bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Matthew 24
Matthew 24
Burmese (BCL) (Common Language Bible)
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 25 →
1
သခင်ယေရှုသည်ဗိမာန်တော်မှထွက်ခွာသွား တော်မူစဉ်တပည့်တော်တို့သည်အထံတော်သို့ ချဉ်းကပ်၍ ဗိမာန်တော်အဆောက်အအုံများ ကိုကိုယ်တော်အားပြကြ၏။-
2
ကိုယ်တော်က ``ဤအဆောက်အအုံအပေါင်းကို သင်တို့မြင်ကြသည်မဟုတ်လော။ အမှန်အကန် သင်တို့အားငါဆိုသည်ကား ဤအဆောက်အအုံ တို့သည်ကျောက်တစ်တုံးပေါ်တစ်တုံးတင်၍ မကျန်ရစ်သည်တိုင်အောင်ပြိုပျက်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
3
ကိုယ်တော်သည်သံလွင်တောင်ပေါ်တွင်တစ်ကိုယ်တည်း ထိုင်နေတော်မူစဉ်တပည့်တော်တို့သည်အထံတော် သို့ချဉ်းကပ်၍ ``အရှင်မိန့်တော်မူသောအမှုအရာ များသည်အဘယ်အခါကာလ၌ဖြစ်ပျက်ပါမည် နည်း။ အရှင်ကြွလာတော်မူချိန်နှင့်ကပ်ကမ္ဘာကုန်ဆုံး ချိန်၌အဘယ်နိမိတ်များပေါ်ထွန်းပါမည်နည်း။ အကျွန်ုပ်တို့အားမိန့်တော်မူပါ'' ဟုလျှောက်ထား ကြ၏။
4
သခင်ယေရှုက ``သင်တို့အားအဘယ်သူ မျှမလှည့်စားစေရန်သတိပြုလော့။-
5
`ငါသည်မေရှိယဖြစ်သည်' ဟုဆိုကာလူ အမြောက်အမြားပင်ငါ၏အယောင်ဆောင် လျက်လူများစွာတို့ကိုလှည့်စားကြလိမ့် မည်။-
6
သင်တို့သည်ရပ်နီးရပ်ဝေးမှစစ်မက်သတင်း များကိုကြားကြလိမ့်မည်။ သို့ရာတွင်မထိတ် မလန့်ကြနှင့်။ ဤအမှုအရာများသည်ဖြစ် ပျက်ရမည်။ သို့ရာတွင်ကပ်ကမ္ဘာကုန်ဆုံးချိန် ကားမရောက်သေး။-
7
လူတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ စစ်ဖြစ်လိမ့်မည်။ နေရာအနှံ့အပြားတွင် အစာခေါင်းပါး၍မြေငလျင်လှုပ်လိမ့်မည်။-
8
ဤအမှုအရာများသည်ဆိုက်ရောက်လတ္တံ့ သောဆင်းရဲဒုက္ခများ၏ရှေ့ပြေးသာဖြစ်၏။
9
``ထိုနောက်လူတို့သည်သင်တို့အားအပြစ်ဒဏ် ခံရကြစေရန်နှင့်အသတ်ခံရကြစေရန် အာဏာပိုင်တို့ထံသို့ပေးအပ်ကြလိမ့်မည်။ လူခပ်သိမ်းတို့သည်ငါ၏နာမကြောင့်သင် တို့ကိုမုန်းကြလိမ့်မည်။-
10
ထိုအခါလူများစွာပင်မှောက်မှားလမ်းလွဲကြ လျက် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် သစ္စာဖောက်ကြလိမ့်မည်။-
11
