bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Matthew 20
Matthew 20
Burmese (BCL) (Common Language Bible)
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 21 →
1
``ကောင်းကင်နိုင်ငံတော်သည်စပျစ်ဥယျာဉ်ပိုင် ရှင်တစ်ဦးကြုံတွေ့ရသည့်အဖြစ်အပျက်နှင့် တူ၏။ သူသည်အလုပ်သမားများငှားရန်နံနက် စောစောထွက်သွား၏။-
2
အလုပ်သမားတို့အားပေးနေကျနေ့စားခ၊ ဒေနာရိဒင်္ဂါးတစ်ပြားနှင့်ငှားရန်သဘောတူ သဖြင့်သူတို့အားစပျစ်ဥယျာဉ်သို့စေလွှတ် လိုက်၏။-
3
နံနက်ကိုးနာရီခန့်၌သူသည်စျေးရပ်ကွက် သို့ထွက်လာရာအခြားသောသူများအလုပ် မဲ့ရပ်နေသည်ကိုတွေ့၏။-
4
ထိုအခါသူတို့အား `သင်တို့သည်စပျစ်ဥယျာဉ် သို့သွား၍အလုပ်လုပ်ကြ။ ထိုက်သင့်သောလုပ် အားခကိုငါပေးမည်' ဟုဆို၏။-
5
ထိုသူတို့သည်သွားကြ၏။ သူသည်မွန်းတည့်ချိန် ၌လည်းကောင်း၊ မွန်းလွဲသုံးနာရီခန့်၌လည်း ကောင်းထိုနည်းတူစျေးရပ်ကွက်သို့သွား၍အလုပ် သမားများကိုငှား၏။-
6
ညနေငါးနာရီခန့်၌တစ်ဖန်သွားပြန်သောအခါ အခြားသောသူတို့ရပ်လျက်နေသည်ကိုတွေ့ သဖြင့်`သင်တို့အဘယ်ကြောင့်တစ်နေ့လုံးအလုပ် မလုပ်ဘဲဤနေရာတွင်ရပ်နေကြပါသနည်း'' ဟုမေး၏။-
7
ထိုသူတို့က `အကျွန်ုပ်တို့အားမည်သူမျှမငှား သောကြောင့်ဖြစ်ပါသည်' ဟုပြန်ပြောကြ၏။ ထို အခါဥယျာဉ်ရှင်က `သင်တို့လည်းစပျစ်ဥယျာဉ် သို့သွား၍အလုပ်လုပ်ကြ' ဟုဆို၏။''
8
``ညချမ်းအချိန်ကျသောအခါဥယျာဉ်ရှင်သည် မိမိ၏စီမံခန့်ခွဲရေးမှူးအား `အလုပ်သမားများ ကိုခေါ်လော့။ နောက်ဆုံးအလုပ်ဝင်သူများမှအစပြု ၍ပထမဆုံးအလုပ်ဝင်သူများတိုင်အောင်လုပ် အားခများကိုပေးလော့' ဟုဆို၏။-
9
မန်နေဂျာသည်ညနေငါးနာရီခန့်ကျမှငှားသည့် အလုပ်သမားများအားဒေနာရိဒင်္ဂါးတစ်ပြားစီ ပေး၏။-
10
ပထမဆုံးငှားသည့်အလုပ်သမားများအလှည့် ကျသောအခါ သူတို့သည်အခြားသူများထက် ပို၍ရမည်ဟုထင်မှတ်ကြ၏။-
11
သို့ရာတွင်သူတို့သည်လည်းဒေနာရိဒင်္ဂါးတစ် ပြားစီပင်ရရှိကြသဖြင့်၊-
12
`ဤသူတို့ကားတစ်နာရီမျှသာအလုပ်လုပ်ကြ ရ၏။ အကျွန်ုပ်တို့မှာမူတစ်နေကုန်နေပူကြဲကြဲ တွင်ပင်ပန်းစွာလုပ်ကိုင်ကြရပါ၏။ သို့ပါလျက် အရှင်သည်အကျွန်ုပ်တို့အားထိုသူတို့နှင့်ညီ တူမျှတူလုပ်အားခပေးပါသည်တကား' ဟု အလုပ်ရှင်အားညည်းညူကြ၏။-
