bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Matthew 23
Matthew 23
Burmese (BCL) (Common Language Bible)
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 24 →
1
ထိုနောက်သခင်ယေရှုသည်လူပရိသတ်နှင့် တပည့်တော်တို့အား၊
2
``ကျမ်းတတ်ဆရာနှင့်ဖာရိရှဲများသည်မောရှေ ၏ပညတ်ကျမ်းကိုအဋ္ဌိပ္ပါယ်ဖွင့်ပြရန်အခွင့် အာဏာရရှိထားသူများဖြစ်ကြ၏။-
3
သို့ဖြစ်၍ထိုသူတို့ပြောဆိုသွန်သင်သမျှ အတိုင်းလိုက်နာပြုကျင့်ကြလော့။ သို့သော် သူတို့သည်မိမိတို့ဟောသည့်အတိုင်းမကျင့် ကြသဖြင့်သူတို့ကျင့်သကဲ့သို့မကျင့်ကြနှင့်။-
4
သူတို့သည်လေးလံ၍အထမ်းရခက်သည့်ဝန်ထုပ် များကိုသူတစ်ပါးတို့အားထမ်းစေကြ၏။ မိမိ တို့ကိုယ်တိုင်မူထိုဝန်ထုပ်များကိုလက်ဖျားနှင့် မျှမတို့လိုကြ။-
5
မိမိတို့ပြုလုပ်သမျှသောအရာတို့ကိုလူမြင် သာအောင်ပြုလုပ်တတ်ကြ၏။ မိမိတို့နဖူးနှင့် လက်မောင်းများပေါ်တွင်ကျမ်းစာလက်ဖွဲ့များကို အပြားကြီးပြုလုပ်၍ဝတ်ဆင်တတ်ကြ၏။ ဝတ်လုံ အမြိတ်များကိုရှည်လျားစွာချုပ်ထားတတ်ကြ၏။-
6
ပွဲသဘင်များတွင်အကောင်းဆုံးသောနေရာ ထိုင်ခင်းများ၊ တရားဇရပ်များတွင်သီးသန့် ထားသောနေရာများကိုနှစ်သက်ကြ၏။-
7
စျေးရပ်ကွက်တွင်အလေးပြုခြင်းကိုခံလို ကြ၏။ ဆရာတော်ဟုအခေါ်ခံလိုကြ၏။-
8
သို့ရာတွင်သင်တို့အားလုံးသည်ညီအစ်ကို များဖြစ်လျက် သင်တို့မှာဆရာတော်တစ်ပါး တည်းသာရှိသည်ဖြစ်၍ဆရာတော်ဟု အခေါ်မခံကြနှင့်။-
9
ဤလောကတွင်အဘယ်သူကိုမျှ `အဖ' ဟုမခေါ် ကြနှင့်။ သင်တို့တွင်ကောင်းကင်ဘုံရှင်အဖတစ်ပါး တည်းသာရှိ၏။-
10
သင်တို့သည်ခေါင်းဆောင်ဟူ၍လည်းအခေါ်မခံ ကြနှင့်။ သင်တို့တွင်မေရှိယတည်းဟူသောခေါင်း ဆောင်တစ်ပါးတည်းသာရှိ၏။-
11
သင်တို့အနက်အကြီးမြတ်ဆုံးဖြစ်သူသည် သင်တို့၏အစေခံဖြစ်ရမည်။-
12
မိမိကိုယ်ကိုချီးမြှောက်သူသည်နိမ့်ကျရလိမ့် မည်။ မိမိကိုယ်ကိုနှိမ့်ချသူသည်ချီးမြှောက်ခြင်း ကိုခံရလိမ့်မည်။
13
