bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Deuteronomy 31
Deuteronomy 31
Burmese (BCL) (Common Language Bible)
← Chapter 30
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 32 →
1
မောရှေသည်ဣသရေလအမျိုးသားတို့အား ဆက်လက်ပြောကြားသည်မှာ၊-
2
``ယခုငါသည်အသက်တစ်ရာ့နှစ်ဆယ်ရှိ ပြီဖြစ်၍ သင်တို့အားဆက်လက်ခေါင်းဆောင်နိုင် တော့မည်မဟုတ်။ ထို့အပြင်ငါသည်ယော်ဒန် မြစ်တစ်ဖက်သို့မကူးရဟုထာဝရဘုရား က ငါ့အားမိန့်ကြားတော်မူပြီ။-
3
သင်တို့ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကိုရှေ့ဆောင်၍ထိုပြည်တွင်နေထိုင် သောလူမျိုးတို့ကိုသုတ်သင်ပယ်ရှင်းသဖြင့် သင်တို့သည်သူတို့၏ပြည်ကိုသိမ်းယူနိုင် ကြလိမ့်မည်။ ထာဝရဘုရားမိန့်တော်မူသည့် အတိုင်းယောရှုသည်သင်တို့ကိုခေါင်းဆောင် လိမ့်မည်။-
4
ထာဝရဘုရားသည်အာမောရိဘုရင်များ ဖြစ်သော ရှိဟုန်နှင့်သြဃတို့ကိုနှိမ်နင်း၍ သူ တို့၏ပြည်ကိုဖျက်ဆီးသည့်နည်းတူ ထိုပြည် တွင်နေထိုင်သောလူမျိုးတို့ကိုသုတ်သင် ပယ်ရှင်းတော်မူလိမ့်မည်။-
5
ထာဝရဘုရားသည်သင်တို့အား ထိုသူတို့ ကိုတိုက်ခိုက်အောင်မြင်ခွင့်ပေးတော်မူမည် ဖြစ်၍ ငါမှာကြားသည့်အတိုင်းသူတို့ကို စီရင်ရမည်။-
6
အားမာန်တင်း၍ရဲရင့်ခြင်းရှိကြလော့။ ထို လူမျိုးတို့ကိုမကြောက်ရွံ့ကြနှင့်။ သင်တို့ ၏ဘုရားသခင်ထာဝရဘုရားကိုယ်တော် တိုင် သင်တို့နှင့်အတူရှိတော်မူမည်။ သင်တို့ ကိုမုချကူမတော်မူမည်။ စွန့်ပစ်ထား တော်မူမည်မဟုတ်'' ဟူ၍ဖြစ်၏။
7
ထို့နောက်မောရှေသည်ယောရှုကိုဆင့်ခေါ်၍ ဣသရေလအမျိုးသားအပေါင်းတို့ရှေ့ တွင်သူ့အား``သင်သည်အားမာန်တင်း၍ရဲရင့် ခြင်းရှိလော့။ ထာဝရဘုရားသည် သင်တို့ ၏ဘိုးဘေးတို့အားကတိထားတော်မူသော ပြည်ကို တိုက်ခိုက်သိမ်းယူရန်သင်သည်ဤ သူတို့ကိုဦးဆောင်ရမည်။-
8
ထာဝရဘုရားကိုယ်တော်တိုင်သင့်အားဦး ဆောင်၍ သင်နှင့်အတူရှိတော်မူမည်။ သင့်အား မုချကူမတော်မူမည်။ သင့်ကိုစွန့်ပစ်ထား တော်မူမည်မဟုတ်။ ထို့ကြောင့်သင်သည်အား မလျှော့နှင့်။ ကြောက်ရွံ့ခြင်းမရှိနှင့်'' ဟုမှာ ကြားလေ၏။
9
သို့ဖြစ်၍မောရှေသည်ဘုရားသခင်၏ ပညတ်တရားတော်ကိုရေး၍ ထာဝရ ဘုရား၏ပဋိညာဉ်သေတ္တာတော်ကိုထိန်း သိမ်းရသောလေဝိအနွယ်ဝင် ယဇ်ပုရော ဟိတ်များနှင့်ဣသရေလအမျိုးသား ခေါင်းဆောင်များအားပေးအပ်လေသည်။-
10
