bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
2 Samuel 16
2 Samuel 16
Burmese (BCL) (Common Language Bible)
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 17 →
1
ဒါဝိဒ်သည်တောင်ထိပ်ကိုအနည်းငယ်ကျော် မိသောအခါ မေဖိဗောရှက်၏အစေခံဇိဘ နှင့်တွေ့ဆုံလေ၏။ ဇိဘသည်မုန့်အလုံးနှစ် ရာ၊ စပျစ်သီးခြောက်အခိုင်တစ်ရာ၊ စပျစ်သီး မှည့်အခိုင်တစ်ရာနှင့်စပျစ်ရည်ဘူးတစ်ဘူး ကိုမြည်းနှစ်ကောင်ဖြင့်တင်ဆောင်လာ၏။-
2
ဒါဝိဒ်မင်းက``သင်သည်ဤပစ္စည်းများကို အဘယ်ကြောင့် ယူဆောင်လာပါသနည်း'' ဟု မေးတော်မူ၏။ ဇိဘက``မြည်းများသည်အရှင်မင်းကြီး၏ မိသားစုစီးရန်ဖြစ်ပါသည်။ မုန့်နှင့်သစ်သီး များမှာငယ်သားတို့စားရန်ဖြစ်၍စပျစ် ရည်မှာတောကန္တာရတွင်သူတို့မောပန်းကြ သောအခါသောက်ရန်ဖြစ်ပါသည်'' ဟု လျှောက်၏။
3
မင်းကြီးက``သင်၏သခင်မေဖိဗောရှက် ကားအဘယ်မှာနည်း'' ဟုမေးတော်မူလျှင်၊ ဇိဘက``ယခုအခါဣသရေလအမျိုးသား တို့သည် သူ့အားဘိုးတော်ရှောလု၏နိုင်ငံကို အပ်နှင်းကြတော့မည်ဟုယုံကြည်သဖြင့် သူ သည်ယေရုရှလင်မြို့တွင်နေရစ်ပါ၏'' ဟု လျှောက်လေသည်။
4
မင်းကြီးကလည်း``မေဖိဗောရှက်ပိုင်သမျှ သောပစ္စည်းဥစ္စာတို့ကိုသင့်အားငါပေး၏'' ဟုမိန့်တော်မူ၏။ ဇိဘက``အကျွန်ုပ်သည်အရှင်၏အစေခံ ဖြစ်ပါ၏။ အကျွန်ုပ်သည်အရှင်၏ရှေ့တော် ၌အစဉ်မျက်နှာရပါစေသော'' ဟု လျှောက်၏။
5
ဒါဝိဒ်သည်ဗာဟုရိမ်မြို့သို့ရောက်သောအခါ ရှောလု၏ဆွေတော်မျိုးတော်ဂေရ၏သား၊ ရှိမိ ဆိုသူသည်ဒါဝိဒ်အားကျိန်ဆဲလျက်မြို့မှ ထွက်လာ၏။-
6
ဒါဝိဒ်အားကိုယ်ရံတော်တပ်သားများနှင့်လူ တို့ခြံရံလျက်ရှိနေသော်လည်း ရှိမိသည် ဒါဝိဒ်နှင့်မှူးမတ်တို့အားခဲနှင့်ပေါက်လေ သည်။-
7
ရှိမိက``အသက်ကိုသတ်သောအချင်း ရာဇဝတ်ကောင်၊ ထွက်သွားလော့။ ထွက်သွား လော့။-
8
သင်သည်ရှောလု၏နိုင်ငံကိုသိမ်းယူခဲ့၍ သူ၏မိသားစုတို့ကိုသတ်သည့်အတွက် ယခုထာဝရဘုရားသည်သင့်ကိုဒဏ် ခတ်တော်မူပြီ။ ထာဝရဘုရားသည်နိုင်ငံ တော်ကိုသင်၏သားအဗရှလုံ၏လက်သို့ ပေးအပ်တော်မူပြီ။ အချင်းလူသတ်သမား၊ သင်သည်အကျိုးနည်းရလေပြီ'' ဟုကျိန် ဆဲလေ၏။
9
ဇေရုယာ၏သားအဘိရှဲကမင်းကြီး အား``အရှင်မင်းကြီး၊ အဘယ်ကြောင့်ဤခွေး သေကောင်ကိုအရှင့်အားကျိန်ဆဲခွင့်ပြု တော်မူပါသနည်း။ အကျွန်ုပ်သည်သွား၍ သူ၏ဦးခေါင်းကိုဖြတ်ပစ်ပါရစေ'' ဟု လျှောက်၏။
10
မင်းကြီးကအဘိရှဲနှင့်သူ၏အစ်ကိုယွာဘ အား``ဤအမှုသည်သင်တို့နှင့်မသက်ဆိုင်။ ထာဝရဘုရားစေခိုင်းတော်မူသဖြင့် သူ သည်ကျိန်ဆဲခဲ့သော်သူ့အား`သင်သည် အဘယ်ကြောင့်ဤသို့ပြုဘိသနည်း' ဟု အဘယ်သူမေးမြန်းမည်နည်း'' ဟုဆို၏။-
11
