bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
2 Samuel 18
2 Samuel 18
Burmese (BCL) (Common Language Bible)
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 19 →
1
ဒါဝိဒ်မင်းသည်မိမိ၏လူတို့ကိုစုရုံးစေ ပြီးလျှင် တစ်ထောင်တပ်၊ တစ်ရာတပ်များကို ဖွဲ့၍ယင်းတို့ကိုအုပ်ချုပ်ရန်တပ်မှူးများ ခန့်ထားတော်မူ၏။-
2
ထိုနောက်သူသည်ထိုတပ်တို့ကိုသုံးစုခွဲ ၍စေလွှတ်တော်မူ၏။ တစ်စုကိုယွာဘအား လည်းကောင်း၊ တစ်စုကိုယွာဘ၏ညီအဘိရှဲ အားလည်းကောင်း၊ အခြားတစ်စုကိုဂါသ မြို့သားအိတ္တဲအားလည်းကောင်းဦးစီးစေ တော်မူ၏။ ထိုနောက်မင်းကြီးသည်မိမိ၏ လူတို့အား``ငါကိုယ်တိုင်သင်တို့နှင့်အတူ ချီတက်မည်'' ဟုမိန့်တော်မူ၏။
3
လူတို့က``အရှင်၊ အကျွန်ုပ်တို့နှင့်အတူ ကြွတော်မမူပါနှင့်။ အကယ်၍အကျွန်ုပ် တို့အားလုံးပင်တပ်လန့်ထွက်ပြေးကြ သော်လည်းကောင်း၊ အကျွန်ုပ်တို့အနက် ထက်ဝက်မျှပင်ကျဆုံးသွားသော်လည်း ကောင်း၊ ရန်သူအတွက်အဘယ်သို့မျှ ထူးခြားမှုရှိမည်မဟုတ်ပါ။ အရှင် သည်ကားအကျွန်ုပ်တို့လူတစ်သောင်း လောက်တန်ဖိုးရှိပါ၏။ အရှင်သည်မြို့ ထဲတွင်နေရစ်၍အကျွန်ုပ်တို့အားစစ် ကူပို့ပေးပါကပို၍ကောင်းပါလိမ့် မည်'' ဟုလျှောက်ထားကြ၏။
4
မင်းကြီးကလည်း``အကောင်းဆုံးဟုသင်တို့ ထင်သည့်အတိုင်းငါပြုမည်'' ဟုမိန့်တော်မူ ၏။ ထိုနောက်သူသည်တစ်ထောင်တပ်၊ တစ်ရာ တပ်တို့ချီတက်ထွက်ခွာသွားကြစဉ်မြို့ တံခါးအနီးတွင်ရပ်၍နေတော်မူ၏။-
5
``ငါ့မျက်နှာကိုထောက်၍သူငယ်အဗ ရှလုံအားဘေးအန္တရာယ်မပြုကြပါ နှင့်'' ဟုယွာဘ၊ အဘိရှဲနှင့်အိတ္တဲတို့အား မှာကြားတော်မူလိုက်၏။ ဤသို့တပ်မှူး ကြီးတို့အားမှာကြားသည်ကိုတပ်သား အပေါင်းတို့ကြားကြ၏။
6
ဒါဝိဒ်၏တပ်မတော်သည်ဣသရေလအမျိုး သားတို့အား စစ်ဆင်ရန်မြို့ပြင်သို့ထွက်ခွာ ပြီးလျှင်ဧဖရိမ်တော၌တိုက်ပွဲဝင်ကြ၏။-
7
ဣသရေလအမျိုးသားတို့သည်ဒါဝိဒ်၏ လူတို့လက်တွင် အကြီးအကျယ်အရေး ရှုံးနိမ့်ကြလေသည်။ ထိုနေ့တွင်သူတို့ဘက် မှလူပေါင်းနှစ်သောင်းမျှကျဆုံးသွား သတည်း။-
8
