bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
2 Samuel 1
2 Samuel 1
Burmese (BCL) (Common Language Bible)
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 2 →
1
ရှောလုကွယ်လွန်ပြီးနောက်ဒါဝိဒ်သည်အာ မလက်မြို့သားတို့ကိုနှိမ်နင်းရာမှပြန် လာ၍ ဇိကလတ်မြို့တွင်နှစ်ရက်မျှနေ၏။-
2
နောက်တစ်နေ့၌ ရှောလု၏တပ်စခန်းမှလူငယ် တစ်ယောက်သည် ဝမ်းနည်းကြေကွဲသည့်လက္ခဏာ ဖြင့် မိမိ၏အဝတ်များကိုဆုတ်ဖြဲကာ ဦးခေါင်း ကိုမြေမှုန့်ကြဲဖြန့်လျက်ရောက်လာ၏။ သူသည် ဒါဝိဒ်ထံသို့ချဉ်းကပ်ပြီးလျှင်မြေပေါ်မှာ ပျပ်ဝပ်ရှိခိုးလေ၏။-
3
ဒါဝိဒ်ကသူ့အား``သင်သည်အဘယ်အရပ် ကလာသနည်း'' ဟုမေး၏။ ထိုသူက``ကျွန်တော်သည်ဣသရေလတပ်စခန်း မှထွက်ပြေးခဲ့ပါသည်'' ဟုဖြေကြား၏။
4
ဒါဝိဒ်က``အမှုကားအဘယ်သို့နည်း'' ဟု မေးလျှင်၊ လူငယ်က``ကျွန်တော်တို့၏တပ်မတော်သည် တပ်လန်၍သွားသဖြင့် လူအများကျဆုံး ကြပါသည်။ ရှောလုမင်းနှင့်သားတော်ယော နသန်တို့သည်လည်းအသတ်ခံရကြပါ ၏'' ဟုဆို၏။
5
ဒါဝိဒ်က``ရှောလုနှင့်ယောနသန်ကွယ်လွန် ကြောင်းကိုသင်အဘယ်သို့သိသနည်း'' ဟု မေးလျှင်၊
6
ထိုသူငယ်က``ကျွန်တော်သည်ဂိလဗောတောင် ပေါ်တွင်ရှိနေခိုက်နှင့်ကြုံသဖြင့် ရှောလုမင်း သည်မိမိ၏လှံကိုမှီလျက်နေသည်ကိုလည်း ကောင်း၊ ရန်သူ၏စစ်ရထားများနှင့်မြင်းစီး သူရဲတို့သည်သူ၏အနီးသို့ချဉ်းကပ် လာကြသည်ကိုလည်းကောင်းမြင်ပါ၏။-
7
ထိုအခါသူသည်နောက်သို့လှည့်ကြည့်လိုက် ရာကျွန်တော့်ကိုမြင်၍ခေါ်ပါ၏။ ကျွန်တော် က``ရောက်ပါပြီအရှင်'' ဟုထူးသောအခါ၊-
8
မင်းကြီးသည်ကျွန်တော်အားမည်သူဖြစ် သည်ကိုမေးတော်မူသဖြင့် ကျွန်တော်က အာမလက်ပြည်သားဖြစ်ကြောင်းဖြေ ကြားလျှောက်ထားပါ၏။-
9
ထိုအခါမင်းကြီးက``ငါသည်ပြင်းစွာဒဏ် ရာရသဖြင့်သေခါနီးပြီ။ ထို့ကြောင့်လာ ၍ငါ့အားသတ်လော့'' ဟုမိန့်တော်မူပါ၏။-
10
မင်းကြီးလဲလျှင်လဲချင်းသက်တော်ဆုံး တော့မည်ကိုသိသဖြင့်ကျွန်တော်သည်သူ့ အားသတ်ပြီးလျှင် သူ၏ဦးခေါင်းမှသရဖူ နှင့်လက်မောင်းမှလက်ကောက်တော်ကိုဖြုတ် ၍အရှင့်ထံသို့ယူဆောင်ခဲ့ပါသည်'' ဟု လျှောက်၏။
11
ဒါဝိဒ်နှင့်သူ၏လူတို့သည်ဝမ်းနည်းကြေကွဲ သည့်အနေဖြင့် မိမိတို့၏အဝတ်များကို ဆုတ်ဖြဲကြ၏။-
12
သူတို့သည်စစ်ပွဲတွင်ရှောလုနှင့်ယောနသန် မှစ၍ ထာဝရဘုရား၏လူမျိုးတော်ဖြစ် သောဣသရေလအမျိုးသားတို့မြောက်မြား စွာကျဆုံးသောကြောင့် ညဥ့်ဦးတိုင်အောင် အစာမစားဘဲငိုကြွေးမြည်တမ်းကြ၏။
13
သတင်းယူဆောင်လာသူလူငယ်အားဒါဝိဒ် က``သင်သည်အဘယ်ပြည်သားနည်း'' ဟုမေး လျှင်၊ ``ကျွန်တော်သည်အာမလက်ပြည်သားဖြစ် ပါ၏။ သို့ရာတွင်အရှင်၏ပြည်တွင်နေထိုင် ပါသည်'' ဟုပြန်၍လျှောက်၏။
14