ထို့နောက်မောရှေကသူတို့အား``ခုနစ်နှစ် လျှင်တစ်ကြိမ်ကျရောက်သောကြွေးမြီများ ကိုလျှော်ပစ်သည့်နှစ်တွင်တဲနေပွဲတော်ရက် အတွင်း ဤပညတ်တရားတော်ကိုဣသရေလ အမျိုးသားအပေါင်းတို့ကြားနိုင်အောင်ဖတ် ပြရမည်။-
11
ဣသရေလအမျိုးသားတို့သည် တစ်ခုတည်း သောကိုးကွယ်ရာဌာနသို့ရောက်ရှိလာကြ သောအခါ ဤပညတ်တရားတော်ကိုဖတ်ပြ ရမည်။-
12
ယောကျာ်း၊ မိန်းမ၊ ကလေး၊ သင်တို့မြို့များ တွင်နေထိုင်သောလူမျိုးခြားမှစ၍ လူ အပေါင်းတို့ကိုစုဝေးစေသဖြင့်သူတို့ သည် ထိုပညတ်တရားတော်ကိုကြားရ၍ သင်တို့၏ဘုရားသခင်ထာဝရဘုရား ကိုကြောက်ရွံ့လျက် တရားတော်ကိုတသဝေ မတိမ်းစောင့်ထိန်းကြလိမ့်မည်။-
13
ဤနည်းအားဖြင့်ထာဝရဘုရား၏ပညတ် တရားတော်ကိုမကြားဘူးသော သင်တို့၏ အဆက်အနွယ်တို့သည်ကြားရလိမ့်မည်။ သို့ မှသာသူတို့သည်ယော်ဒန်မြစ်ကိုဖြတ်ကူး ၍သိမ်းယူမည့်ပြည်တွင်နေထိုင်သမျှကာလ ပတ်လုံး ထာဝရဘုရား၏အမိန့်တော်ကို နာခံလာတတ်ကြလိမ့်မည်'' ဟုဆိုလေ၏။
14
ထို့နောက်ထာဝရဘုရားကမောရှေအား``သင် စုတေရသောအချိန်နီးလာပြီ။ ငါသည် ယောရှုအားညွှန်ကြားနိုင်ရန် သူ့ကိုပဋိညာဉ် တဲတော်သို့ခေါ်ခဲ့လော့'' ဟုမိန့်တော်မူ၏။ မောရှေနှင့်ယောရှုတို့သည်တဲတော်သို့သွား ကြရာ၊-
15
ထာဝရဘုရားသည်တဲတော်တံခါးဝတွင် မိုးတိမ်တိုင်အားဖြင့်ထင်ရှားတော်မူ၏။
16
ထာဝရဘုရားသည်မိုးတိမ်တိုင်ထဲက မောရှေအား``သင်သည်မကြာမီစုတေရမည်။ သင်အနိစ္စရောက်ပြီးနောက်ဣသရေလအမျိုး သားတို့သည် သစ္စာဖောက်၍သူတို့နှင့်ငါပြု ထားသောပဋိညာဉ်ကိုချိုးဖောက်ကြလိမ့်မည်။ သူတို့သည်ငါ့ကိုစွန့်ပယ်၍ သူတို့ဝင်ရောက် မည့်ပြည်ရှိအခြားသောဘုရားများကို ကိုးကွယ်ကြလိမ့်မည်။-
17
ထိုအခါ၌ငါသည်အမျက်တော်ထွက်၍ သူ တို့ကိုစွန့်ပစ်သဖြင့်သူတို့သည်ပျက်စီးဆုံးရှုံး ကြလိမ့်မည်။ သူတို့သည်ကြောက်မက်ဖွယ်သော ဘေးဒဏ်များနှင့်တွေ့ကြုံရလိမ့်မည်။ ထိုအခါ သူတို့၏ဘုရားသခင်ဖြစ်တော်မူသောငါသည် သင်တို့နှင့်အတူမရှိတော့သဖြင့် ဤကဲ့သို့ သောဘေးဒဏ်များနှင့်တွေ့ကြုံရသည်ဟု သိမြင်လာကြလိမ့်မည်။-
18
သူတို့သည်အခြားသောဘုရားများကိုး ကွယ်၍ဒုစရိုက်ကိုပြုကြသောကြောင့် ငါ သည်သူတို့အားကယ်မည်မဟုတ်။-
19
သင်သည်ယခုဤသီချင်းကိုရေးသားလော့။ ယင်းသီချင်းသည်ဣသရေလအမျိုးသား တို့တစ်ဘက်၌ ငါ၏သက်သေဖြစ်စေခြင်း ငှာထိုသီချင်းကိုသူတို့အားသင်ပေး လော့။-
20
