bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Deuteronomy 13
Deuteronomy 13
Burmese (BCL) (Common Language Bible)
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 14 →
1
``သင်တို့တွင်ပရောဖက်သို့မဟုတ် အိပ်မက် ကိုဖတ်တတ်သူတစ်ဦးဦးက၊-
2
သင်တို့ယခင်ကဝတ်မပြု၊ မကိုးကွယ်ဘူး သောဘုရားများကို ဝတ်ပြုကိုးကွယ်စေရန် အလို့ငှာနိမိတ်လက္ခဏာကိုသော်လည်းကောင်း၊ အံ့ဖွယ်သောအမှုကိုသော်လည်းကောင်းပြုမည် ဟုပြောလိမ့်မည်။ သူပြောသည့်အတိုင်း နိမိတ် လက္ခဏာနှင့်အံ့ဖွယ်သောအမှုကိုပြနိုင် သည့်တိုင်အောင်၊-
3
ထိုသူ၏စကားကိုနားမထောင်ရ။ သင်တို့ သည်ထာဝရဘုရားအား ကိုယ်စိတ်နှလုံး ဖြင့်ချစ်သည်မချစ်သည်ကိုသိနိုင်ရန် သင် တို့၏ဘုရားသခင်ထာဝရဘုရားသည် ထိုသူအားဖြင့်သင်တို့ကိုစစ်ဆေးခြင်း ဖြစ်၏။-
4
ထာဝရဘုရား၏ဦးဆောင်မှုကိုခံယူ၍ ကိုယ် တော်ကိုကြောက်ရွံ့ရိုသေလော့။ ကိုယ်တော်၏ ပညတ်တော်တို့ကိုစောင့်ထိန်း၍ စကားတော် ကိုနားထောင်လော့။ ကိုယ်တော်ကိုဝတ်ပြု ကိုးကွယ်၍ ကိုယ်တော်အားသစ္စာရှိလော့။-
5
သင်တို့အားကျွန်ခံရာအီဂျစ်ပြည်မှကယ် တင်တော်မူခဲ့သော ထာဝရဘုရားကိုပုန် ကန်ရန်တိုက်တွန်းသောပရောဖက် သို့မဟုတ် အိပ်မက်ဖတ်တတ်သူကိုသေဒဏ်စီရင်ရမည်။ ထိုသူသည်သင်တို့အား ထာဝရဘုရားမိန့် မှာတော်မူသောအသက်ရှင်ရာလမ်းမှ သွေ ဖည်သွားစေရန်သွေးဆောင်သူဖြစ်သည်။ ယင်းဒုစရိုက်ကို သင်တို့မှဖယ်ရှားပစ်ရန် ထိုသူကိုသေဒဏ်စီရင်ရမည်။''
6
``သင်၏ညီအစ်ကို၊ သင်၏သားသမီး၊ သင်ချစ် သောဇနီး၊ သင်နှင့်အလွန်ရင်းနှီးသောမိတ်ဆွေ တစ်ဦးဦးကပင်လျှင် သင်နှင့်သင်၏ဘိုးဘေး တို့ယခင်ကဝတ်မပြုမကိုးကွယ်ဘူးသော အခြားဘုရားများကိုဝတ်ပြုကိုးကွယ် ရန်တိတ်တဆိတ်သွေးဆောင်ပေလိမ့်မည်။-
7
သူတို့တစ်ဦးဦးကသင်တို့အနီးအပါး တွင်နေထိုင်သူ သို့မဟုတ်သင်တို့နှင့်ဝေးသော အရပ်တွင်နေထိုင်သူတို့၏ဘုရားများကို ဝတ်ပြုကိုးကွယ်ရန်ဖြားယောင်းပေလိမ့်မည်။-
8
ထိုအခါသင်တို့သည်သူဖြားယောင်းသည့် အတိုင်းမလိုက်လျောနှင့်။ သူပြောသည့်စကား ကိုပင်နားမထောင်နှင့်။ သူ့အားထောက်ထား ညှာတာခြင်းမပြုရ။ အကာအကွယ်မပေးရ။-
9