ဒါဝိဒ်က``သင်သည်အဘယ်ကြောင့်ထာဝရ ဘုရားဘိသိက်ပေးတော်မူသောဘုရင်ကို သတ်ဝံ့ပါသနည်း'' ဟုဆိုပြီးလျှင်ငယ်သား တစ်ယောက်ကိုခေါ်၍``ဤသူကိုကွပ်မျက်ပစ် လော့'' ဟုအမိန့်ပေးရာ၊-
15
ငယ်သားသည်အာမလက်အမျိုးသားကို ခုတ်သတ်လေ၏။-
16
ဒါဝိဒ်က``ဤအမှုသည်သင်ပြုသောအမှု ပင်ဖြစ်၏။ သင်သည်ထာဝရဘုရားဘိသိက် ပေးတော်မူသောဘုရင်ကိုသတ်ခဲ့ပါသည် ဟုဖြောင့်ချက်ပေးခြင်းအားဖြင့် မိမိကိုယ် ကိုသေဒဏ်သင့်စေပြီတကား'' ဟုဆို၏။
17
ဒါဝိဒ်သည်ရှောလုနှင့်ယောနသန်တို့အတွက် အောက်ပါသီချင်းကိုဖွဲ့ဆို၏။
18
ယင်းကိုယုဒပြည်သူတို့အားလည်းသင်ကြား ပေးရန်အမိန့်ပေး၏။ (ဤအကြောင်းအရာ ကိုယာရှာစာစောင်တွင်မှတ်တမ်းတင်ထား သတည်း။)
19
``ငါတို့ခေါင်းဆောင်များကားဣသရေလ တောင်ကုန်းများတွင်သေဆုံးကြလေပြီ။ သူရဲကောင်းကြီးများကျဆုံးကြလေပြီ။
20
ထိုသတင်းကိုဂါသမြို့၌သော်လည်းကောင်း အာရှကေလုန်မြို့လမ်းများပေါ်၌သော်လည်း ကောင်း မပြောကြားကြနှင့်။ ဖိလိတ္တိအမျိုးသမီးတို့ဝမ်းမြောက်ခွင့်မရ ကြစေနှင့်။ ဘုရားမဲ့သူတို့၏သမီးများရွှင်မြူးခွင့်မရ ကြစေနှင့်။
21
``ဂိလဗောတောင်ကုန်းများပေါ်၌ မိုးမရွာနှင်းမကျပါစေနှင့်။ ထိုတောင်ကုန်းများမှလယ်ယာများသည် ထာဝစဉ်အသီးအနှံကင်းမဲ့ပါစေသော။ အဘယ်ကြောင့်ဆိုသော်ထိုအရပ်သည် သူရဲကောင်းတို့၏ဒိုင်းလွှားများအသရေ ပျက်၍ ကျန်ရစ်ရာ၊ ရှောလု၏ဒိုင်းလွှားသံချေးတက်လျက်နေရာ ဖြစ်သောကြောင့်တည်း။
22
ခွန်အားကြီးသူတို့ကိုပစ်ခတ်ရာတွင်လည်း ကောင်း၊ ရန်သူကိုသတ်ဖြတ်ရာတွင်လည်းကောင်း၊ ယောနသန်၏လေးသည်အာနိသင်ထက်လှ၍ ရှောလု၏ဋ္ဌားသည်သနားညှာတာမှုမရှိ။
23
``အံ့သြနှစ်သက်ဖွယ်ကောင်းသောရှောလုနှင့် ယောနသန်တို့သည်ရှင်အတူသေမကွဲ လင်းယုန်ငှက်ထက်လျင်မြန်၍ခြင်္သေ့ထက် ခွန်အားကြီးကြပါသည်တကား။
24
``ဣသရေလအမျိုးသမီးတို့၊ရှောလုအတွက် ငိုကြွေးမြည်တမ်းကြလော့။ သူသည်သင်တို့အားကမ္ဗလာနီထည်ကို ဝတ်ဆင်စေ၍ ကျောက်မျက်ရတနာ၊ရွှေတန်ဆာဖြင့် ဆင်ယင်ပေးတော်မူ၏။
25
သူရဲကောင်းစစ်သည်တော်တို့ကျဆုံး ကြလေပြီ။ သူတို့သည်တိုက်ပွဲတွင်အသတ်ခံရကြ၏။ ယောနသန်သည်တောင်ကုန်းများပေါ်တွင် လဲ၍သေနေလေပြီ။
26
``ငါ့ညီယောနသန်၊ငါသည်သင့်အတွက် ဝမ်းနည်းကြေကွဲပါ၏။ ငါသည်သင့်ကိုလွန်စွာချစ်မြတ်နိုးပါ၏။ ငါ့အပေါ်၌သင်ထားရှိသောမေတ္တာသည် အံ့သြဖွယ်ကောင်း၍ အမျိုးသမီးတို့၏မေတ္တာထက်ပင်လွန်ကဲ ပါပေသည်။
27
``သူရဲကောင်းစစ်သည်တော်တို့သည် ကျဆုံးကြလေပြီ။ သူတို့၏လက်နက်များသည်စွန့်ပစ်ခြင်းကိုခံရ၍ အသုံးမဝင်ကြတော့သည်တကား။''
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 2 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24