ငါသည်သူတို့၏ဘိုးဘေးတို့အားကတိထား သည့်အတိုင်း သူတို့ကိုအစာရေစာပေါကြွယ် ဝသောပြည်သို့ပို့ဆောင်မည်။ ထိုပြည်တွင်သူ တို့သည်အစားအစာကိုဝစွာစားရ၍ အေး ချမ်းသာယာစွာနေထိုင်ကြလိမ့်မည်။ သို့ရာ တွင်သူတို့သည်ဖောက်ပြန်၍ အခြားသော ဘုရားများကိုကိုးကွယ်ကြလိမ့်မည်။ သူ တို့သည်ငါ့ကိုစွန့်ပစ်၍ငါ၏ပဋိညာဉ် ကိုချိုးဖောက်သဖြင့်၊-
21
ကြောက်မက်ဖွယ်သောဘေးဒဏ်များစွာနှင့် တွေ့ကြုံရလိမ့်မည်။ သို့ရာတွင်သူတို့တစ် ဘက်၌သက်သေဖြစ်စေရန် ဤသီချင်းကို သီဆိုရမည်။ ငါပေးမည်ဟုကတိထား သောပြည်သို့ငါမခေါ်ဆောင်မီပင် ယခု သူတို့ကြံစည်နေသောအကြံအစည်ကို ငါသိ၏'' ဟုမိန့်တော်မူ၏။
22
ထိုနေ့တွင်မောရှေသည်ထိုသီချင်းကိုရေး သား၍ ဣသရေလအမျိုးသားတို့အား သင်ပေးလေသည်။
23
ထို့နောက်ထာဝရဘုရားသည်နုန်၏သားယောရှု အား``အားမာန်တင်း၍ရဲရင့်ခြင်းရှိလော့။ သင်သည် ဣသရေလအမျိုးသားတို့ကိုခေါင်းဆောင်လျက် ငါကတိထားသောပြည်သို့ဝင်ရောက်ရမည်။ ငါသည်သင်နှင့်အတူရှိမည်'' ဟုမိန့်တော် မူ၏။
24
မောရှေသည် ဘုရားသခင်၏ပညတ်တရား တော်ကိုအကုန်အစင်ရေးသားထား၏။-
25
ထို့နောက်ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာ တော်ကိုထိန်းသိမ်းရသော လေဝိအနွယ်ဝင် ယဇ်ပုရောဟိတ်တို့အား၊-
26
``ဘုရားသခင်၏ပညတ်တရားတော်ကျမ်း စာအုပ်ကိုယူ၍ သင်တို့၏ဘုရားသခင် ထာဝရဘုရား၏ပဋိညာဉ်သေတ္တာအနီး တွင်ထားလော့။ ထိုကျမ်းစာအုပ်သည်ကိုယ် တော်၏လူမျိုးတော်တစ်ဘက်၌သက်သေ အဖြစ် ထိုနေရာ၌ရှိနေစေရမည်။-
27
သူတို့သည်ခေါင်းမာ၍ပုန်ကန်တတ်သော သဘောရှိကြောင်းကိုငါသိ၏။ သူတို့သည် ငါမသေခင်ကပင်ထာဝရဘုရားအား ပုန်ကန်ခဲ့လျှင် ငါသေလွန်ပြီးနောက်သာ ၍ပုန်ကန်ကြဦးမည်။-
28
ငါသည်ဤအကြောင်းအရာများကိုပြော ကြားနိုင်ရန် သင်တို့အနွယ်ဝင်များ၏ခေါင်း ဆောင်တို့နှင့်အရာရှိအပေါင်းတို့ကိုစုရုံး စေလော့။ ငါသည်ကောင်းကင်နှင့်မြေကြီး ကိုတိုင်တည်၍ သူတို့အားပြောကြားမည်။-
29
ငါသေလွန်ပြီးနောက်ဤလူတို့သည်အကျင့် ဖောက်ပြား၍ ငါသွန်သင်ခဲ့သမျှတို့ကိုပစ် ပယ်မည်ဖြစ်ကြောင်းငါသိ၏။ နောင်အခါ၌ သူတို့သည်ထာဝရဘုရားတားမြစ်သော ဒုစရိုက်ကိုပြုသောကြောင့် အမျက်တော် ထွက်သဖြင့်သူတို့သည်ဘေးဒဏ်နှင့်တွေ့ ကြုံရကြလိမ့်မည်'' ဟုသတိပေးလေ၏။
30
ထို့နောက်မောရှေသည်သီချင်းတစ်ပုဒ်လုံးကို ဣသရေလအမျိုးသားအပေါင်းတို့အား ရွတ်ပြလေသတည်း။
← Chapter 30
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 32 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34