တစ်ယောက်ကိုတစ်ယောက်မုန်းလိမ့်မည်။ ထို့ပြင် ပရောဖက်အတုအယောင်အမြောက်အမြားပင် ပေါ်လာပြီးလျှင်လူများစွာတို့ကိုလှည့်စား ကြလိမ့်မည်။-
12
ဆိုးညစ်မှုများပြားလာသဖြင့်လူတို့တွင်မေတ္တာ ခေါင်းပါးလိမ့်မည်။-
13
သို့ရာတွင်အဆုံးတိုင်အောင်တည်ကြည်သူကို ဘုရားသခင်ကယ်တင်တော်မူလိမ့်မည်။-
14
နိုင်ငံတော်ဆိုင်ရာသတင်းကောင်းအကြောင်းကို ကမ္ဘာတစ်ဝန်းလုံးရှိလူမျိုးအပေါင်းတို့အား သက်သေခံဟောပြောပြီးမှကပ်ကမ္ဘာကုန်ဆုံး ချိန်ရောက်လိမ့်မည်။
15
``ပရောဖက်ဒံယေလဟောကြားခဲ့သည့်ထိတ်လန့် စက်ဆုတ်ဖွယ်ကောင်းသည့်အရာသည်မရှိအပ်သည့် အရပ်တွင်ရှိနေသည်ကိုသင်တို့မြင်ကြလိမ့်မည်။ (စာဖတ်သူသည်ဤအချက်ကိုသတိပြုအပ်၏။)-
16
ထိုသို့မြင်ရသောအခါယုဒပြည်ရှိလူတို့သည် တောင်များပေါ်သို့ပြေးကြစေ။-
17
အိမ်ခေါင်မိုးပေါ်တွင်ရှိသူသည်အိမ်ထဲမှဥစ္စာ ပစ္စည်းများကိုယူရန်အောက်သို့မဆင်းစေနှင့်။-
18
လယ်ထဲတွင်ရှိသူသည်လည်းဝတ်လုံယူရန် အိမ်သို့မပြန်စေနှင့်။-
19
ထိုနေ့ရက်ကာလ၌ကိုယ်ဝန်ဆောင်နှင့်သားငယ် မိခင်တို့အတွက်အကျိုးနည်းပေတော့မည်။-
20
သင်တို့သည်ထွက်ပြေးရမည့်အချိန်ကာလသည် ဆောင်းဥတု၌သော်လည်းကောင်း၊ ဥပုသ်နေ့၌ သော်လည်းကောင်းမကျမရောက်ပါစေနှင့်ဟု ဆုတောင်းကြလော့။-
21
ထိုကာလ၌အလွန်ဆိုးရွားသောဆင်းရဲဒုက္ခ ကျရောက်လာလိမ့်မည်။ ထိုမျှဆိုးရွားသောဆင်းရဲ ဒုက္ခမျိုးကိုကမ္ဘာဦးမှစ၍အဘယ်ကာလ၌ မျှလူတို့မကြုံစဖူး၊ နောင်ကာလ၌လည်း တွေ့ကြုံရကြမည်မဟုတ်။-
22
ဘုရားသခင်သည်ထိုနေ့ရက်ကာလကိုတိုစေ တော်မမူလျှင်အဘယ်သူမျှအသက်ဘေးမှကင်း လွတ်နိုင်လိမ့်မည်မဟုတ်။ သို့ရာတွင်ဘုရားသခင် သည်မိမိရွေးချယ်ထားတော်မူသောသူများအဖို့ အလို့ငှာထိုနေ့ရက်ကာလကိုတိုစေတော်မူလိမ့် မည်။''
23
``ထိုကာလ၌လူတစ်စုံတစ်ယောက်က `ကြည့်လော့၊ ဤအရပ်တွင်မေရှိယရှိသည်' ဟူ၍လည်းကောင်း၊ `ထိုအရပ်တွင်မေရှိယရှိသည်' ဟူ၍လည်းကောင်း ဆိုလျှင်မယုံကြနှင့်။-
24
မေရှိယအတုအယောင်များ၊ ပရောဖက်အတု အယောင်များပေါ်ပေါက်လာလိမ့်မည်။ သူတို့သည် ဖြစ်နိုင်ပါကဘုရားသခင်ရွေးချယ်ထားတော်မူ သောသူများကိုပင်လှည့်စားနိုင်ရန်အံ့သြဖွယ် နိမိတ်လက္ခဏာများနှင့်ထူးဆန်းသည့်အမှု အရာများကိုပြကြလိမ့်မည်။-
