bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Deuteronomy 12
Deuteronomy 12
Burmese (BCL) (Common Language Bible)
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 13 →
1
``သင်တို့ဘိုးဘေးတို့၏ဘုရားသခင်ထာဝရ ဘုရားပေးတော်မူမည့်ပြည်တွင် နေထိုင်သမျှ ကာလပတ်လုံးစောင့်ထိန်းရမည့်ပညတ်တော် များကိုဖော်ပြအံ့။ နားထောင်ကြလော့။-
2
သင်တို့သိမ်းယူမည့်ပြည်တွင်တောင်ထိပ်ပေါ်၊ တောင်ကုန်းပေါ်၊ သစ်စိမ်းပင်အောက်ရှိထိုပြည် သားတို့ကိုးကွယ်ရာဌာနရှိသမျှကိုဖျက် ဆီးပစ်ရမည်။-
3
သူတို့၏ယဇ်ပလ္လင်များကိုဖြိုချ၍ သူတို့၏ ဘုရားကျောက်တိုင်များကိုချိုးဖျက်ရမည်။ သူတို့ကိုးကွယ်သောဘုရားမအာရှရ၏ တံခွန်တိုင်များကိုမီးရှို့ရမည်။ သူတို့၏ ရုပ်တုများကိုခုတ်လှဲဖျက်ဆီးပစ်ရမည်။ ဤနည်းအားဖြင့်ထိုအရပ်များတွင် ယင်း ဘုရားများကိုကိုးကွယ်မှုပပျောက်သွား လိမ့်မည်။-
4
``သင်တို့၏ဘုရားသခင်ထာဝရဘုရား ကို သူတို့ကိုးကွယ်သည့်နည်းအတိုင်းမကိုး ကွယ်ရ။-
5
ထာဝရဘုရားသည်သင်တို့၏အနွယ်များ နေထိုင်ရာနယ်မြေမှ ရှေ့တော်သို့လူတို့လာ ရောက်ကိုးကွယ်ဝတ်ပြုနိုင်သောဌာနတစ်ခု ကိုရွေးချယ်ပေးတော်မူလိမ့်မည်။-
6
သင်တို့သည်ထိုဌာနတွင် မီးရှို့ရာယဇ်နှင့် အခြားယဇ်ကောင်များ၊ ဆယ်ဖို့တစ်ဖို့နှင့် ပူဇော်သကာများ၊ ထာဝရဘုရားအား ကတိထားသောပူဇော်သကာများ၊ မိမိ စေတနာအလျောက်ပေးလှူသောအလှူများ၊ သင်တို့၏သိုးနွားတို့မှသားဦးပေါက်စသည် တို့များကို ထာဝရဘုရားအားပူဇော် ဆက်သရမည်။-
7
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့အားကောင်းချီးပေးတော်မူသဖြင့် သင် တို့အလုပ်လုပ်၍ရရှိသောအစားအစာများ ကို သင်တို့နှင့်တကွသင်တို့၏မိသားစုများ သည် ထိုဌာနတွင်ကိုယ်တော်၏ရှေ့တော်၌ ပျော်ရွှင်စွာစားရကြမည်။''
8
``သင်တို့သည်ကတိထားတော်မူသောပြည် သို့ဝင်ရောက်သည့်အခါ ထာဝရဘုရားအား ကိုးကွယ်ရာတွင် ယခင်ကလိုက်နာကျင့်သုံး ခဲ့သည့်နည်းအတိုင်းမကိုးကွယ်နှင့်။ သင်တို့ ၏ဘုရားသခင်ထာဝရဘုရားပေးတော် မူသောပြည်တွင် ငြိမ်းချမ်းစွာနေထိုင်နိုင်သည့် ကာလမရောက်သေးမီ၊-
9
သင်တို့အပေါင်းသည်မိမိနှစ်သက်ရာနည်း ဖြင့် ယနေ့တိုင်အောင်ကိုယ်တော်ကိုကိုးကွယ် လျက်ရှိကြ၏။-
10
သင်တို့သည်ယော်ဒန်မြစ်ကိုဖြတ်ကူးပြီး သောအခါ ထာဝရဘုရားသည်ထိုပြည်ကို သင်တို့အားသိမ်းပိုက်နေထိုင်စေတော်မူလိမ့် မည်။ ထာဝရဘုရားသည်သင်တို့ကိုရန်သူ အပေါင်းတို့၏ဘေးရန်မှကာကွယ်တော်မူ သဖြင့် သင်တို့သည်ငြိမ်းချမ်းစွာနေထိုင် နိုင်လိမ့်မည်။-
11
