bible
ra
🌐 Language
English
Español
Français
Deutsch
Português
Italiano
Nederlands
Русский
中文
日本語
한국어
العربية
Türkçe
Tiếng Việt
ไทย
Indonesia
All Languages
Home
/
Burmese
/
Burmese (BCL) (Common Language Bible)
/
Matthew 4
Matthew 4
Burmese (BCL) (Common Language Bible)
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 5 →
1
ထိုနောက်မာရ်နတ်၏စုံစမ်းသွေးဆောင်ခြင်းကို ခံစေရန် ဝိညာဉ်တော်သည်သခင်ယေရှုကို တောကန္တာရသို့ခေါ်ဆောင်သွားတော်မူ၏။-
2
ကိုယ်တော်သည်ရက်လေးဆယ်ပတ်လုံးအစာ ရှောင်လျက်နေပြီးနောက်မွတ်သိပ်၍လာတော် မူ၏။-
3
ထိုအခါမာရ်နတ်သည်အထံတော်သို့ချဉ်းကပ် ၍ ``အရှင်သည်ဘုရားသခင်၏သားတော်မှန် လျှင်ဤကျောက်ခဲများကိုမုန့်ဖြစ်လာစေရန် အမိန့်ပေးတော်မူပါ'' ဟုလျှောက်၏။
4
သို့ရာတွင်ကိုယ်တော်က ``လူသည်အစားအစာ အားဖြင့်သာအသက်ရှင်ရမည်မဟုတ်။ ဘုရား သခင်၏နှုတ်တော်ထွက်စကားရှိသမျှအား ဖြင့်အသက်ရှင်ရမည်ဟုကျမ်းစာလာ၏'' ဟူ ၍မိန့်တော်မူ၏။
5
ထိုအခါမာရ်နတ်သည်ကိုယ်တော်ကိုသန့်ရှင်း မြင့်မြတ်သောမြို့တော်ရှိဗိမာန်တော်ထိပ်ဖျား သို့ခေါ်ဆောင်သွားပြီးလျှင်၊
6
``ဘုရားသခင်သည်သင့်အားကာကွယ်စောင့် ရှောက်ရန်ကောင်းကင်တမန်တို့အား အမိန့်ပေးတော်မူမည်ဖြစ်ရာ၊သူတို့သည် သင်၏ခြေကိုကျောက်ခဲများနှင့်မထိမခိုက်မိ စေရန်၊ သင့်အားချီပင့်ကြလိမ့်မည်ဟုကျမ်းစာတော်တွင် ပါရှိပါ၏။ သို့ဖြစ်၍အရှင်သည်ထာဝရဘုရား၏ သားတော်မှန်လျှင်အောက်သို့ခုန်ချပါလော့'' ဟုလျှောက်၏။
7
သခင်ယေရှုကလည်း ``သင်၏ဘုရားသခင် ထာဝရဘုရားကိုအစုံအစမ်းမပြုရဟူ ၍လည်းကျမ်းစာတော်တွင်ပါရှိ၏'' ဟုမိန့် တော်မူ၏။
8
ထိုမှတစ်ဖန်မာရ်နတ်သည်ကိုယ်တော်အားမြင့် သောတောင်ပေါ်သို့ခေါ်ဆောင်သွားပြီးလျှင် လောက နိုင်ငံရှိသမျှနှင့်ထိုနိုင်ငံတို့၏ဘုန်းစည်းစိမ် ကိုညွှန်ပြ၏။-
9
ထိုနောက် ``ကိုယ်တော်သည်ငါ့အားဦးညွှတ်ရှိခိုး မည်ဆိုပါကဤအရာအလုံးစုံကိုငါပေး မည်'' ဟုဆို၏။
10
ထိုအခါသခင်ယေရှုက ``အချင်းမာရ်နတ်၊ ငါ့ထံမှထွက်ခွာသွားလော့။ သင်၏ဘုရားသခင် ထာဝရဘုရားကိုသာလျှင်ဝတ်ပြုရှိခိုးရမည်။ ထိုအရှင်၏အစေကိုသာလျှင်ခံရမည်ဟု ကျမ်းစာလာသည်'' ဟုမိန့်တော်မူ၏။
11
