bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Deuteronomy 30
Deuteronomy 30
Burmese (BCL) (Common Language Bible)
← Chapter 29
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 31 →
1
``ငါသည်ယခုသင်တို့အားမင်္ဂလာနှင့်အမင်္ဂ လာကိုရွေးချယ်စေပြီ။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ကို အပြည်ပြည်သို့နှင်ထုတ်၍ထိုပြည်များ တွင်နေထိုင်ကြသောအခါ သင်တို့သည် ငါယခုမှာကြားသမျှတို့ကိုသတိရ ပြီးလျှင်၊-
2
သင်နှင့်သင်တို့၏အဆက်အနွယ်များသည် ထာဝရဘုရားထံတော်သို့ပြန်လာ၍ သင် တို့အားငါယနေ့ပေးသောပညတ်များကို စိတ်နှလုံးအကြွင်းမဲ့နာခံစောင့်ထိန်း ကြပါက၊-
3
သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်တို့အားသနားကရုဏာရှိတော် မူလိမ့်မည်။ ထို့အပြင်အပြည်ပြည်သို့ ရောက်ရှိနေထိုင်ရာမှ သင်တို့ကိုပြန်လည် ခေါ်ဆောင်တော်မူလိမ့်မည်။ သင်တို့၏ စီးပွားရေးကိုလည်း တစ်ဖန်တိုးတက် စေတော်မူလိမ့်မည်။-
4
သင်တို့သည်ကမ္ဘာအရပ်ရပ်သို့ကွဲလွင့် သွားသော်လည်း သင်တို့၏ဘိုးဘေးများ နေထိုင်ခဲ့သောပြည်ကို သင်တို့တစ်ဖန် သိမ်းယူနေထိုင်နိုင်အံ့သောငှာ သင်တို့၏ ဘုရားသခင်ထာဝရဘုရားသည် သင် တို့ကိုစုသိမ်း၍ပြန်လည်ခေါ်ဆောင်တော် မူလိမ့်မည်။ ထို့အပြင်သင်တို့အားသင် တို့၏ဘိုးဘေးတို့ထက် စီးပွားပိုမိုတိုး တက်စေတော်မူလိမ့်မည်။ လူဦးရေလည်း ပိုမိုများပြားစေတော်မူလိမ့်မည်။-
6
ကိုယ်တော်သည်သင်တို့နှင့်သင်တို့၏ အဆက်အနွယ်တို့အား နားထောင်တတ် သောသဘောကိုပေးတော်မူလိမ့်မည်။ သင် တို့သည်သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုစိတ်နှလုံးအကြွင်းမဲ့ချစ်လျက် ထိုပြည်တွင်ဆက်လက်နေထိုင်နိုင်ရန်၊-
7
သင်တို့ကိုမုန်း၍နှိပ်စက်ညှဉ်းဆဲသော ရန်သူများအပေါ်သို့ ထိုအမင်္ဂလာရှိ သမျှကိုကျရောက်စေတော်မူလိမ့်မည်။-
8
သင်တို့သည်လည်းကိုယ်တော်၏အမိန့်ကို တစ်ဖန်နာခံ၍ ငါယနေ့သင်တို့အား ပေးသောပညတ်တော်ရှိသမျှတို့ကို စောင့်ထိန်းကြလိမ့်မည်။-
9
သင်တို့သည်ဤပညတ်ကျမ်းတွင်ရေးထား သော ဤပညတ်တော်ရှိသမျှကိုစောင့်ထိန်း ၍၊ ကိုယ်တော်ထံသို့စိတ်နှလုံးအကြွင်းမဲ့ ပြန် လည်ဆည်းကပ်လျှင်၊ ကိုယ်တော်သည်သင်တို့ ပြုလေသမျှတို့ကို တိုးတက်အောင်မြင် စေတော်မူလိမ့်မည်။ သင်တို့သည်သားသမီး များစွာရလိမ့်မည်။ သိုးနွားတိရစ္ဆာန်များစွာ ပိုင်ရလိမ့်မည်။ သင်တို့၏လယ်များမှအသီး အနှံများစွာထွက်လိမ့်မည်။ ကိုယ်တော်သည် သင်တို့၏ဘိုးဘေးတို့အား ကောင်းချီးပေး ရာတွင်အားရဝမ်းမြောက်တော်မူသကဲ့သို့ သင်တို့ကိုကောင်းချီးပေးရာ၌လည်းအားရ ဝမ်းမြောက်တော်မူလိမ့်မည်။
11
