bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
2 Samuel 3
2 Samuel 3
Burmese (BCL) (Common Language Bible)
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 4 →
1
ရှောလုမင်းဆက်ကိုထောက်ခံသူများနှင့် ဒါဝိဒ် ကိုထောက်ခံသူများသည် ကာလကြာမြင့်စွာ ဆက်လက်၍စစ်ဖြစ်ပွားလျက်နေ၏။ ဒါဝိဒ်သည် တဖြည်းဖြည်းအင်အားတိုးတက်လာ၍သူ၏ ရန်သူတို့မူကားအင်အားဆုတ်ယုတ်လာလေ သည်။
2
ဟေဗြုန်မြို့တွင်ဒါဝိဒ်ရရှိသောသားခြောက် ယောက်တို့၏အမည်များကိုဖော်ပြအံ့။ သားဦး မှာအာမနုန်ဖြစ်၍သူ၏မိခင်မှာယေဇရေလ မြို့သူအဟိနောင်ဖြစ်၏။-
3
ဒုတိယသားမှာခိလပ်ဖြစ်၍သူ၏မိခင်ကား ကရမေလမြို့မှနာဗလ၏မုဆိုးမအဘိ ဂဲလဖြစ်၏။ တတိယသားကားအဗရှလုံ ဖြစ်၏။ သူ၏မိခင်မှာဂေရှုရဘုရင်တာလမဲ ၏သမီးတော်မာခါဖြစ်၏။-
4
စတုတ္ထသားသည်အဒေါနိယဖြစ်၍သူ၏ မိခင်မှာဟ္ဂိတ်ဖြစ်၏။ ပဉ္စမသားမှာရှေဖတိ ဖြစ်၍သူ၏မိခင်သည်အဘိတလဖြစ်၏။-
5
ဆဋ္ဌမသားကားဣသရံဖြစ်၍သူ၏မိခင်မှာ ဧဂလာဖြစ်၏။ ဤသားတော်များသည်ဟေဗြုန် မြို့၌ဖွားမြင်သူများဖြစ်သတည်း။
6
ရှောလုမင်းဆက်ကိုထောက်ခံသူများနှင့်ဒါဝိဒ် ကိုထောက်ခံသူများဆက်လက်၍ စစ်ဖြစ်နေသည့် ကာလကြာလာသည်နှင့်အမျှအာဗနာသည် ရှောလု၏ဆွေတော်မျိုးတော်တို့အပေါ်တွင် ပို၍ပို၍တန်ခိုးအာဏာလွှမ်းမိုးလာလေ သည်။
7
တစ်နေ့သ၌ရှောလု၏သားတော်ဣရှဗောရှက် သည်အာဗနာအားအဲအာ၏သမီး၊ ရှောလု ၏မောင်းမငယ်ရိဇပနှင့်သမုတ်ကာပြစ်တင် စွပ်စွဲ၏။-
8
ယင်းသို့ပြစ်တင်စွပ်စွဲသည်ကိုအာဗနာသည် လွန်စွာစိတ်ဆိုးသဖြင့်``ငါသည်ရှောလုအား သစ္စာဖောက်မည်ဟုထင်မှတ်ပါသလော။ ငါသည် ယုဒပြည်၏အကျိုးအတွက်ဆောင်ရွက်နေသူ ဟုမှတ်ယူပါသလော။ အစမူလကပင်ငါ သည်သင်၏ခမည်းတော်ရှောလု၏အပေါ်၌ လည်းကောင်း၊ သူ၏ညီအစ်ကိုများ၊ မိတ်ဆွေ များအပေါ်၌လည်းကောင်းသစ္စာစောင့်ခဲ့၏။ သင့်အားလည်းဒါဝိဒ်လက်တွင်းသို့မကျ ရောက်စေရန်ဆီးတားခဲ့၏။ သို့ပါလျက် ယနေ့သင်သည်ငါ့အားမိန်းမမှုနှင့်ပြစ် တင်စွပ်စွဲပါသည်တကား။-
9
ထာဝရဘုရားသည်ရှောလုနှင့်သူ၏သား မြေးများထံမှနိုင်ငံတော်ကိုရုပ်သိမ်း၍ ဒါဝိဒ်အားနိုင်ငံတစ်စွန်းမှတစ်စွန်းတိုင်အောင် ဣသရေလပြည်နှင့်ယုဒပြည်တို့၏ဘုရင် အဖြစ်ခန့်ထားတော်မူမည်ဟုကတိပြုတော် မူခဲ့၏။ ယခုငါသည်ထိုကတိတော်အကောင် အထည်ပေါ်စေရန်မဆောင်ရွက်ပါမူ ဘုရားသခင်သည်ငါ့အားအပြစ်ဒဏ်ခတ်တော်မူ ပါစေသော'' ဟုဆို၏။-