သူ့ကိုသတ်ပစ်လော့။ သူ့ကိုသေဒဏ်စီရင် ရာတွင် သင်သည်သူ့ကိုအဦးဆုံးကျောက်ခဲ နှင့်ပစ်သူဖြစ်ရမည်။ ထို့နောက်မှအခြား သူများကိုကျောက်ခဲနှင့်ပစ်စေရမည်။-
10
သူ့ကိုကျောက်ခဲနှင့်ပစ်၍သတ်ရမည်။ သင်တို့ အားကျွန်ခံရာအီဂျစ်ပြည်မှကယ်တင်တော် မူခဲ့သော သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုပစ်ပယ်စေရန်သူသည်သွေးဆောင် ခဲ့၏။-
11
ထိုအခါဣသရေလအမျိုးသားအပေါင်း တို့သည် ဤသတင်းကိုကြားရသဖြင့် မည်သူ မျှထိုကဲ့သို့သောဒုစရိုက်ကိုနောက်တစ်ဖန် ကူးလွန်ဝံ့ကြမည်မဟုတ်ချေ။''
12
``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေးသနားတော်မူသော မြို့များတွင်နေထိုင် ကြသောအခါသင်၏အမျိုးသားထဲမှ၊-
13
အခြေမရှိသူအချို့ကတစ်မြို့သားချင်း တို့အား ယခင်ကသူတို့ဝတ်မပြုမကိုး ကွယ်ဘူးသော ဘုရားများကိုဝတ်ပြုကိုး ကွယ်ရန်သွေးဆောင်သည့်သတင်းကိုကြား မိလျှင်၊-
14
သင်တို့သည်စေ့စေ့စပ်စပ်မေးမြန်းစုံစမ်း လော့။ ထိုဒုစရိုက်ကိုဧကန်ပြုကြောင်းစုံ စမ်းသိရှိရသော်၊-
15
ထိုမြို့သူမြို့သားအားလုံးနှင့်သူတို့၏သိုး နွားတိရစ္ဆာန်ရှိသမျှတို့ကို သတ်ဖြတ်သုတ် သင်ပစ်ရမည်။ သူတို့နေထိုင်ရာမြို့ကိုလည်း လုံးဝဖျက်ဆီးပစ်ရမည်။-
16
ထိုမြို့သားတို့ပိုင်သောပစ္စည်းဥစ္စာရှိသမျှတို့ ကို မြို့စျေးကွက်တွင်စုပုံရမည်။ ထို့နောက်မြို့ နှင့်တကွပစ္စည်းရှိသမျှတို့ကို သင်၏ဘုရားသခင်ထာဝရဘုရားအားပူဇော်သကာ အဖြစ်မီးရှို့ရမည်။ ထိုမြို့ကိုအသစ်တစ်ဖန် မတည်မဆောက်ရ။ မြို့ပျက်အဖြစ်အစဉ် တည်ရှိစေရမည်။-
17
ဖျက်ဆီးပစ်ရမည့်အရာတစ်စုံတစ်ခုကို မျှ သင်တို့အတွက်သိမ်းဆည်းမထားရ။ ထို အတိုင်းဆောင်ရွက်လျှင် ထာဝရဘုရားသည် အမျက်တော်ပြေလျက် သင်တို့အားသနား ကြင်နာတော်မူလိမ့်မည်။ ငါယနေ့သင်တို့ အားမှာကြားသည့်ပညတ်ရှိသမျှတို့ကို စောင့်ထိန်းလျက် ကိုယ်တော်၏အလိုတော် အတိုင်းဆောင်ရွက်လျှင် သင်တို့၏ဘိုးဘေး တို့အားကတိတော်ရှိသည့်အတိုင်း ကိုယ် တော်သည်သင်တို့ကိုသနားကြင်နာ၍ သင်တို့၏လူမျိုးကိုတိုးပွားများပြား စေတော်မူလိမ့်မည်။''
← Chapter 12
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 14 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34