ၏အရှင် ဘုရားသခင့် တရားကျမ်းတတ်ဆရာ၊ ယဇ်ပုရောဟိတ်ဧဇရ၌ ခပ်သိမ်းသော မင်္ဂလာဖြစ်စေသောဟူ၍ ဤမည်သောကာလတွင် မှာလိုက်၏။
13
ငါ့နိုင်ငံ၌ရှိသော ဣသရေလအမျိုးသား၊ ယဇ်ပုရောဟိတ်၊ လေဝိသားတို့တွင် ယေရုရှလင်မြို့သို့ ကိုယ်အလိုအလျောက် သွားချင်သောသူ ရှိသမျှတို့သည် သင်နှင့်အတူ လိုက်သွားရမည်အကြောင်း ငါအမိန့်တော်ရှိ၏။
14
အကြောင်းမူကား၊ သင်၏ ဘုရားသခင့်တရားကို သင်လေ့ကျက်သည်အတိုင်း၊ ယုဒပြည်ယေရုရှလင်မြို့၌ တရားအမှုများကို မေးမြန်းစစ်ဆေးစေခြင်းငှာလည်းကောင်း၊
15
ယေရုရှလင်မြို့မှာ ကျိန်းဝပ်တော်မူသော ဣသရေလအမျိုး၏ ဘုရားသခင်အား၊ ရှင်ဘုရင်နှင့် အတွင်းဝန်တို့သည် ကြည်ညိုသောစိတ်နှင့် ပူဇော်သော ရွှေငွေနှင့်တကွ၊
16
ဣသရေလအမျိုးသား၊ ယဇ်ပုရောဟိတ်တို့သည် ယေရုရှလင်မြို့၏ ဘုရားအိမ်တော်အဖို့ အလိုလိုလှူ၍ ဗာဗုလုန်ပြည်၌ သင်ရနိုင်သမျှသော ရွှေငွေကို ဆောင်သွားစေခြင်းငှာလည်းကောင်း၊ ရှင်ဘုရင်နှင့် အတွင်းဝန်ခုနစ်ပါး စေလွှတ်၏။
17
ထိုငွေကိုယူပြီးလျှင် နွား၊ သိုးထီး၊ သိုးသငယ်နှင့်တကွ၊ ဘောဇဉ်ပူဇော်သကာ၊ သွန်းလောင်းရာ ပူဇော်သကာတို့ကို အလျင်အမြန်ဝယ်၍၊ ယေရုရှလင်မြို့၌ရှိသော သင်တို့၏ဘုရားအိမ်တော် ယဇ်ပလ္လင်ပေါ်မှာ ပူဇော်ရမည်။
18
ကျန်ကြွင်းသော ရွှေငွေကို သင်နှင့် သင့်ညီအစ်ကိုတို့ ပြုချင်သမျှအတိုင်း၊ သင်တို့၏ ဘုရားသခင် အလိုတော်နှင့်အညီ ပြုလော့။
19
သင်၏ဘုရား အိမ်တော်ဝတ်ပြုစရာဖို့ သင်၌အပ်ပေးသော တန်ဆာများကိုလည်း၊ ယေရုရှလင်မြို့၏ ဘုရားသခင့်ရှေ့တော်တွင် သိုထားလော့။
20
သင်၏ဘုရားသခင့် အိမ်တော်အဖို့ လိုသေးသောအရာ၊ ဝယ်သင့်သမျှတို့ကို ဘဏ္ဍာတော်ထဲက ထုတ်၍ဝယ်လော့။
21
ကောင်းကင်ဘုံ၏အရှင် ဘုရားသခင့်တရားကို လေ့ကျက်သောဆရာ၊ ယဇ်ပုရောဟိတ်ဧဇရ တောင်းသမျှအတိုင်း၊
22
ငွေအခွက် တစ်ထောင်၊ ဂျုံဆန်ကောရ တစ်ရာ၊ စပျစ်ရည်ဗတ် တစ်ရာ၊ ဆီဗတ် တစ်ရာနှင့်တကွ ဆားမည်မျှမဆို၊ မြစ်အနောက်ဘက်၌နေသော အခွန်ဝန်အပေါင်းတို့သည် အလျင်အမြန်ပေးရမည်အကြောင်း၊ ငါရှင်ဘုရင် အာတဇေရဇ် အမိန့်တော်ရှိ၏။
23
ကောင်းကင်ဘုံ၏အရှင် ဘုရားသခင်မှာ ထားတော်မူသမျှအတိုင်း၊ ထိုဘုရားသခင်၏ အိမ်တော်အဖို့ ကြိုးစား၍လုပ်ဆောင်စေ။ ရှင်ဘုရင်နှင့် ဆွေတော်မျိုးတော်အပေါ်သို့ အဘယ်ကြောင့် အမျက်တော် သက်ရောက်ရမည်နည်း။
24
ထိုမှတစ်ပါး၊ ယဇ်ပုရောဟိတ် လေဝိသား၊ သီချင်းသည်၊ တံခါးစောင့်၊ ဘုရားကျွန်၊ ဘုရားသခင်၏ အိမ်တော်အမှုစောင့် တစ်စုံတစ်ယောက်၌မျှ ငွေတော်ကို မခွဲစေနှင့်။ အခွန်တော်အကောက်တော်ကို မခံမယူစေနှင့်ဟု ငါမှာလိုက်၏။
25
သင်ဧဇရသည်လည်း၊ သင်၏ ဘုရားသခင့်တရားကို နားလည်သော၊ မြစ်အနောက်ဘက်သား အပေါင်းတို့တွင်၊ တရားမှုကို စီရင်စေခြင်းငှာလည်းကောင်း၊ မသိသောသူတို့ကို သွန်သင်စေခြင်းငှာလည်းကောင်း၊ မင်းများ၊ တရားသူကြီးများကို သင်၏ ဘုရားသခင့်ဉာဏ်နှင့် သင်ပြည့်စုံသည်အတိုင်း ခန့်ထားလော့။
26
သင်၏ဘုရားသခင့်တရားနှင့် ရှင်ဘုရင်အမိန့်တော်ကို ငြင်းဆန်သောသူ မည်သည်ကား၊ အသေသတ်ခြင်း၊ နှင်ထုတ်ခြင်း၊ ဥစ္စာသိမ်းယူခြင်း၊ ထောင်ထဲမှာ လှောင်ထားခြင်းတည်းဟူသော ရာဇဝတ်တစ်စုံတစ်ခုကို အလျင်အမြန်ခံစေဟု အမိန့်တော်စာ၌ပါသတည်း။
27
ယေရုရှလင်မြို့၏ ဗိမာန်တော်ကို တင့်တယ်စေမည်အကြံကို ရှင်ဘုရင်စိတ်နှလုံးထဲသို့ သွင်းပေးတော်မူထသော၊ ရှင်ဘုရင်ရှေ့၊ အတွင်းဝန်များ၊ ဗိုလ်မင်းများရှေ့မှာ ငါ့အားအခွင့်ပေးတော်မူသော ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။
28
ထိုသို့ ငါ၏ဘုရားသခင် ထာဝရဘုရား တန်ခိုးတော်ကြောင့်၊ ငါသည် ခွန်အားရှိ၍ ငါနှင့်အတူ လိုက်သွားရသော ဣသရေလအမျိုး အကြီးအကဲတို့ကို စုဝေးစေ၏။
← Chapter 6
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 8 →
All chapters:
1
2
3
4
5
6
7
8
9
10