``ကြောင်သူတော်ဖာရိရှဲနှင့်ကျမ်းတတ်ဆရာတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ လူတို့ကောင်းကင် နိုင်ငံတော်သို့ဝင်မည်ပြုသောအခါသင်တို့သည် တံခါးပိတ်လိုက်ကြ၏။ သင်တို့ကိုယ်တိုင်လည်းမဝင်၊ ဝင်ရန်ကြိုးစားသူများကိုလည်းဝင်ခွင့်မပြုကြ။
14
(``ကြောင်သူတော်ဖာရိရှဲနှင့်ကျမ်းတတ်ဆရာတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် မုဆိုးမများ၏အိမ်ရာပစ္စည်းများကိုမတရား သိမ်းယူကြပြီးနောက် လူအမြင်ကောင်းစေရန် ရှည်လျားစွာဆုတောင်းပတ္ထနာပြုတတ်ကြ၏။ ဤအကြောင်းကြောင့်သင်တို့သည်သာ၍ကြီး လေးသောအပြစ်ဒဏ်ကိုခံရလိမ့်မည်။'')
15
``ကြောင်သူတော်ဖာရိရှဲနှင့်ကျမ်းတတ်ဆရာတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ လူတစ်ယောက် ကိုဘာသာသွင်းနိုင်ရန်သင်တို့သည်ရေကြောင်း၊ ကုန်းကြောင်းခရီးပြုကြ၏။ ဘာသာသွင်းပြီး သောအခါ၌လည်းထိုသူအားသင်တို့ထက် နှစ်ဆပို၍ငရဲသို့လားထိုက်သူဖြစ်စေကြ ၏။''
16
``လမ်းပြသည့်မျက်မမြင်တို့၊ သင်တို့သည်အမင်္ဂလာ ရှိကြ၏။ `လူတစ်စုံတစ်ယောက်သည်ဗိမာန်တော်ကို တိုင်တည်၍ကျိန်ဆိုလျှင် ထိုကျိန်ဆိုချက်သည် အတည်မဖြစ်။ သို့သော်ဗိမာန်တော်၏ရွှေကို တိုင်တည်၍ကျိန်ဆိုလျှင်မူကားအတည်ဖြစ်၏' ဟုသင်တို့ဆိုကြ၏။-
17
လူမိုက်တို့၊ သင်တို့၏မျက်စိသည်ကန်းလှသည် တကား။ အဘယ်အရာကပို၍အရေးကြီးပါ သနည်း။ ရွှေလော။ သို့မဟုတ်ရွှေကိုမြင့်မြတ် သန့်ရှင်းစေသည့်ဗိမာန်တော်လော။-
18
လူတစ်စုံတစ်ယောက်သည်ယဇ်ပလ္လင်ကိုတိုင်တည် ၍ကျိန်ဆိုလျှင်ထိုကျိန်ဆိုချက်သည်အတည် မဖြစ်။ ယဇ်ပလ္လင်ပေါ်ရှိပူဇော်သကာကိုတိုင်တည် ၍ကျိန်ဆိုလျှင်မူကားအတည်ဖြစ်၏' ဟုသင် တို့ဆိုကြ၏။-
19
သင်တို့၏မျက်စိသည်ကန်းလှသည်တကား။ အဘယ်အရာကပို၍အရေးကြီးပါသနည်း။ ပူဇော်သကာလော။ သို့မဟုတ်ပူဇော်သကာကို မြင့်မြတ်သန့်ရှင်းစေသည့်ယဇ်ပလ္လင်လော။-
20
ယဇ်ပလ္လင်ကိုတိုင်တည်၍ကျိန်ဆိုသူသည်ယဇ်ပလ္လင် နှင့်တကွယဇ်ပလ္လင်ပေါ်မှာရှိသမျှတို့ကိုပါ တိုင်တည်၍ကျိန်ဆိုသတည်း။-
21
ဗိမာန်တော်ကိုတိုင်တည်၍ကျိန်ဆိုသူသည်ဗိမာန် တော်နှင့်တကွဗိမာန်တော်တွင်ကျိန်းဝပ်တော်မူ သောအရှင်ကိုပါတိုင်တည်၍ကျိန်ဆိုသတည်း။-