25
ဤအကြောင်းအရာများမဖြစ်ပေါ်မီသင်တို့ အားကြိုတင်၍ငါဖော်ပြပြီ။''
26
``လူတို့က `ကြည့်လော့။ မေရှိယသည်တောကန္တာရ တွင်ရှိသည်' ဟုဆိုလျှင်မသွားကြနှင့်။ `အိမ်ခန်း ထဲမှာရှိသည်' ဟုဆိုလျှင်လည်းမယုံကြနှင့်။-
27
လျှပ်စစ်ပြက်၍အရှေ့အရပ်မှအနောက်အရပ် တိုင်အောင်ကောင်းကင်တစ်ပြင်လုံးထွန်းလင်းစေ သကဲ့သို့လူသားကြွလာတော်မူလိမ့်မည်။''
28
``အသေကောင်ရှိရာအရပ်တွင်လင်းတတို့စုရုံး ကြလတ္တံ့။''
29
``ထိုသို့ဆင်းရဲဒုက္ခများကျရောက်လာပြီးနောက် ချက်ချင်းပင်နေသည်မှောင်မိုက်သွားလိမ့်မည်။ လ သည်အလင်းရောင်ပေးလိမ့်မည်မဟုတ်။ ကြယ်များ သည်ကောင်းကင်မှကြွေလိမ့်မည်။ ကောင်းကင်နက္ခတ် များသည်လမ်းပြောင်းကြလိမ့်မည်။-
30
ထိုအခါလူသားကြွလာတော်မူမည့်နိမိတ် လက္ခဏာသည်မိုးကောင်းကင်တွင်ပေါ်ထွန်းလာ လိမ့်မည်။ မိုးတိမ်ကိုစီးလျက်ကြီးစွာသောဘုန်း တန်ခိုးတော်ဖြင့်လူသားကြွလာတော်မူသည်ကို ကမ္ဘာပေါ်ရှိလူအပေါင်းတို့သည်မြင်ကြသော အခါငိုကြွေးမြည်တမ်းကြလိမ့်မည်။-
31
ထိုနောက်လူသားသည်ကြီးမားသောတံပိုးခရာ ကိုမှုတ်စေပြီးလျှင်မိမိ၏ကောင်းကင်တမန်များ အား အရပ်လေးမျက်နှာသို့စေလွှတ်၍ကမ္ဘာမြေ ကြီးတစ်စွန်းမှတစ်စွန်းအထိရှိကြသော ကိုယ် တော်ရွေးချယ်ထားတော်မူသောသူတို့ကိုစု သိမ်းစေတော်မူလိမ့်မည်။
32
``သင်္ဘောသဖန်းပင်မှသင်ခန်းစာတစ်ရပ်ကိုသင်ယူ ကြလော့။ ထိုအပင်တွင်အကိုင်းအညှောက်ထွက်၍ ရွက်နုပေါက်သောအခါနွေကာလနီးသည်ကို သင်တို့သိကြ၏။-
33
ထိုနည်းတူစွာဖော်ပြခဲ့သောအမှုအရာများ ဖြစ်ပျက်လျက်ရှိသည်ကိုတွေ့မြင်ရသောအခါ လူသားသည်သင်တို့အနီးတံခါးဝသို့ပင် ရောက်ရှိနေပြီဟုသိမှတ်ကြလော့။-
34
အမှန်အကန်သင်တို့အားငါဆိုသည်ကား၊ ဤ အမှုအရာအလုံးစုံတို့သည်ယခုအသက်ရှင် လျက်ရှိသူတို့မသေလွန်မီဖြစ်ပျက်လာလိမ့်မည်။-
35
ကောင်းကင်နှင့်မြေကြီးမတည်သော်လည်းငါ၏ စကားတည်လိမ့်မည်။''
36
``သို့သော်လည်းထိုအမှုအရာများဖြစ်ပျက် မည့်နေ့ရက်နှင့်အချိန်နာရီကိုခမည်းတော်မှ တစ်ပါးအဘယ်သူမျှမသိ။ ကောင်းကင်ဘုံရှိ ကောင်းကင်တမန်များလည်းမသိ။ သားတော် လည်းမသိ။-
37