``သင်တို့အားငါယနေ့ပေးသောပညတ် တရားတော်သည် သင်တို့အတွက်နားမလည် နိုင်အောင်ခဲယဉ်းသည်မဟုတ်။ သင်တို့လက် လှမ်းမမီနိုင်အောင်ဝေးသည်မဟုတ်။-
12
သင်တို့က`အကျွန်ုပ်တို့သည်ထိုပညတ်တရား တော်ကိုကြားနာစောင့်ထိန်းနိုင်ရန် အဘယ်သူ သည်ကောင်းကင်သို့တက်၍အကျွန်ုပ်တို့ထံသို့ ယူဆောင်ခဲ့ပါမည်နည်း' ဟူ၍မေးမြန်းရ လောက်အောင် ထိုပညတ်တရားတော်သည် ကောင်းကင်၌ရှိသည်မဟုတ်။-
13
သင်တို့က`အကျွန်ုပ်တို့သည်ပညတ်တရား တော်ကိုကြားနာစောင့်ထိန်းနိုင်ရန် အဘယ် သူသည်သမုဒ္ဒရာကိုဖြတ်ကူး၍အကျွန်ုပ် တို့ထံသို့ယူဆောင်ခဲ့ပါမည်နည်း' ဟူ၍ မေးမြန်းရလောက်အောင်သမုဒ္ဒရာတစ် ဖက်စွန်း၌ရှိသည်မဟုတ်။-
14
ထိုတရားတော်သည်ဤနေရာ၌သင်တို့ နှင့်အတူရှိ၏။ သင်တို့သိသောတရား၊ သင် တို့ရွတ်ဆိုနိုင်သောတရားဖြစ်၏။ ထို့ကြောင့် ထိုတရားတော်ကိုသင်တို့ယခုလိုက်နာ ကြလော့။
15
``ယနေ့ငါသည်သင်တို့အား အကောင်းသို့ မဟုတ်အဆိုး၊ အသက်ရှင်ခြင်းသို့မဟုတ် သေခြင်းကိုရွေးချယ်စေပြီ။-
16
ငါယနေ့ပေးသောသင်တို့၏ဘုရားသခင် ထာဝရဘုရား၏ပညတ်တော်များကိုစောင့် ထိန်းလျှင်၊ ကိုယ်တော်ကိုချစ်၍အမိန့်တော်ကို နာခံလျက် ပညတ်တရားတော်ရှိသမျှကို စောင့်ထိန်းလျှင် သင်တို့၏နိုင်ငံသည်ဖွံ့ဖြိုး၍ လူဦးရေများပြားလိမ့်မည်။ သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့သိမ်းယူ နေထိုင်မည့်ပြည်တွင်သင်တို့အားကောင်းချီး ပေးတော်မူလိမ့်မည်။-
17
သို့ရာတွင်သင်တို့သည်ထာဝရဘုရား ၏အမိန့်တော်ကိုမနာခံဘဲဖောက်ပြန်၍ အခြားသောဘုရားများကိုကိုးကွယ် လျှင်မူကား၊-
18
သင်တို့သည်ပျက်စီးဆုံးရှုံးရမည်ဟု ငါ ယခုပင်သင်တို့အားသတိပေး၏။ သင်တို့ သည်ယော်ဒန်မြစ်ကိုဖြတ်ကူး၍ သိမ်းယူမည့် ပြည်တွင်ကြာရှည်စွာနေထိုင်ရကြမည်မဟုတ်။-
19
ငါသည်ယခုသင်တို့အားအသက်ရှင်ခြင်းသို့ မဟုတ်သေခြင်း၊ ဘုရားသခင်ထံတော်မှကောင်း ချီးမင်္ဂလာသို့မဟုတ်အမင်္ဂလာကိုရွေးခွင့် ပေး၏။ သင်တို့ရွေးယူသည်ကို ကောင်းကင်နှင့် မြေကြီးသက်သေဖြစ်ပါစေ။ အသက်ရှင် ခြင်းကိုရွေးယူကြလော့။-
20
သင်တို့၏ဘိုးဘေးများဖြစ်ကြသော အာဗြဟံ၊ ဣဇာက်နှင့်ယာကုပ်တို့အားကတိထားတော်မူ သောပြည်တွင် သင်တို့နှင့်သင်တို့၏အဆက် အနွယ်များကြာရှည်စွာအသက်ရှင်နေထိုင် နိုင်စေရန် သင်တို့၏ဘုရားသခင်ထာဝရ ဘုရားကိုချစ်၍အမိန့်တော်ကိုနာခံလျက် ကိုယ်တော်ရှင်အားဆည်းကပ်ကိုးကွယ်ကြ လော့'' ဟုမှာကြားလေ၏။
← Chapter 29
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 29
Chapter 30
Chapter 31
Chapter 32
Chapter 33
Chapter 34
Chapter 31 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
30
31
32
33
34