11
ဣရှဗောရှက်သည်အာဗနာကိုလွန်စွာ ကြောက်သဖြင့်စကားတစ်ခွန်းမျှပြန်၍ မတုံ့မပြန်ဝံ့ချေ။
12
ထိုအချိန်၌ဒါဝိဒ်သည်ဟေဗြုန်မြို့တွင်ရှိ နေသဖြင့် အာဗနာသည်သူ၏ထံသို့စေတမန် များကိုလွှတ်၍``ဤပြည်ကိုအဘယ်သူအုပ်စိုး ပါမည်နည်း။ အကျွန်ုပ်နှင့်သစ္စာဖွဲ့တော်မူလျှင် အရှင့်ဘက်သို့ဣသရေလတစ်ပြည်လုံးပါ လာစေရန်အကျွန်ုပ်ကူညီဆောင်ရွက်ပေးပါ မည်'' ဟုလျှောက်စေ၏။
13
ဒါဝိဒ်က``ကောင်းပြီ။ သို့သော်ငါ့ထံသို့သင် လာရောက်ချိန်၌ ရှောလု၏သမီးမိခါလ ကိုဆောင်ခဲ့ရမည်။ သို့မှသာငါသည်သင် နှင့်သစ္စာဖွဲ့နိုင်မည်'' ဟုပြန်ကြားလိုက်၏။-
14
ထိုနောက်ဒါဝိဒ်သည်ဣရှဗောရှက်ထံစေတမန် များလွှတ်၍``ငါ၏ဇနီးမိခါလကိုပြန်၍ ပေးလော့။ ငါသည်သူ့ကိုထိမ်းမြားနိုင်ရန် ဖိလိတ္တိအမျိုးသားအရေဖျားတစ်ရာဖြင့် ဝယ်ယူခဲ့ရ၏'' ဟုမှာကြားလိုက်၏။-
15
သို့ဖြစ်၍ဣရှဗောရှက်သည်မိခါလကိုလဲရှ ၏သား၊ ခင်ပွန်းဖာလတိထံမှပြန်သိမ်းစေ၏။-
16
ဖာလတိသည်ငိုကြွေးလျက်ဗာဟုရိမ်မြို့တိုင် အောင်မိခါလနောက်သို့လိုက်လေ၏။ ထို့နောက် အာဗနာက``အိမ်သို့ပြန်လော့'' ဟုဆိုသဖြင့် ပြန်သွားရ၏။
17
အာဗနာသည်ဣသရေလခေါင်းဆောင်များ ထံသို့သွား၍``ဒါဝိဒ်အားသင်တို့မင်းမြှောက် လိုကြသည်မှာကြာပေပြီ။-
18
ယခုအခါကားသင်တို့အဖို့အခွင့်ကောင်းပင် ဖြစ်ပါ၏။ ထာဝရဘုရားက`ငါ၏လူမျိုးတော် အားဖိလိတ္တိအမျိုးသားများနှင့်အခြားရန်သူ တို့လက်တွင်းမှငါ့ကျွန်ဒါဝိဒ်၏လက်ဖြင့် ကယ်မည်' ဟုမိန့်တော်မူခဲ့သည်ကိုအောက်မေ့ သတိရကြလော့'' ဟုဆို၏။-
19
အာဗနာသည်ဗင်္ယာမိန်အနွယ်ဝင်တို့အားလည်း တိုက်တွန်းပြောဆို၏။ ထိုနောက်သူသည်ဣသရေလ နှင့်ဗင်္ယာမိန်အနွယ်ဝင်တို့အဘယ်သို့သဘော တူညီကြကြောင်းကို ဒါဝိဒ်အားပြန်ကြား လျှောက်ထားရန်ဟေဗြုန်မြို့သို့သွား၏။
20
အာဗနာသည်လူနှစ်ကျိပ်နှင့်ဒါဝိဒ်ရှိရာ ဟေဗြုန်မြို့သို့ရောက်ရှိလာသောအခါ ဒါဝိဒ် သည်သူတို့အားစားပွဲတည်ခင်းကျွေးမွေး၏။-
21
