bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
2 Samuel 2
2 Samuel 2
Burmese (BCL) (Common Language Bible)
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 3 →
1
ထိုနောက်ဒါဝိဒ်သည်ထာဝရဘုရားအား``ကိုယ် တော့်ကျွန်သည်ယုဒမြို့တစ်မြို့မြို့သို့သွားရောက် အုပ်ချုပ်ရပါမည်လော'' ဟုမေးလျှောက်၏။ ထာဝရဘုရားက``သွားလော့'' ဟုမိန့်တော် မူလျှင်၊ ``အဘယ်မြို့သို့သွားရပါမည်နည်း'' ဟု မေးလျှောက်ပြန်၏။ ထာဝရဘုရားက``ဟေဗြုန်မြို့'' ဟုဆိုသဖြင့်၊-
2
ဒါဝိဒ်သည်မိမိဇနီးနှစ်ယောက်ဖြစ်ကြသော ယေဇရေလမြို့သူ အဟိနောင်နှင့်ကရမေလ မြို့မှနာဗလ၏မုဆိုးမအဘိဂဲလကို ခေါ်၍ဟေဗြုန်မြို့သို့သွားလေသည်။-
3
သူသည်မိမိ၏အပေါင်းပါတို့နှင့်အိမ်ထောင် စုများကိုခေါ်ဆောင်ကာ ဟေဗြုန်မြို့ပတ်ဝန်း ကျင်ရှိမြို့ရွာတို့တွင်နေထိုင်စေ၏။-
4
ထိုအခါယုဒပြည်သားတို့သည်ဟေဗြုန် မြို့သို့လာ၍ ဒါဝိဒ်အားယုဒဘုရင်အဖြစ် ဘိသိက်ပေးကြ၏။ ရှောလု၏အလောင်းကိုဂိလဒ်ပြည်၊ ယာဗက် မြို့သားတို့ကသင်္ဂြိုဟ်ကြကြောင်းဒါဝိဒ်ကြား သိသောအခါ၊-
5
ထိုသူတို့ထံသို့လူအချို့ကိုစေလွှတ်၍``သင် တို့သည်ရှောလု၏အလောင်းကိုသင်္ဂြိုဟ်ကြ ခြင်းအားဖြင့် မိမိတို့၏ဘုရင်အားသစ္စာ စောင့်ပုံကိုဖော်ပြကြပေသည်။ သို့ဖြစ်၍ ထာဝရဘုရားသည်သင်တို့အားကောင်း ချီးပေးတော်မူပါစေသော။-
6
ထာဝရဘုရားသည်သင်တို့အားသစ္စာ ကရုဏာထားတော်မူပါစေသော။ သင်တို့ ပြုခဲ့သည့်အမှုအတွက်ငါသည်လည်းသင် တို့အားကျေးဇူးပြုမည်။-
7
သင်တို့သည်အားမာန်တင်း၍ရဲစွမ်းသတ္တိရှိကြ လော့။ သင်တို့ဘုရင်ရှောလုသည်ကွယ်လွန်သွား ပြီဖြစ်၍ ယုဒပြည်သားတို့ကငါ့အားသူ တို့၏ဘုရင်အဖြစ်ဘိသိက်ပေးကြလေပြီ'' ဟုအမှာစာရေးသားပေးပို့လိုက်၏။
8
ရှောလု၏တပ်မတော်ဗိုလ်ချုပ်၊ နေရ၏သား အာဗနာသည်ရှောလု၏သားတော်ဣရှဗော ရှက်နှင့်အတူ ယော်ဒန်မြစ်ကိုဖြတ်၍မဟာ နိမ်မြို့သို့ထွက်ပြေးသွားလေသည်။-
9
သူသည်ထိုမြို့တွင်ဂိလဒ်နယ်၊ အာရှာနယ်၊ ယေဇရေလနယ်၊ ဧဖရိမ်နယ်၊ ဗင်္ယာမိန်နယ် အစရှိသောဣသရေလပြည်တစ်ခုလုံးအတွက် ဣရှဗောရှက်အားမင်းမြှောက်လေသည်။-
10
ဣရှဗောရှက်သည်ဣသရေလဘုရင်ဖြစ်လာ သောအခါ အသက်လေးဆယ်ရှိ၍နှစ်နှစ်မျှ နန်းစံရ၏။ သို့ရာတွင်ယုဒအနွယ်ဝင်တို့မူကားဒါဝိဒ် အားကျေးဇူးသစ္စာစောင့်ကြ၏။-