22
ကောင်းကင်ဘုံကိုတိုင်တည်၍ကျိန်ဆိုသူသည် ဘုရားသခင်၏ပလ္လင်တော်နှင့်တကွ ထိုပလ္လင် ပေါ်မှာစံနေတော်မူသောအရှင်ကိုပါကျိန် ဆိုသတည်း။''
23
``ကြောင်သူတော်ဖာရိရှဲနှင့်ကျမ်းတတ်ဆရာတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် ပင်စိမ်း၊စမွတ်နှင့်ဇီယာတို့ကိုဆယ်ဖို့တစ်ဖို့ ပေးလှူကြသော်လည်းတရားမျှတမှု၊ သနား ကြင်နာမှု၊ ရိုးသားဖြောင့်မတ်မှုစသည့်ပညတ် ကျမ်းမှအကယ်ပင်အရေးကြီးသောသွန်သင် ချက်များကိုမူကားလျစ်လူပြုကြ၏။-
24
လမ်းပြသည့်မျက်မမြင်တို့၊ သင်တို့သည်ခြင် ကောင်မမျိုမိစေရန်သောက်ရေကိုစစ်၍သောက် ကြ၏။ သို့ရာတွင်ကုလားအုတ်ကိုကားမျိုချ ကြပါသည်တကား။''
25
``ကြောင်သူတော်ကျမ်းတတ်ဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် ပန်းကန်ခွက်ယောက်များ၏ပြင်ပကိုစင်ကြယ် အောင်ဆေးကြောကြသော်လည်း သင်တို့၏စိတ် အတွင်းမှာကားလောဘလွန်ကူးမှုနှင့် အကြမ်းဖက်မှုတို့ဖြင့်ပြည့်လျက်နေ၏။-
26
မျက်မမြင်ဖာရိရှဲတို့၊ ပန်းကန်ခွက်ယောက်များ အတွင်းဘက်ကိုဦးစွာဆေးကြောကြလော့။ သို့ ပြုလျှင်ပြင်ပသည်လည်းသန့်ရှင်းစင်ကြယ် လာလိမ့်မည်။''
27
``ကြောင်သူတော်ကျမ်းတတ်ဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည်ထုံးဖြူသုတ်သောသင်္ချိုင်းဂူများနှင့် တူကြ၏။ ထိုဂူတို့သည်ပြင်ပသဏ္ဌာန်အားဖြင့် လှသော်လည်း အတွင်း၌မူကားလူသေအရိုး နှင့်ပုပ်နေသောအလောင်းကောင်တို့ဖြင့်ပြည့် နှက်နေတော့၏။-
28
ထိုနည်းတူသင်တို့သည်လည်းပြင်ပသဏ္ဌာန်အား ဖြင့် လူတို့ရှေ့တွင်သူတော်ကောင်းများဟုထင်ရ သော်လည်း စိတ်အတွင်း၌ကားသူတော်ကောင်း ယောင်ဆောင်မှုနှင့်ဆိုးညစ်မှုများဖြင့်ပြည့် လျက်နေတော့၏။''
29
``ကြောင်သူတော်ကျမ်းတတ်ဆရာနှင့်ဖာရိရှဲတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့သည် ပရောဖက်များ၏သင်္ချိုင်းဂူများကိုတည်ဆောက် ပေးကြ၏။ သူတော်ကောင်းတို့၏သင်္ချိုင်းဂူများကို မွမ်းမံခြယ်လှယ်ပေးကြ၏။-
30
