bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Deuteronomy 6
Deuteronomy 6
Burmese (BCL) (Common Language Bible)
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 7 →
1
``သင်တို့အားသွန်သင်ရန် သင်တို့၏ဘုရားသခင်ထာဝရဘုရားပေးအပ်တော်မူသော ပညတ်တော်များသည်ကား ဤသို့တည်း။ သင် တို့ဝင်ရောက်သိမ်းယူမည့်ပြည်တွင် ဤပညတ် တော်များကိုလိုက်နာစောင့်ထိန်းကြလော့။-
2
သင်တို့နှင့်သင်တို့၏အဆက်အနွယ်တို့သည် အသက်ရှင်သမျှကာလပတ်လုံးသင်တို့၏ ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့ ရိုသေရကြမည်။ သင်တို့သည်ထိုပြည်တွင် ကြာရှည်စွာနေထိုင်နိုင်ရန် ငါပေးသော ပညတ်တော်ရှိသမျှတို့ကိုနားထောင်၍ စောင့်ထိန်းကြလော့။-
3
အို ဣသရေလအမျိုးသားတို့၊ ထိုပညတ်တော် များကိုစောင့်ထိန်းလော့။ ထိုသို့ပြုလျှင်ဘိုး ဘေးတို့၏ဘုရားသခင်ထာဝရဘုရား ကတိတော်ရှိသည်အတိုင်း သင်တို့သည်ကြွယ်ဝ ကောင်းစား၍အင်အားကြီးသောလူမျိုးဖြစ် လာလိမ့်မည်။ အစာရေစာပေါကြွယ်ဝသော ပြည်တွင်နေထိုင်ရကြလိမ့်မည်။''
4
``အို ဣသရေလအမျိုးသားတို့ ဤအချက် ကိုမမေ့နှင့်။ ထာဝရဘုရားသာလျှင် ငါတို့ ၏ဘုရားဖြစ်တော်မူ၏။-
5
သင်တို့၏ဘုရားသခင်ထာဝရဘုရား ကိုစိတ်စွမ်းရှိသမျှ၊ ကိုယ်စွမ်းရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့။-
6
ယနေ့သင်တို့အားငါပေးသောပညတ်တော် များကို မည်သည့်အခါမျှမမေ့နှင့်။-
7
ထိုပညတ်များကို သင်တို့၏သားသမီးတို့ အားသွန်သင်ရမည်။ အိမ်၌ရှိသည့်အခါ ဖြစ်စေ၊ နားနေသည့်အခါဖြစ်စေ၊ အလုပ် လုပ်သည့်အခါဖြစ်စေ ထိုပညတ်တော်များ ကိုသွန်သင်ရမည်။-
8
ထိုပညတ်များကိုသတိရနေစေရန် သင် တို့၏လက်မောင်း၌လည်းကောင်း၊ နဖူး၌ လည်းကောင်းချည်ထားရမည်။-
9
သင်တို့၏အိမ်တံခါးတိုင်နှင့်ဝင်းတံခါးတို့ တွင် ထိုပညတ်တော်များကိုရေးထားရမည်။''
10
``သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်တို့၏ဘိုးဘေးများဖြစ်ကြသော အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အားကတိ ထားတော်မူသည်အတိုင်း သင်တို့ကိုယ်တိုင် မတည်ဆောက်သည့်စည်ပင်သာယာသော မြို့ကြီးများကို သင်တို့အားပေးတော်မူ မည်။-
11
သင်တို့မစုဆောင်းဘဲ ကောင်းမွန်သောအရာ များနှင့်ပြည့်စုံသောအိမ်များကိုလည်းကောင်း၊ သင်တို့မတူးသောရေတွင်းများကိုလည်း ကောင်း၊ သင်တို့မစိုက်ပျိုးသောစပျစ်ခြံနှင့် သံလွင်ခြံများကိုလည်းကောင်း သင်တို့အား ပေးတော်မူမည်။ ထာဝရဘုရားသည်သင် တို့ကိုပို့ဆောင်၍ ထိုပြည်သို့ရောက်သဖြင့် သင်တို့သည်အစားအစာကိုဝလင်စွာ စားရသောအခါ၊-
12