11
ဒါဝိဒ်သည်သူတို့အားဟေဗြုန်မြို့တွင်ခုနစ် နှစ်ခွဲတိုင်အုပ်စိုးတော်မူ၏။
12
အာဗနာသည်ဣရှဗောရှက်၏စစ်သူရဲများ နှင့်အတူမဟာနိမ်မြို့မှဂိဗောင်မြို့သို့သွား ၏။-
13
ဇေရုယာ၏သားယွာဘနှင့်ဒါဝိဒ်၏စစ်သူရဲ တို့သည်လည်း ဂိဗောင်ကန်အနီးသို့လာရောက်၍ သူတို့နှင့်တွေ့ဆုံကြ၏။ သူတို့လူနှစ်စုသည် ကန်တစ်ဘက်တစ်ချက်စီ၌နေရာယူကြ၏။-
14
အာဗနာကယွာဘအား``ငါတို့တစ်ဘက်စီ မှလူငယ်အချို့တို့ကိုစစ်ကစားစေကြအံ့'' ဟုဆိုလျှင်၊ ယွာဘက``ကောင်းပြီ'' ဟုဆိုလေ၏။
15
သို့ဖြစ်၍ဣရှဗောရှက်နှင့်ဗင်္ယာမိန်လူမျိုးစုကို ကိုယ်စားပြုသူလူတစ်ဆယ့်နှစ်ယောက်တို့သည် ဒါဝိဒ်၏လူတစ်ဆယ့်နှစ်ယောက်နှင့်စစ်ကစား ကြ၏။-
16
လူတိုင်းပင်မိမိတိုက်ခိုက်ရသူနှင့်အပြန်အလှန် ဦးခေါင်းကိုကိုင်၍ နံဘေးကိုဋ္ဌားနှင့်ထိုးလျက် သူတို့အားလုံးပင်လဲ၍သေကြကုန်၏။ ဤ အကြောင်းကြောင့်ဂိဗောင်နယ်ရှိဤအရပ် ကို``ဋ္ဌားကွင်း'' ဟူ၍ခေါ်ဆိုသမုတ်ကြလေ သည်။
17
ထိုနောက်ပြင်းထန်သောစစ်ပွဲဖြစ်ပွား၍အာဗနာ နှင့်ဣသရေလပြည်သူတို့သည် ဒါဝိဒ်၏လူတို့ လက်တွင်အရေးရှုံးနိမ့်ကြလေသည်။-
18
ဇေရုယာ၏သားသုံးယောက်ဖြစ်ကြသောယွာဘ၊ အဘိရှဲနှင့်အာသဟေလတို့သည်တိုက်ပွဲတွင် ပါဝင်ကြ၏။ အာသဟေလသည်ဒရယ်ကဲ့သို့ လျင်မြန်စွာပြေးနိုင်၏။ သူသည်အာဗနာအား တသမတ်တည်းလိုက်လျက်နေ၏။-
20
အာဗနာသည်နောက်သို့လည့်၍ကြည့်ပြီး လျှင်``သင်သည်အာသဟေလလော'' ဟုမေး၏။ အာသဟေလက``ငါဟုတ်သည်'' ဟုပြန်ပြော သောအခါ၊
21
အာဗနာက``ငါ့ကိုလိုက်မနေနှင့်တော့။ အခြား စစ်သည်တစ်ယောက်ယောက်ကိုလိုက်၍ဖမ်းပြီးမှ သူ့ထံမှရသည့်ပစ္စည်းကိုယူလော့'' ဟုဆို၏။ သို့ ရာတွင်အာသဟေလသည်လိုက်မြဲလိုက်၍ နေ၏။-
22
အာဗနာက``ငါ့ကိုလိုက်မနေနှင့်။ သင့်ကိုငါ မသတ်လိုပါ။ သင့်ကိုသတ်ပြီးလျှင်သင်၏အစ်ကို ယွာဘအားငါအဘယ်သို့မျက်နှာပြနိုင်ပါ မည်နည်း'' ဟုဆို၏။-
23
သို့ရာတွင်အာသဟေလသည်လိုက်မြဲလိုက် သဖြင့် အာဗနာသည်မိမိလှံနှင့်နောက်ပြန်ထိုး လိုက်ရာ လှံသည်အာသဟေလ၏ဝမ်းကိုထုတ် ချင်းဖောက်လေ၏။ အာသဟေလသည်ထိုနေရာ ၌လဲကျသေဆုံးသွား၏။ သူလဲကျရာသို့ ရောက်ရှိလာသူအပေါင်းတို့သည် ရှေ့သို့ဆက် ၍မသွားတော့ဘဲထိုနေရာ၌ပင်ရပ်၍နေ ကြ၏။