ထာဝရဘုရားသည်သင်တို့အတွက်ဘုရား ဝတ်ပြုကိုးကွယ်ရန် တစ်ခုတည်းသောဌာန ကိုရွေးချယ်ပေးတော်မူမည်။ ငါမိန့်မှာသည့် အတိုင်း သင်တို့သည်မီးရှို့ရာယဇ်နှင့်အခြား ယဇ်ကောင်များ၊ ဆယ်ဖို့တစ်ဖို့နှင့်ပူဇော်သကာ များ၊ ထာဝရဘုရားအားကတိထားသော အထူးပူဇော်သကာများစသည်တို့ကို ထိုဌာနသို့ယူဆောင်ခဲ့ရမည်။-
12
ထိုနောက်သင်တို့၏သားသမီးများ၊ ကျေးကျွန် များ၊ သင်တို့၏မြို့များတွင်နေထိုင်သောလေဝိ အမျိုးသားများနှင့်အတူ ကိုယ်တော်၏ရှေ့ တော်၌ဝမ်းမြောက်ကြလော့။ လေဝိအမျိုး သားတို့တွင်ကိုယ်ပိုင်မြေရှိကြမည်မဟုတ် ကြောင်းသတိရကြလော့။-
13
သင်တို့သည်ကြိုက်ရာဌာန၌ယဇ်ပူဇော် ခြင်းကိုမပြုရ။
14
သင်တို့အနွယ်များအနက်တစ်နွယ်၏နယ် မြေအတွင်းရှိ ထာဝရဘုရားရွေးချယ်တော် မူမည့်ဌာန၌သာယဇ်ပူဇော်ရမည်။ ထိုဌာန ၌သာမီးရှို့ရာယဇ်ကိုပူဇော်၍ သင်တို့အား ငါမှာကြားသမျှတို့ကိုဆောင်ရွက်ရမည်။''
15
``သို့ရာတွင်သင်တို့နေထိုင်ရာ မြို့ရွာများ၌ တိရစ္ဆာန်များကိုသတ်စားနိုင်သည်။ ထာဝရ ဘုရားသည်သင်တို့အားကြွယ်ဝချမ်းသာ စေတော်မူသမျှအတိုင်းသတ်စားနိုင်သည်။ သင်တို့အပေါင်းသည်သမင်ဒရယ်သား ကိုစားသုံးခွင့်ရှိသကဲ့သို့ ဘာသာရေးထုံး တမ်းအရစင်ကြယ်သူဖြစ်စေ၊ မစင်ကြယ် သူဖြစ်စေထိုတိရစ္ဆာန်၏အသားကိုစား သုံးခွင့်ရှိသည်။-
16
သို့ရာတွင်တိရစ္ဆာန်တို့၏သွေးကိုမူကား မစားရ။ ရေကိုသွန်သကဲ့သို့မြေပေါ်မှာ သွန်ရမည်။-
17
ထာဝရဘုရားအားဆက်ကပ်သောပူဇော် သကာများကို သင်တို့နေထိုင်ရာမြို့များတွင် မစားသုံးရ။ ဆန်စပါး၊ စပျစ်ရည်၊ သံလွင်ဆီ တို့၏ဆယ်ဖို့တစ်ဖို့၊ သိုးနွားများမှသားဦး ပေါက်များ၊ ထာဝရဘုရားအားကတိထား သောပူဇော်သကာများ၊ မိမိစေတနာ အလျောက်ပေးလှူသောအလှူများနှင့်အခြား အလှူများကိုသင်တို့၏မြို့ရွာများတွင် မသုံးဆောင်ရ။-
18
သင်တို့နှင့်သင်တို့၏သားသမီးများ၊ ကျေး ကျွန်များ၊ သင်တို့မြို့ရွာများတွင်နေထိုင် သောလေဝိအမျိုးသားများသည် ဤပူဇော် သကာများကိုသင်တို့၏ဘုရားသခင် ထာဝရဘုရား ရွေးချယ်သည့်တစ်ခုတည်း သောကိုးကွယ်ရာဌာန၌သာစားသုံးရ မည်။ သင်တို့သည်ထိုဌာနတွင်သင်တို့အလုပ် လုပ်၍ ရရှိသောအစားအစာများကိုပျော် ရွှင်စွာစားသုံးကြလော့။-
19
သင်တို့သည်ပြည်တော်တွင်အသက်ရှင်နေ ထိုင်သမျှကာလပတ်လုံး လေဝိအမျိုး သားတို့ကိုမမေ့ရန်သတိချပ်လော့။''
20
``သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် ကတိတော်ရှိသည့်အတိုင်းသင်တို့၏ ပြည်နယ်နိမိတ်ကိုကျယ်ပြန့်စေတော်မူ သောအခါ သင်တို့သည်အသားကိုစား လိုသမျှစားနိုင်သည်။-
21