ထိုနောက်သင်တို့က `ငါတို့သာဘိုးဘေးတို့၏ခေတ် ကအသက်ရှင်ခဲ့မည်ဆိုပါက၊ ပရောဖက်များကို သတ်ဖြတ်သည့်အမှုတွင်ပါဝင်ခဲ့ကြမည်မဟုတ်' ဟုဆိုကြ၏။-
31
သို့ဖြစ်၍သင်တို့သည်ပရောဖက်များကိုသတ် ဖြတ်သူတို့၏သားမြေးများဖြစ်ကြောင်းဝန်ခံ ကြလေပြီတကား။-
32
သင်တို့၏ဘိုးဘေးများစတင်ကူးလွန်ခဲ့သည့် အပြစ်ကိုအပြီးတိုင်အောင်ဆက်လက်ကူးလွန် ကြလော့။-
33
အချင်းမြွေဆိုးများနှင့်မြွေဆိုး၏သားမြေး တို့၊ သင်တို့သည်ငရဲသို့လားရမည့်ဘေးဒဏ် မှအဘယ်သို့လွတ်နိုင်ကြပါမည်နည်း။-
34
သင်တို့အားငါဆိုသည်ကား၊ သင်တို့ထံသို့ ပရောဖက်များ၊ ပညာရှိများ၊ ကျမ်းတတ်ဆရာ များကိုငါစေလွှတ်မည်။ သင်တို့သည်ထိုသူ အချို့တို့ကိုသတ်ဖြတ်ကြ၍အချို့ကိုလက် ဝါးကပ်တိုင်တွင်တင်ကြလိမ့်မည်။ အချို့ကိုမူ တရားဇရပ်များတွင်ကြိမ်ဒဏ်ပေး၍အချို့ ကိုမူတစ်မြို့ပြီးတစ်မြို့လိုက်လံဖမ်းဆီးကြ လိမ့်မည်။-
35
ထို့ကြောင့်အပြစ်ကင်းသူအာဗေလမှစ၍ သန့် ရှင်းရာဌာနတော်နှင့်ယဇ်ပလ္လင်အကြားတွင် အသတ်ခံရသည့်ဗာရခိ၏သား၊ ဇာခရိတိုင် အောင်အပြစ်ကင်းသူများကိုသတ်ဖြတ်ခဲ့သည့် အတွက်သင်တို့သည်အပြစ်ဒဏ်ခံရပေအံ့။-
36
ဤအမှုအရာအပေါင်းတို့အတွက်ဤခေတ် လူတို့သည်အပြစ်ဒဏ်ခံရကြလိမ့်မည်ဟု အမှန်အကန်သင်တို့အားငါဆို၏။''
37
``အို ယေရုရှလင်မြို့၊ ယေရုရှလင်မြို့၊ ပရောဖက် များကိုသတ်သည့်မြို့၊ ဘုရားသခင်စေလွှတ်တော် မူသောစေတမန်များကိုခဲနှင့်ပေါက်သည့်မြို့၊ ကြက်မကြီးသည်ကြက်ကလေးများကိုမိမိ ၏အတောင်အောက်တွင်စုသိမ်းထားသကဲ့သို့ ငါသည်သင့်ကိုယုယပိုက်ထွေးနိုင်ရန်ကြိမ် ဖန်များစွာကြိုးစားခဲ့လေပြီ။ သို့ရာတွင်သင် သည်ငါ့ကိုအခွင့်မပေးခဲ့။-
38
ထို့ကြောင့်သင်၏ဗိမာန်တော်ကိုဘုရားသခင် သည်စွန့်ပစ်တော်မူလိမ့်မည်။-
39
`ဘုရားသခင်၏နာမတော်ဖြင့်ကြွလာတော် မူသောအရှင်သည်မင်္ဂလာရှိစေသတည်း' ဟု သင်မြွက်ဆိုမည့်နေ့မတိုင်မီသင်သည်ယခု မှစ၍ငါ့ကိုမြင်ရလိမ့်မည်မဟုတ်ဟုသင့် အားငါဆို၏'' ဟူ၍မိန့်တော်မူသည်။
← Chapter 22
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 24 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28