24
သို့ရာတွင်ယွာဘနှင့်အဘိရှဲတို့မူကား အာဗနာ ကိုလိုက်လံတိုက်ခိုက်ရန်ထွက်ခွာသွားကြ၏။ သူ တို့သည်နေဝင်ချိန်၌ဂိဗောင်တောကန္တာရသို့ သွားရာလမ်းအနီး၊ ဂိအာမြို့၏အရှေ့ဘက် တွင်ရှိသောအမ္မတောင်ကုန်းသို့ရောက်ကြ၏။-
25
ဗင်္ယာမိန်အနွယ်ဝင်တို့သည်အာဗနာ၏ထံတွင် ပြန်လည်စုရုံးကြပြီးလျှင် တောင်ကုန်းထိပ်တွင် တပ်စွဲနေကြ၏။-
26
အာဗနာကယွာဘအား``ငါတို့သည်အစဉ်အမြဲ ဆက်လက်တိုက်ခိုက်နေရကြပါမည်လော။ နောက်ဆုံး ၌စိတ်နာမှုမှတစ်ပါးအဘယ်အကျိုးမျှရှိမည် မဟုတ်ကြောင်း သင်မသိမမြင်ပါသလော။ ငါတို့ သည်သင်တို့နှင့်တစ်မြေတည်းနေ၊ တစ်ရေတည်း သောက်သူများဖြစ်ပါ၏။ ငါတို့အားလိုက်လံ တိုက်ခိုက်မှုကိုရပ်စဲကြစေရန် သင်၏လူတို့ အားအမိန့်မပေးဘဲအဘယ်မျှကြာအောင် ဆိုင်းငံ့နေပါဦးမည်နည်း'' ဟုဟစ်အော်၍ ပြော၏။
27
ယွာဘက``အကယ်၍သင်ဤကဲ့သို့မပြောခဲ့ လျှင် ငါ၏လူတို့သည်သင်တို့အားနက်ဖြန်နံ နက်တိုင်အောင် လိုက်လံကြမည်ဖြစ်ကြောင်း အသက်ရှင်တော်မူသောဘုရားသခင်ကို တိုင်တည်၍ငါကျိန်ဆိုပါ၏'' ဟုပြန်ပြော လေ၏။-
28
ထိုနောက်ယွာဘသည်တံပိုးခရာကိုမှုတ် လိုက်ရာသူ၏လူတို့သည် ဣသရေလအမျိုး သားတို့အားလိုက်လံမှုကိုမပြုကြတော့ ချေ။ သို့ဖြစ်၍တိုက်ခိုက်မှုလည်းရပ်စဲသွား လေသည်။
29
အာဗနာနှင့်သူ၏လူတို့သည်တစ်ညလုံး ယော်ဒန်ချိုင့်ဝှမ်းကိုဖြတ်၍သွားကြ၏။ သူတို့ သည်ယော်ဒန်မြစ်ကိုကူး၍ နောက်တစ်နေ့တစ် မနက်လုံးခရီးပြုကြပြီးနောက်မဟာနိမ် မြို့သို့ရောက်ကြ၏။
30
ယွာဘသည်အာဗနာကိုလိုက်လံမှုရပ်စဲစေ ပြီးနောက် မိမိ၏လူအပေါင်းကိုစုရုံးစေ၏။ ထို အခါအာသဟေလအပြင်လူတစ်ဆယ့်ကိုး ယောက်ပျောက်ဆုံးနေသည်ကိုတွေ့ရှိရလေ သည်။-
31
ဒါဝိဒ်၏လူတို့သည်ဗင်္ယာမိန်အနွယ်ဝင် အာဗနာ၏လူပေါင်းသုံးရာခြောက်ဆယ် ကိုသတ်ဖြတ်ခဲ့ကြသတည်း။-
32
ယွာဘတို့လူစုသည်အာသဟေလ၏အလောင်း ကိုယူ၍ ဗက်လင်မြို့ရှိမိသားစုဂူတွင်သင်္ဂြိုဟ် ကြ၏။ ထိုနောက်သူတို့သည်တစ်ညဥ့်လုံးခရီး ပြုကြရာအရုဏ်တက်ချိန်၌ဟေဗြုန်မြို့သို့ ရောက်ရှိကြ၏။
← Chapter 1
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 3 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24