နောဧလက်ထက်ကဖြစ်ပျက်သကဲ့သို့လူသား ကြွလာသောအခါ၌လည်းဖြစ်ပျက်လိမ့်မည်။-
38
ထိုနေ့ရက်ကာလ၌ရေမလွှမ်းမိုးမီ၊ သင်္ဘောထဲ သို့နောဧဝင်သည့်နေ့တိုင်အောင်လူတို့သည်စား လျက်ထိမ်းမြားစုံဖက်လျက်နေကြ၏။-
39
သူတို့သည်ရေလွှမ်းမိုး၍သေကြေပျက်စီးကြ သည့်အချိန်တိုင်အောင်သတိမဲ့လျက်နေကြ၏။ လူသားကြွလာတော်မူချိန်၌လည်းထိုနည်းတူ ဖြစ်လိမ့်မည်။-
40
ထိုအခါလယ်ထဲတွင်ရှိသူလူနှစ်ယောက်အနက် တစ်ယောက်ကိုသိမ်းယူ၍တစ်ယောက်ကိုထားခဲ့ လတ္တံ့။-
41
ကြိတ်ဆုံလှည့်နေသူအမျိုးသမီးနှစ်ယောက်အနက် တစ်ယောက်ကိုသိမ်းယူ၍တစ်ယောက်ကိုထားခဲ့လတ္တံ့။-
42
သို့ဖြစ်၍သတိနှင့်စောင့်နေကြလော့။ သင်တို့၏ အရှင်သည်အဘယ်အခါကြွလာတော်မူမည် ကိုသင်တို့မသိကြ။-
43
အကယ်၍အိမ်ရှင်သည်သူခိုးလာမည့်အချိန်ကို သာသိရလျှင်သတိနှင့်နေလျက် မိမိအိမ်ကို သူခိုးဖောက်ခွင့်ပြုမည်မဟုတ်ကြောင်းသင်တို့ သိမှတ်ကြလော့။-
44
လူသားသည်သင်တို့မမျှော်သောအချိန်၌ကြွ လာတော်မူမည်ဖြစ်၍သင်တို့သည်လည်းအမြဲ အဆင်သင့်ရှိကြလော့။
45
``သစ္စာရှိကျွန်လိမ္မာကားအဘယ်သူနည်း။ ထိုသူ ကားအခြားကျေးကျွန်များကိုအုပ်ချုပ်ရန်နှင့် အချိန်တန်လျှင်ရိက္ခာများထုတ်ပေးရန်သခင် ကခန့်ထားသူဖြစ်၏။-
46
သူသည်မိမိတာဝန်ကိုသစ္စာရှိစွာဆောင်ရွက်နေ သည်ကိုသခင်ပြန်လာချိန်၌တွေ့ရလျှင်မင်္ဂလာ ရှိ၏။-
47
အမှန်အကန်သင်တို့အားငါဆိုသည်ကား၊ သခင်သည်မိမိဥစ္စာပစ္စည်းရှိသမျှကိုစီမံ အုပ်ချုပ်ရန်ထိုကျွန်အားအပ်နှင်းလိမ့်မည်။-
48
သို့ရာတွင်ထိုကျွန်သည်ကျွန်မိုက်ဖြစ်ပါမူ `ငါ့ သခင်ပြန်လာဦးမည်မဟုတ်။ ကြာပေဦးမည်' ဟု အောက်မေ့ကာ၊-
49
ကျွန်ယောကျာ်း၊ ကျွန်မိန်းမတို့အားရိုက်နှက်လျက် သေသောက်ကြူးသူတို့နှင့်သောက်စားမူးယစ်လျက် နေလိမ့်မည်။-
50
ထိုနောက်ထိုသူမမျှော်လင့်သည့်နေ့၊ မသိမြင် သည့်အချိန်၌သူ့သခင်သည်ပြန်လာ၍၊-
51
သူ့ကိုပြင်းစွာကြိမ်ဒဏ်ခတ်၍ကြောင်သူတော်တို့ ခံရသောကံကြမ္မာဆိုးကိုခံစေလိမ့်မည်။ သူသည် ငိုကြွေးမြည်တမ်း၍အံသွားခဲကြိတ်လျက်နေရ လိမ့်မည်။
← Chapter 23
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 25 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28