13
ဥယျာဉ်ရှင်ကမိမိပထမဆုံးငှားရမ်းသည့်အလုပ် သမားများအနက်တစ်ယောက်အား `အဆွေ၊ ငါ သည်သင့်ကိုမတရားပြုသည်မဟုတ်။ သင်သည် တစ်နေ့လျှင်ဒေနာရိဒင်္ဂါးတစ်ပြားနှင့်အလုပ် လုပ်ရန်သဘောတူခဲ့သည်မဟုတ်ပါလော။-
14
သင်၏လုပ်အားခကိုယူ၍သွားပါလေ။ နောက် ဆုံးငှားသည့်ဤအလုပ်သမားအားသင့်ကိုပေး သကဲ့သို့ငါပေးလို၏။-
15
ငါပိုင်သည့်ငွေကိုငါအလိုရှိသည့်အတိုင်းမသုံး စွဲအပ်ပါသလော။ ငါရက်ရောသောကြောင့်သင် မနာလိုဝန်တိုစိတ်ရှိသလော' ဟုဆို၏'' ဟူ၍ မိန့်တော်မူသည်။
16
ထိုနောက်ကိုယ်တော်က ``သို့ဖြစ်၍အနိမ့်ဆုံးသို့ ရောက်သူများသည်အမြင့်ဆုံးသို့ရောက်ကြလိမ့် မည်'' ဟုမိန့်တော်မူ၏။
17
သခင်ယေရှုသည်ယေရုရှလင်မြို့သို့ကြွတော် မူစဉ်တပည့်တော်တစ်ကျိပ်နှစ်ပါးတို့ကိုမလှမ်း မကမ်းသို့သီးခြားခေါ်တော်မူပြီးလျှင်၊-
18
``နားထောင်လော့။ ငါတို့သည်ယေရုရှလင်မြို့သို့ ခရီးပြုလျက်ရှိ၏။ ထိုမြို့တွင်လူသားသည်ယဇ် ပုရောဟိတ်ကြီးများနှင့်ကျမ်းတတ်ဆရာများ ၏လက်သို့အပ်နှံခြင်းကိုခံရလိမ့်မည်။ သူတို့ သည်လူသားအားသေဒဏ်စီရင်ကာ၊-
19
လူမျိုးခြားတို့၏လက်သို့အပ်နှံကြလိမ့်မည်။ လူ မျိုးခြားတို့သည်လည်းလူသားကိုပြောင်လှောင် ပြီးလျှင် ကြိမ်ဒဏ်ပေးကာလက်ဝါးကပ်တိုင်တွင် တင်၍သတ်ကြလိမ့်မည်။ သို့ရာတွင်သုံးရက်မြောက် သောနေ့၌လူသားသည်သေခြင်းမှရှင်ပြန် ထမြောက်တော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။
20
ထိုနောက်ဇေဗေဒဲ၏သားများ၏မိခင်သည်သား များနှင့်အတူကိုယ်တော်ထံပန်ကြားလျှောက်ထား ရန်ချဉ်းကပ်ပျပ်ဝပ်၏။
21
ကိုယ်တော်က ``သင်အဘယ်အရာကိုအလိုရှိ သနည်း'' ဟုမေးတော်မူလျှင်၊ ``ကိုယ်တော်သည်ဘုရင်အဖြစ်အုပ်စိုးတော်မူ သောအခါ ကျွန်မ၏သားနှစ်ယောက်အားအရှင် ၏လက်ယာရံနှင့်လက်ဝဲရံခန့်ထားတော်မူပါ'' ဟုပန်ကြား၏။
22
သခင်ယေရှုက ``သင်တို့သည်မည်သည့်အရာကို ပန်ကြားနေသည်ကိုသင်တို့မသိကြ။ ငါသောက် ရမည့်ဒုက္ခဝေဒနာခွက်ကိုသင်တို့သောက်နိုင်ကြ သလော'' ဟုမေးတော်မူ၏။ သူတို့က ``အကျွန်ုပ်တို့သောက်နိုင်ပါသည်'' ဟု လျှောက်ထားကြ၏။
23