အကယ်၍ထာဝရဘုရားအားဝတ်ပြုရာ တစ်ခုတည်းသောဌာနသည် သင်တို့နှင့်ဝေး ကွာလွန်းလျှင်ငါမှာကြားထားသည့်အတိုင်း သင်တို့အလိုဆန္ဒရှိသောအခါထာဝရ ဘုရားပေးသနားတော်မူသောနွားသို့ မဟုတ်သိုးကိုသတ်၍ သင်တို့မြို့ရွာများ တွင်စားခွင့်ရှိသည်။-
22
သင်တို့အပေါင်းသည်သမင်ဒရယ်သားကိုစား ခွင့်ရှိသကဲ့သို့ ဘာသာရေးထုံးတမ်းအရ စင်ကြယ်သူဖြစ်စေ၊ မစင်ကြယ်သူဖြစ်စေ ထိုအသားကိုစားခွင့်ရှိသည်။-
23
သို့ရာတွင်သွေးသည်အသက်ဖြစ်သောကြောင့် သွေးကိုမစားရ။ သို့ဖြစ်၍သွေးပါရှိသော အသားကိုမစားရ။-
24
သွေးကိုမစားသုံးရ။ ရေကိုမြေပေါ်မှာသွန် သကဲ့သို့သွေးကိုသွန်ရမည်။-
25
ဤပညတ်ကိုလိုက်နာခြင်းသည်ထာဝရဘုရား နှစ်သက်တော်မူသောအမှုဖြစ်၏။ သို့ဖြစ်၍သင် တို့သည်ဤပညတ်ကိုလိုက်နာလျှင် သင်တို့နှင့် သင်တို့၏အဆက်အနွယ်တို့သည်လည်းကောင်း စားကြလိမ့်မည်။-
26
သင်တို့၏ပူဇော်သကာနှင့် ဆက်ကပ်ပါမည် ဟုကတိပြုထားသောလက်ဆောင်ပဏ္ဏာများ ကိုထာဝရဘုရားအားဝတ်ပြုရာတစ်ခု တည်းသောဌာနသို့ယူဆောင်သွားရကြမည်။-
27
ထိုဝတ်ပြုရာဌာနရှိထာဝရဘုရား၏ ယဇ်ပလ္လင်ပေါ်၌ မီးရှို့ရာယဇ်ကိုပူဇော်ရ မည်။ ယဇ်ပလ္လင်ပေါ်တွင်ယဇ်ကောင်၏သွေးကို သွန်း၍အသားကိုစားရသောယဇ်ကို လည်းပူဇော်ရမည်။-
28
သင်တို့သည်ငါမှာကြားသမျှတို့ကိုတစ် သဝေမတိမ်းလိုက်နာကြခြင်းအားဖြင့် သင် တို့၏ဘုရားသခင်ထာဝရဘုရားရှေ့တော် တွင်မှန်ကန်သောအမှု၊ နှစ်သက်တော်မူဖွယ် သောအမှုကိုပြုကြသောကြောင့် သင်တို့နှင့် သင်တို့၏အဆက်အနွယ်တို့သည် အစဉ် အမြဲချမ်းသာစွာနေထိုင်ရကြလိမ့်မည်။''
29
``သင်တို့ဝင်ရောက်မည့်ပြည်တွင်နေထိုင်သော လူမျိုးများကို သင်တို့၏ဘုရားသခင်ထာဝရ ဘုရားသည်သုတ်သင်ပယ်ရှင်းသဖြင့် သင်တို့ သည်ထိုပြည်ကိုသိမ်းပိုက်နေထိုင်ရကြလိမ့် မည်။-
30
ထာဝရဘုရားကထိုလူမျိုးများကိုသုတ် သင်ပယ်ရှင်းပြီးသောအခါ သင်တို့သည်သူတို့ ၏ဘာသာရေးအလေ့အကျင့်များကိုမလိုက် မိစေရန်သတိပြုကြလော့။ သူတို့၏အလေ့ အကျင့်များကိုလိုက်ခြင်းသည် သင်တို့အတွက် သေလောက်သောကျော့ကွင်းဖြစ်လိမ့်မည်။-
31
သူတို့၏ဘုရားဝတ်ပြုနည်းကိုအတုမယူ ကြနှင့်။ ထိုသူတို့သည်မိမိတို့၏ဘုရားများ ကိုဝတ်ပြုရာ၌ ထာဝရဘုရားမုန်းတီးရွံ ရှာတော်မူသောအမှုများကိုပြုလုပ်ကြ သောကြောင့် သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုဝတ်ပြုသည့်အခါ သူတို့ကဲ့သို့ ဝတ်မပြုကြနှင့်။ ထိုသူတို့သည်မိမိတို့ ၏သားသမီးများကိုပင်ယဇ်ပလ္လင်ပေါ်၌ မီးရှို့ပူဇော်ကြ၏။-
32
သင်တို့အားငါမှာကြားသမျှတို့ကိုကျင့် ကြလော့။ ထပ်တိုးခြင်း၊ နုတ်ပယ်ခြင်းမပြု ရ။''
← Chapter 11
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 13 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34