ကျွန်ခံရာအီဂျစ်ပြည်မှသင်တို့ကိုထုတ် ဆောင်တော်မူခဲ့သော ထာဝရဘုရားကို မမေ့လျော့ရန်သတိပြုကြလော့။-
13
သင်တို့၏ဘုရားသခင်ထာဝရဘုရားကို ကြောက်ရွံ့ရိုသေလော့။ ကိုယ်တော်ကိုသာကိုး ကွယ်လော့။ ကိုယ်တော်၏နာမတော်ကိုသာ တိုင်တည်လျက်ကတိသစ္စာပြုလော့။-
14
အခြားဘုရားများကိုမဆည်းကပ်နှင့်။ သင် တို့ပတ်ဝန်းကျင်တွင်နေထိုင်သောလူမျိုး တို့၏ဘုရားများကိုမကိုးကွယ်နှင့်။-
15
သင်တို့နှင့်အတူရှိတော်မူသောဘုရားသခင် ထာဝရဘုရားသည် ပြိုင်ဘက်ကိုလုံးဝလက်ခံ တော်မမူ။ ထို့ကြောင့်သင်တို့သည်အခြားသော ဘုရားကိုဝတ်ပြုလျှင် အမျက်တော်သည်မီး ကဲ့သို့တောက်လောင်၍ သင်တို့အပေါင်းကိုသေ ကြေပျက်စီးစေလိမ့်မည်။''
16
``သင်တို့သည်မဿာအရပ်မှာကဲ့သို့ သင်တို့ ၏ဘုရားသခင်ထာဝရဘုရားကိုအစစ် အကြောမပြုရ။-
17
ထာဝရဘုရားပြဋ္ဌာန်းတော်မူသော ပညတ် အားလုံးကိုလိုက်နာရန်သတိပြုလော့။-
18
သင်တို့သည်ထာဝရဘုရား၏ရှေ့တော်တွင် သင့်မြတ်မှန်ကန်သောအမှုတို့ကိုပြုလျှင် အရာရာ၌အောင်မြင်လိမ့်မည်။ သင်တို့၏ ဘိုးဘေးတို့အား ထာဝရဘုရားကတိ ထားတော်မူသောသာယာဝပြောသည့် ပြည်ကိုသိမ်းနိုင်လိမ့်မည်။-
19
ကတိတော်အတိုင်းသင်တို့၏ရန်သူတို့ကို လည်းနှင်ထုတ်နိုင်လိမ့်မည်။''
20
``နောင်အခါ၌သင်တို့၏သားသမီးတို့သည် သင်တို့အား`ငါတို့၏ဘုရားသခင်ထာဝရ ဘုရားက ဤပညတ်ရှိသမျှကိုအဘယ် ကြောင့်ပြဋ္ဌာန်းတော်မူရသနည်း' ဟူ၍ မေး ကြလျှင်၊-
21
`ငါတို့သည်အီဂျစ်ပြည်ဘုရင်ထံတွင်ကျွန် ခံခဲ့ရစဉ်က ထာဝရဘုရားသည်မဟာ တန်ခိုးတော်ဖြင့်ငါတို့အားကယ်ဆယ်ခဲ့ ၏။-
22
ထာဝရဘုရားသည် အီဂျစ်အမျိုးသားတို့ အားလည်းကောင်း၊ သူတို့၏ဘုရင်နှင့်မှူးမတ် အရာရှိအပေါင်းတို့အားလည်းကောင်း နိမိတ် လက္ခဏာများကိုပြ၍ကြောက်မက်ဖွယ်သော ဘေးဥပဒ်များကျရောက်စေတော်မူခဲ့ပုံကို ငါတို့ကိုယ်တိုင်တွေ့မြင်ခဲ့ရကြသည်။-
23
ငါတို့၏ဘိုးဘေးတို့အားကတိထားတော်မူ သည့်အတိုင်း ငါတို့ကိုအီဂျစ်အမျိုးသားတို့ ၏လက်မှလွတ်မြောက်စေပြီးလျှင် ဤပြည် တွင်နေထိုင်ရန်ပို့ဆောင်တော်မူ၏။-
24
ထိုနောက်ငါတို့၏ဘုရားသခင်ထာဝရ ဘုရားသည် ပညတ်အလုံးစုံတို့ကိုလိုက် နာကျင့်သုံးရန်လည်းကောင်း၊ ကိုယ်တော်အား ကြောက်ရွံ့ရိုသေရန်လည်းကောင်းပြဋ္ဌာန်း တော်မူ၏။-
25
ငါတို့သည်ထာဝရဘုရားမိန့်မှာတော်မူ သည့်အတိုင်းနာခံလျှင် ကိုယ်တော်သည်ငါ တို့၏နိုင်ငံကိုအစဉ်စောင့်ရှောက်၍သာယာ ဝပြောစေတော်မူမည်။ ငါတို့သည်ဘုရားသခင်ပညတ်တော်မူသမျှကိုတစ်သဝေ မတိမ်းလိုက်နာလျှင် ထာဝရဘုရားသည် ငါတို့အားနှစ်သက်တော်မူလိမ့်မည်' ဟူ၍ ဖြေကြားလော့။''
← Chapter 5
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 7 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34