တိုက်ခိုက်မှုသည်တောတောင်များသို့ပျံ့နှံ့ ၍သွားသဖြင့် တောတွင်သေဆုံးသည့်လူဦး ရေမှာတိုက်ပွဲတွင်ကျဆုံးသည့်ဦးရေထက် ပင်များလေသည်။
9
အဗရှလုံသည်ရုတ်တရက်ဒါဝိဒ်၏လူ အချို့နှင့်တွေ့၏။ သူသည်လားကိုစီး၍ ဝက်သစ်ချပင်ကြီးတစ်ပင်အောက်သို့ဝင် လိုက်ရာသူ၏လည်သည်သစ်ကိုင်းများ ကြားတွင်ညပ်၍နေလေ၏။ လားသည်ဆက် လက်၍ပြေးသွားသဖြင့်အဗရှလုံမှာ လေထဲတွင်တွဲလွဲကျန်ရစ်လေတော့သည်။-
10
ဒါဝိဒ်၏လူတစ်ယောက်သည်သူ့ကိုမြင် သဖြင့်ယွာဘအား``အရှင်၊ ဝက်သစ်ချပင် မှာအဗရှလုံတွဲလွဲနေသည်ကိုအကျွန်ုပ် မြင်ခဲ့ပါသည်'' ဟုပြော၏။
11
ယွာဘက``သင်မြင်ခဲ့သည်မှန်က အဘယ် ကြောင့်ထိုနေရာ၌ပင်မထိုးသတ်ခဲ့ပါ သနည်း။ အကယ်၍သာသတ်ခဲ့လျှင်သင့် အားငွေဒင်္ဂါးတစ်ဆယ်နှင့်ခါးစည်းကို ငါဆုပေးလေပြီ'' ဟုဆို၏။
12
သို့ရာတွင် ထိုသူက``အကယ်၍အရှင်သည် အကျွန်ုပ်အားငွေဒင်္ဂါးတစ်ရာပင်ပေးသော် လည်း အကျွန်ုပ်သည်ဘုရင့်သားတော်ကို လက်ဖျားနှင့်မျှတို့မည်မဟုတ်ပါ။ မင်း ကြီးကအရှင့်အားလည်းကောင်း၊ အဘိရှဲ နှင့်အိတ္တဲအားလည်းကောင်း`ငါ့မျက်နှာကို ထောက်၍လူငယ်အဗရှလုံကိုဘေး အန္တရာယ်မပြုပါနှင့်'' ဟုမှာကြားတော် မူသည်ကိုအကျွန်ုပ်တို့အားလုံးကြား ကြပါ၏။-
13
သို့ပါလျက်အကျွန်ုပ်သည်မင်းကြီး၏ အမိန့်တော်ကိုနားမထောင်ဘဲ အဗရှလုံ အားသတ်မည်ဆိုပါကမင်းကြီးမကြား မသိသည့်အမှုအရာတစ်စုံတစ်ခုမျှ မရှိသဖြင့် ထိုအကြောင်းကိုကြားသိ တော်မူမည်သာဖြစ်ပါ၏။ ထိုအခါအရှင် သည်အကျွန်ုပ်ဘက်၌နေ၍ကာကွယ်ပြော ဆိုမည်မဟုတ်ပါ'' ဟုပြန်ပြောလေ၏။
14
ယွာဘက``ငါသည်သင်နှင့်ထပ်မံ၍အချိန် မဖြုန်းလိုတော့ပြီ'' ဟုဆိုပြီးလျှင်လှံသုံး စင်းကိုယူ၍ဝက်သစ်ချပင်မှတွဲလွဲကျ လျက် အသက်ရှင်နေသောအဗရှလုံ၏ ရင်ကိုထုတ်ချင်းပေါက်ထိုးလေသည်။-
15
ထိုနောက်ယွာဘ၏တပ်သားဆယ်ယောက် တို့သည် အဗရှလုံကိုဝိုင်း၍အဆုံး စီရင်လိုက်ကြ၏။
16
ယွာဘသည်အတိုက်အခိုက်ရပ်စဲစေရန် တံပိုးခရာကိုမှုတ်စေ၏။ ထိုအခါသူ ၏တပ်သားတို့သည်ဣသရေလအမျိုး သားတို့အားလိုက်လံတိုက်ခိုက်ရာမှပြန် လာကြ၏။-
17