အာဗနာကဒါဝိဒ်အား``အကျွန်ုပ်သည်ယခု သွား၍ ဣသရေလအမျိုးသားတစ်ရပ်လုံး ကိုအရှင်မင်းကြီး၏ဘက်သို့ပါအောင်ဆောင် ရွက်ပေးပါမည်။ သူတို့သည်အရှင့်အားမိမိ တို့၏ဘုရင်အဖြစ်အသိအမှတ်ပြုကြ ပါလိမ့်မည်။ ထိုအခါအရှင်သည်မိမိဆန္ဒ ရှိနှင့်ထားသည့်အတိုင်းဣသရေလပြည် တစ်ခုလုံးကိုအုပ်စိုးရပါလိမ့်မည်'' ဟု လျှောက်၏။ ဒါဝိဒ်သည်အာဗနာအား ဘေးမဲ့ထွက်ခွာသွားစေတော်မူ၏။
22
ထိုနောက်ယွာဘနှင့်ဒါဝိဒ်၏အခြားစစ်သူရဲ တို့သည် ရန်သူတို့အားလုယက်တိုက်ခိုက်ရာမှ လက်ရပစ္စည်းအမြောက်အမြားနှင့်ပြန်လာ ကြ၏။ အာဗနာသည်ကားဒါဝိဒ်နှင့်အတူ ဟေဗြုန်မြို့တွင်မရှိတော့ပေ။ အဘယ်ကြောင့် ဆိုသော်ဒါဝိဒ်သည်သူ့အားဘေးမဲ့ထွက်ခွာ စေပြီဖြစ်သောကြောင့်တည်း။-
23
ယွာဘတို့လူစုရောက်ရှိလာကြသောအခါ ဒါဝိဒ်မင်းထံသို့အာဗနာလာကြောင်း၊ သူ့ အားဒါဝိဒ်သည်ဘေးမဲ့ပြန်လွှတ်လိုက်ကြောင်း သတင်းကိုယွာဘကြားသိရလေသည်။-
24
ထိုအခါသူသည်ဘုရင့်ထံသို့သွား၍``အရှင် အဘယ်သို့ပြုတော်မူပါသနည်း။ အာဗနာသည် အရှင့်ထံသို့ရောက်ရှိလာသော်လည်း အရှင်သည် အဘယ်ကြောင့်သူ့အားဤသို့ပြန်၍လွှတ်တော် မူပါသနည်း။-
25
သူသည်အရှင့်အားလိမ်လည်လှည့်စား၍ အရှင် သွားလာလှုပ်ရှားမှုအလုံးစုံကိုစုံစမ်းရန် လာရောက်ခြင်းဖြစ်သည်ကိုအရှင်သိတော်မူ သည်မဟုတ်ပါလော'' ဟုလျှောက်၏။
26
ယွာဘသည်ဒါဝိဒ်ထံမှထွက်လာပြီးနောက် အာဗနာကိုပြန်ခေါ်ရန်စေတမန်များကို လွှတ်လိုက်၏။ သူတို့သည်အာဗနာအားသိ ရရေတွင်းမှပြန်၍ခေါ်ဆောင်ခဲ့ကြ၏။-
27
ဟေဗြုန်မြို့သို့အာဗနာရောက်ရှိလာသော အခါ ယွာဘသည်မြို့တံခါးနံဘေးသို့ခေါ် ယူကာတီးတိုးပြောဆိုဆွေးနွေးဟန်ပြု၍ ဝမ်းကိုဋ္ဌားနှင့်ထိုးလိုက်၏။ ဤသို့လျှင်အာဗနာ သည်ယွာဘ၏ညီအာသဟေလကိုသတ်ခဲ့ သည့်အတွက်လုပ်ကြံခြင်းကိုခံရလေ၏။-
28
ဤသတင်းကိုဒါဝိဒ်ကြားသိတော်မူသော အခါ``အာဗနာအားလုပ်ကြံမှုတွင်ငါနှင့် ငါ၏ပြည်သူပြည်သားတို့သည် လုံးဝအပြစ် ကင်းကြကြောင်းထာဝရဘုရားသိတော်မူ ပါ၏။-
29
ထိုအမှုအတွက်ယွာဘနှင့် သူ၏အိမ်ထောင် စုဝင်အပေါင်းတို့အပြစ်ဒဏ်သင့်ကြပါစေ သော။ သူ၏ဆွေစဉ်မျိုးဆက်တိုင်း၌ရိနာ စွဲသူ၊ နူနာစွဲသူ၊ ခါးကုန်းချည့်နဲ့သူ၊ ဋ္ဌား ဘေးသင့်သူ၊ ငတ်မွတ်သူရှိပါစေသော'' ဟု မြွက်ဆိုတော်မူ၏။-
30