ကိုယ်တော်က ``သင်တို့သည်ငါ၏ခွက်မှအမှန်ပင် သောက်ရကြလိမ့်မည်။ သို့ရာတွင်ငါ၏လက်ယာရံ နှင့်လက်ဝဲရံအဖြစ်ကိုမူငါမပေးပိုင်။ ဤအခွင့် အရေးများသည်ငါ့ခမည်းတော်စီမံပြင်ဆင်ထား သူများအတွက်သာဖြစ်၏'' ဟုမိန့်တော်မူ၏။
24
ဤအကြောင်းအရာကိုတပည့်တော်ဆယ်ဦးတို့ ကြားလျှင် ထိုညီအစ်ကိုနှစ်ယောက်ကိုစိတ်ဆိုး ကြ၏။-
25
သခင်ယေရှုသည်တပည့်တော်တို့ကိုအထံတော် သို့ခေါ်တော်မူလျက် ``မင်းစိုးရာဇာတို့သည်ပြည် သူတို့အပေါ်ဝယ် တန်ခိုးအာဏာရှိကြောင်းကို လည်းကောင်း၊ ပြည်သူ့ခေါင်းဆောင်များသည်လည်း ပြည်သူတို့အား အစိုးတရပြုတတ်ကြောင်းကို လည်းကောင်းသင်တို့သိကြ၏။-
26
သင်တို့အချင်းချင်းတွင်မူကားထိုသို့မဖြစ် သင့်။ သင်တို့အနက်အကြီးအကဲဖြစ်လိုသူ သည်သင်တို့၏အစေခံဖြစ်ရမည်။-
27
အကြီးမြတ်ဆုံးဖြစ်လိုသူသည်သင်တို့၏ကျွန် ဖြစ်ရမည်။-
28
လူသားပင်လျှင်သူတစ်ပါးအားစေစားရန် ကြွလာသည်မဟုတ်။ သူတစ်ပါး၏အစေကို ခံရန်နှင့် မိမိအသက်ကိုစွန့်၍လူများအား ရွေးနုတ်ရန်ကြွလာသတည်း'' ဟုမိန့်တော်မူ ၏။
29
ကိုယ်တော်နှင့်တပည့်တော်တို့သည် ယေရိခေါ မြို့မှထွက်ခွာလာကြသောအခါ လူပရိသတ် ကြီးသည်နောက်တော်ကလိုက်ကြ၏။-
30
သခင်ယေရှုကြွသွားတော်မူကြောင်းကို လမ်း အနီးတွင်ထိုင်နေသောမျက်မမြင်နှစ်ယောက်တို့ ကြားသိသောအခါ ``အရှင်၊ ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်တို့ကိုသနားတော်မူပါ'' ဟုဟစ်အော် ကြ၏။
31
လူပရိသတ်တို့ကသူတို့အားဆိတ်ဆိတ်နေ ရန်ငေါက်ငန်းပြောဆိုကြ၏။ သို့သော်လည်းသူတို့ သည် ``အရှင်၊ ဒါဝိဒ်၏သားတော်၊ အကျွန်ုပ်တို့ကို သနားတော်မူပါ'' ဟုသာ၍ပင်ဟစ်အော်ကြ၏။
32
သခင်ယေရှုသည်ရပ်တန့်တော်မူ၍ထိုသူတို့ ကိုအထံတော်သို့ခေါ်တော်မူပြီးလျှင် ``သင် တို့အတွက်အဘယ်အရာကိုပြုစေလိုသနည်း'' ဟုမေးတော်မူ၏။
33
သူတို့က ``အရှင်၊ အကျွန်ုပ်တို့အားမျက်စိပြန်၍ မြင်စေတော်မူပါ'' ဟုလျှောက်ကြ၏။
34
သခင်ယေရှုသည်သူတို့ကိုသနားတော်မူသဖြင့် သူတို့၏မျက်စိကိုလက်တော်ဖြင့်တို့ထိတော်မူ၏။ သူတို့သည်မျက်စိအလင်းကိုချက်ချင်းပြန်လည် ရရှိ၍နောက်တော်သို့လိုက်ကြ၏။
← Chapter 19
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 21 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28