သူတို့သည်အဗရှလုံ၏အလောင်းကို ယူ၍ တောထဲတွင်တွင်းနက်တစ်ခုထဲသို့ ပစ်ချကာ ကျောက်ခဲပုံကြီးဖြင့်ဖုံးအုပ် ထားကြ၏။ ဣသရေလအမျိုးသားအပေါင်း တို့သည်လည်း မိမိတို့နေရပ်အသီးသီး သို့ထွက်ပြေးကြကုန်၏။
18
အဗရှလုံသည်မိမိတွင်သားမရှိသဖြင့် မိမိနာမည်မတိမ်ကောစေရန်အသက်ရှင် စဉ်အခါက ဘုရင့်ချိုင့်ဝှမ်းတွင်ကျောက်တိုင် ကိုတည်ဆောက်၍ မိမိ၏နာမည်ဖြင့်ခေါ်တွင် စေရာအဗရှလုံကျောက်တိုင်ဟုယနေ့ တိုင်အောင်တွင်သတည်း။
19
ထိုနောက်ဇာဒုတ်၏သားအဟိမတ်သည်ယွာဘ အား``ထာဝရဘုရားသည်မင်းကြီးအားရန်သူ များလက်မှကယ်တော်မူပြီဖြစ်ကြောင်းသတင်း ကောင်းကိုမင်းကြီးထံသွားရောက်ကြားလျှောက် ပါရစေ'' ဟုတောင်းပန်၏။
20
ယွာဘက``ယနေ့သင်သည်အဘယ်သတင်း ကောင်းကိုမျှယူဆောင်၍မသွားရ။ အခြား တစ်နေ့နေ့၌သွားခွင့်ပြုမည်။ ဘုရင်၏သား တော်သေဆုံးပြီဖြစ်၍ယနေ့သင်သွား၍ မဖြစ်'' ဟုဆို၏။-
21
ထိုနောက်ယွာဘသည်မိမိ၏ကျွန်ကုရှိ အမျိုးသားအား``သင်တွေ့မြင်ရသည့်အမှု ကိုမင်းကြီးထံသွား၍သံတော်ဦးတင် လော့'' ဟုဆိုသဖြင့်သူသည်ယွာဘအား ဦးညွှတ်ပြီးလျှင်ပြေး၍သွားလေသည်။
22
အဟိမတ်က``အကျွန်ုပ်အားလည်းထိုသတင်း ကိုယူဆောင်သွားခွင့်ပြုပါ။ ဘေးတွေ့မည် ဖြစ်သော်လည်းအကျွန်ုပ်အမှုမထားပါ'' ဟုထပ်မံ၍တောင်းပန်၏။ ယွာဘက``ငါ့သား၊ သင်သည်အဘယ်ကြောင့် ဤအမှုကိုပြုလိုပါသနည်း။ ယင်းသို့ပြု သည့်အတွက်ဆုလာဘ်ရရှိလိမ့်မည်မဟုတ်'' ဟုဆို၏။
23
အဟိမတ်ကလည်း``ဘေးတွေ့မည်ဖြစ်သော် လည်းအကျွန်ုပ်သွားလိုပါသည်'' ဟုတစ်ဖန် တောင်းပန်၏။ ယွာဘက``ဤသို့ဖြစ်ပါမူသင်သွားလော့'' ဟုဆိုသဖြင့်အဟိမတ်သည်ယော်ဒန်မြစ် ချိုင့်ဝှမ်းလမ်းဖြင့်ပြေးသွားရာ ကုရှိအမျိုး သားကိုကျော်လွန်၍သွားလေ၏။
24
ဒါဝိဒ်သည်မြို့အပြင်တံခါးနှင့်အတွင်း တံခါးစပ်ကြားတွင်ရှိသောမြေကွက်လပ် တွင်ထိုင်လျက်နေ၏။ ကင်းစောင့်သည်မြို့ရိုး ပေါ်သို့တက်ပြီးလျှင် မြို့တံခါးအမိုးပေါ် မှရပ်၍ကြည့်လိုက်ရာလူတစ်ယောက် အဖော်မပါဘဲပြေးလာသည်ကိုမြင် သဖြင့်၊-
25
မင်းကြီးအားဟစ်အော်လျှောက်ထား၏။ မင်း ကြီးက``ထိုသူသည်တစ်ကိုယ်တည်းဖြစ်လျှင် သတင်းကောင်းကိုယူဆောင်လာသူဖြစ်မည်'' ဟုမိန့်တော်မူ၏။ ပြေးလာသူသည်လည်း အနီးသို့ရောက်ရှိလာ၏။
26