သို့ဖြစ်၍ယွာဘနှင့်ညီအဘိရှဲတို့သည် ဂိဗောင်စစ်ပွဲတွင် မိမိတို့၏ညီအာသဟေလ အားအာဗနာသတ်ခဲ့သည့်အတွက်အာ ဗနာကိုလက်စားချေလိုက်ကြသတည်း။
31
ထိုနောက်ဒါဝိဒ်သည်ယွာဘနှင့်အပေါင်းပါ တို့အား အဝတ်များကိုဆုတ်ဖြဲ၍လျှော်တေ ကိုဝတ်ပြီးလျှင် အာဗနာအတွက်ငိုကြွေး မြည်တမ်းမှုပြုကြရန်အမိန့်ပေးတော်မူ၏။ ထိုနောက်အလောင်းကိုသင်္ချိုင်းသို့ပို့ဆောင်သွား သောအခါ၌လည်း မင်းကြီးကိုယ်တိုင်တလား ၏နောက်မှလမ်းလျှောက်၍လိုက်ပါပို့ဆောင် တော်မူ၏။-
32
အာဗနာကိုဟေဗြုန်မြို့တွင်သင်္ဂြိုဟ်ကြ၏။ သင်္ချိုင်းမှာမင်းကြီးသည်အော်ဟစ်၍ငိုကြွေး တော်မူသဖြင့် အခြားသူအပေါင်းတို့သည် လည်းထိုနည်းတူပြုကြကုန်၏။-
33
ဒါဝိဒ်သည်အာဗနာအတွက်ငိုချင်းကိုဖွဲ့ ဆိုတော်မူ၏။ အဆိုပါငိုချင်းမှာ ``အို အာဗနာသင်သည်အဘယ်ကြောင့် လူမိုက်တစ်ယောက်ကဲ့သို့သေရပါသနည်း။
34
ရာဇဝတ်ကောင်၏လက်ချက်ဖြင့်သေရသူ နည်းတူ လက်ထိတ်မခတ်ခြေချင်းမစွဲဘဲ ကျဆုံးလေပြီတကား'' ဟူ၍ဖြစ်သည်။ ထိုအခါလူတို့သည်အာဗနာအတွက်ငို ကြွေးမြည်တမ်းကြပြန်၏။
35
စားတော်ခေါ်ရန်ဒါဝိဒ်အားလူတို့တစ်နေ့လုံး တိုက်တွန်းကြသော်လည်းမင်းကြီးက``ငါသည် နေမဝင်မီစားတော်ခေါ်ခဲ့သော် ငါ့အားဘုရားသခင်အပြစ်ဒဏ်ခတ်တော်မူပါစေသော'' ဟု ကျိန်ဆိုအဋ္ဌိဋ္ဌာန်ပြုတော်မူ၏။-
36
ဤအခြင်းအရာကိုမြင်သောအခါလူတို့ သည်နှစ်သက်သဘောကျကြ၏။ အမှန်စင် စစ်သူတို့သည်မင်းကြီးပြုသမျှသော အမှုတို့ကိုနှစ်သက်ကြသည်သာတည်း။-
37
ဒါဝိဒ်၏လူတို့နှင့်ဣသရေလပြည်သား အပေါင်းတို့သည် အာဗနာကိုသတ်ဖြတ်မှု တွင်မင်းကြီးမပါကြောင်းကိုသိရှိနား လည်ကြ၏။-
38
မင်းကြီးကမိမိ၏အရာရှိတို့အား``ယနေ့ သည်ဣသရေလခေါင်းဆောင်ကြီးတစ်ဦး ကွယ်လွန်သည့်နေ့ဖြစ်ကြောင်းသင်တို့မသိ ကြပါသလော။-
39
ငါသည်ဘုရားသခင်ဘိသိက်ပေးတော်မူ သောဘုရင်ပင်ဖြစ်သော်လည်း ယနေ့အား လျော့ပါ၏။ ဇေရုယာ၏သားတို့သည်ငါ့ အတွက်ရက်စက်ကြမ်းကြုတ်လွန်းလှပါသည် တကား။ ဤရာဇဝတ်ကောင်တို့အားအပြစ် နှင့်အလျောက် ထာဝရဘုရားဒဏ်ခတ်တော် မူပါစေသော'' ဟုမိန့်တော်မူ၏။
← Chapter 2
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 4 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24