ထိုနောက်ဒါဝိဒ်သည်အဘိရှဲနှင့်မှူးမတ် အပေါင်းတို့အား``ငါ၏သားရင်းကပင်လျှင် ငါ့ကိုသေကြောင်းကြံလျက်နေသည်ဖြစ်ရာ ဤဗင်္ယာမိန်အနွယ်ဝင်ပြုသည့်အမှုမှာ အံ့သြလောက်ပါသလော။ သူပြုလိုရာ ပြုပါစေ။ ကျိန်ဆဲပါလေစေ။ ထာဝရ ဘုရားစေခိုင်းတော်မူသဖြင့်သူသည် ဤသို့ပြုလုပ်ရခြင်းဖြစ်၏။-
12
ထာဝရဘုရားသည်ငါ၏ဒုက္ခကိုမြင် တော်မူ၍ ထိုသူ၏ကျိန်စာအစားကောင်း ချီးမင်္ဂလာကိုချပေးကောင်းချပေးတော် မူပါလိမ့်မည်'' ဟုဆို၏။-
13
ထိုနောက်ဒါဝိဒ်နှင့်နောက်တော်လိုက်သူတို့ သည်ဆက်လက်၍ခရီးပြုကြ၏။ ရှိမိသည် တောင်ခါးပန်းတစ်လျှောက်လိုက်၍ကျိန်ဆဲ ကာကျောက်ခဲများဖြင့်ပေါက်၏။ မြေမှုန့် များနှင့်လည်းပက်၏။-
14
မင်းကြီးနှင့်အတူသူ၏လူအပေါင်းတို့သည် ယော်ဒန်မြစ်သို့ရောက်သောအခါ နွမ်းနယ်ကြ သဖြင့်ထိုအရပ်တွင်အပန်းဖြေကြ၏။
15
အဗရှလုံသည်လိုက်ပါလာသောဣသရေလ အမျိုးသားအပေါင်းတို့နှင့်အတူ ယေရု ရှလင်မြို့သို့ဝင်ကြ၏။ ထိုသူတို့နှင့်အတူ အဟိသောဖေလလည်းပါ၏။-
16
ဒါဝိဒ်၏လူယုံတော်ဟုရှဲသည်အဗရှလုံ ကိုတွေ့သောအခါ``မင်းကြီးသက်တော်ရှည် ပါစေသော။ မင်းကြီးသက်တော်ရှည်ပါစေ သော'' ဟုကြိုဆိုလေ၏။
17
အဗရှလုံက``သင်၏အဆွေတော်အပေါ်၌ ထားရှိသည့်ကျေးဇူးသစ္စာစကားအဘယ်သို့ ဖြစ်လေပြီနည်း။ သင်သည်အဘယ်ကြောင့်သူ နှင့်အတူလိုက်မသွားပါသနည်း'' ဟုမေး၏။
18
ဟုရှဲက``အကျွန်ုပ်သည်အဘယ်သို့လိုက်သွား နိုင်ပါမည်နည်း။ ထာဝရဘုရားရွေးချယ်ခန့် ထားသူဤလူစုနှင့်ဣသရေလအမျိုးသား အပေါင်းတို့ရွေးချယ်ခန့်ထားသူ၏အစေ ကိုအကျွန်ုပ်ခံပါမည်။ အကျွန်ုပ်သည်အရှင် နှင့်အတူနေပါမည်။-
19
အမှန်မှာအကျွန်ုပ်သည်မိမိသခင်၏ သားတော်ထံတွင်အမှုတော်မထမ်းဆောင် ပါလျှင် အဘယ်သူ၏ထံတွင်ထမ်းဆောင် ရပါမည်နည်း။ အကျွန်ုပ်သည်အရှင့်ခမည်း တော်၏အမှုတော်ကိုထမ်းဆောင်ခဲ့သည့် နည်းတူ ယခုအရှင်၏အမှုတော်ကို ထမ်းဆောင်ပါမည်'' ဟုလျှောက်၏။
20
ထိုနောက်အဗရှလုံသည်အဟိသောဖေလ ၏ဘက်သို့လှည့်၍``ငါတို့သည်အဘယ်အမှု ကိုပြုရကြပါမည်နည်း။ ငါတို့အားအကြံ ပေးလော့'' ဟုဆို၏။
21
အဟိသောဖေလက``နန်းတော်ကိုစောင့်စေ ရန်အရှင့်ခမည်းတော်ထားခဲ့သောမောင်းမ များရှိရာသို့ဝင်၍ ကိုယ်လက်နှီးနှောမှုကို ပြုတော်မူပါ။ သို့ပြုလျှင်ခမည်းတော်သည် အရှင့်အားရန်သူအဖြစ်သတ်မှတ်ကြောင်း လူအပေါင်းတို့သိသောအခါအရှင်၏ နောက်လိုက်နောက်ပါတို့သည်အလွန်အား ရကြပါလိမ့်မည်'' ဟုလျှောက်၏။-
22
သို့ဖြစ်၍အဗရှလုံသည်နန်းတော်အမိုး ထက်တွင်အမိုးမိုးစေပြီးနောက် လူအပေါင်း တို့၏မျက်မှောက်၌ခမည်းတော်၏မောင်းမ များနှင့်ကိုယ်လက်နှီးနှောမှုကိုပြု၏။
23
ထိုစဉ်အခါကလူတို့သည်အဟိသော ဖေလပေးသည့်အကြံကို ဘုရားသခင် ၏ဗျာဒိတ်တော်သဖွယ်မှတ်ယူတတ်ကြ၏။ ဒါဝိဒ်နှင့်အဗရှလုံတို့လည်းမှတ်ယူ ကြသတည်း။
← Chapter 15
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 17 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24