ထိုအခါကင်းစောင့်သည် အခြားလူတစ် ယောက်တစ်ကိုယ်တည်းပြေးလာသည်ကို မြင်ပြန်သဖြင့် တံခါးမှူးအား``ကြည့်လော့၊ အခြားသူတစ်ယောက်တစ်ကိုယ်တည်း ပြေးလာနေပါသည်'' ဟုအော်၍ပြော၏။ မင်းကြီးက``ဤသူသည်လည်း သတင်းကောင်း ကိုယူဆောင်လာသူဖြစ်လိမ့်မည်'' ဟုမိန့် တော်မူ၏။
27
ကင်းစောင့်က``ပထမလူပြေးပုံမှာအဟိ မတ်ပြေးပုံနှင့်တူပါသည်'' ဟုလျှောက်လျှင်၊ မင်းကြီးက``သူသည်လူကောင်းဖြစ်၍ သတင်းကောင်းကိုယူဆောင်လာလိမ့်မည်'' ဟုမိန့်တော်မူ၏။
28
အဟိမတ်သည်မင်းကြီးအားနှုတ်ခွန်းဆက် သပြီးလျှင် ရှေ့တော်၌မြေပေါ်သို့လှဲချ ပျပ်ဝပ်ကာ``သူပုန်တို့အပေါ်တွင်အရှင်မင်း ကြီးအားအောင်ပွဲခံစေတော်မူသောအရှင် ၏ဘုရားသခင်ထာဝရဘုရားသည်မင်္ဂ လာရှိတော်မူစေသတည်း'' ဟုလျှောက်၏။
29
မင်းကြီးက``လူငယ်အဗရှလုံဘေးကင်း ပါ၏လော'' ဟုမေးလျှင်၊ အဟိမတ်က``အရှင်၊ အကျွန်ုပ်အားအရှင် ၏တပ်မှူးစေလွှတ်စဉ်အခါကရုန်းရင်းဆန် ခတ်ဖြစ်၍နေသဖြင့် အကျွန်ုပ်သည်အဘယ် သို့မျှမလျှောက်ထားတတ်ပါ'' ဟုပြန်လည် ဖြေကြား၏။
30
မင်းကြီးက``ထိုနေရာသို့ရွှေ့၍ရပ်လော့'' ဟု ဆိုလျှင်အဟိမတ်သည်ရွှေ့၍ရပ်နေ၏။
31
ထိုနောက်ကုရှိအမျိုးသားရောက်ရှိလာ၍ မင်းကြီးအား``အကျွန်ုပ်သည်အရှင်မင်းကြီး အတွက်သတင်းကောင်းကိုယူဆောင်လာပါ သည်။ ယနေ့အရှင်အားထာဝရဘုရား သည်ပုန်ကန်သူအပေါင်းတို့အပေါ်တွင် အောင်ပွဲခံစေတော်မူပါပြီ'' ဟုလျှောက်၏။
32
မင်းကြီးက``လူငယ်အဗရှလုံဘေးကင်း ပါ၏လော'' ဟုမေးတော်မူသော်ကုရှိအမျိုး သားက``အရှင်၊ အရှင်၏ရန်သူများနှင့်အရှင့် အားပုန်ကန်ကြသူများသည်ထိုသူငယ် ကဲ့သို့ဖြစ်ကြပါစေသော'' ဟုလျှောက်၏။
33
မင်းကြီးသည်လွန်စွာဝမ်းနည်းကြေကွဲလျက် မြို့တံခါးအမိုးထက်၌ရှိသောအခန်းသို့ တက်သွား၍ငိုကြွေးတော်မူ၏။ ယင်းသို့ တက်သွားစဉ်``အို ငါ့သား၊ ငါ့သားအဗရှလုံ၊ အဗရှလုံငါ့သား၊ သင့်ကိုယ်စားငါသေ ချင်ပါဘိ။ ငါ့သားအဗရှလုံ၊ ငါ့သား'' ဟု ငိုကြွေးမြည်တမ်းလေ၏။
← Chapter 17
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 19 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24