ထိုအခါမာရ်နတ်သည်အထံတော်မှထွက်ခွာ သွားလေသည်။ ထိုနောက်ကောင်းကင်တမန်တို့ သည်ကိုယ်တော်ထံသို့ချဉ်းကပ်ပြီးလျှင်လုပ် ကျွေးပြုစုကြ၏။
12
သခင်ယေရှုသည်ယောဟန်အဖမ်းခံရကြောင်း ကိုကြားသောအခါဂါလိလဲပြည်သို့ထွက်ခွာ သွားတော်မူ၏။-
13
ကိုယ်တော်သည်နာဇရက်မြို့တွင်နေထိုင်တော် မမူဘဲဇာဗုလုန်နယ်နှင့်နဿလိနယ်စပ်ကြား၊ ဂါလိလဲအိုင်အနီးရှိကပေရနောင်မြို့သို့ သွားရောက်နေထိုင်တော်မူ၏။-
14
ဤသို့ပြုတော်မူရခြင်းမှာပရောဖက်ဟေ ရှာယ၏ဟောကြားချက်မှန်ကန်လာစေရန် ပင်ဖြစ်သတည်း။ ပရောဖက်ဟေရှာယက၊
15
``အို ဇာဗုလုန်နယ်နှင့်နဿလိနယ်၊ယော်ဒန်မြစ် တစ်ဖက်ကမ်း၊အိုင်လမ်းတစ်လျှောက်၊ လူမျိုးခြားတို့နေထိုင်ရာဂါလိလဲပြည်၊
16
အမှောင်တွင်နေထိုင်ကြသောသူတို့သည် အလင်းရောင်ကြီးကိုမြင်ရလေပြီ။ သေမင်းအရိပ်တွင်နေထိုင်ကြသူတို့၏အပေါ်သို့ အလင်းရောင်သက်ရောက်လိမ့်မည်'' ဟုဟောကြားခဲ့၏။
17
ထိုအခါမှစ၍သခင်ယေရှုသည် ``နောင်တရ ကြလော့။ ကောင်းကင်နိုင်ငံတော်တည်လုနီးပြီ'' ဟုဟောကြားတော်မူ၏။
18
သခင်ယေရှုသည်ဂါလိလဲအိုင်အနီးတွင်လျှောက် သွားတော်မူစဉ် တံငါသည်ညီအစ်ကိုနှစ်ယောက်ကို မြင်တော်မူ၏။ သူတို့ကားပေတရုခေါ်ရှိမုန်နှင့် သူ၏ညီအန္ဒြေ-တို့ပင်ဖြစ်၏။ သူတို့သည်အိုင်ထဲ တွင်ကွန်ပစ်လျက်နေကြ၏။-
19
သခင်ယေရှုက ``လာကြ။ ငါ့နောက်သို့လိုက်ကြ။ သင်တို့ကိုလူဖမ်းတံငါများဖြစ်စေမည်'' ဟု သူတို့အားမိန့်တော်မူ၏။-
20
သူတို့သည်ချက်ချင်းပင်မိမိတို့၏ပိုက်ကွန် များကိုစွန့်ပစ်၍နောက်တော်သို့လိုက်ကြ၏။
21
ကိုယ်တော်သည်ထိုအရပ်မှဆက်လက်၍လျှောက် သွားတော်မူသောအခါ အခြားညီအစ်ကိုနှစ် ယောက်ဖြစ်သောယာကုပ်နှင့်ယောဟန်တို့ကို မြင်တော်မူ၏။ သူတို့သည်ဇေဗေဒဲ၏သားများ ဖြစ်၍ မိမိတို့ဖခင်နှင့်အတူလှေထဲတွင်ပိုက် ကွန်များကိုအသင့်ပြင်လျက်ရှိနေကြ၏။ ကိုယ်တော်သည်သူတို့အားနောက်တော်သို့ လိုက်ရန်ခေါ်ယူတော်မူသောအခါ၊-
22
သူတို့သည်ချက်ချင်းပင်လှေနှင့်ဖခင်ကို ထားခဲ့၍နောက်တော်သို့လိုက်ကြ၏။
23
ကိုယ်တော်သည်ဂါလိလဲပြည်တစ်လျှောက်လုံး ကြွတော်မူလျက်တရားဇရပ်များတွင်သွန် သင်တော်မူ၏။ နိုင်ငံတော်အကြောင်းသတင်း ကောင်းကိုဟောပြောတော်မူ၏။-
24
ကိုယ်တော်၏သတင်းသည်ရှုရိပြည်တစ်ဝှမ်းလုံး တွင်ပျံ့နှံ့၍သွားသဖြင့်လူတို့သည်နတ်ပူးဝင် သူ၊ ဝက်ရူးနာစွဲကပ်သူ၊ ခြေလက်သေသူမှစ၍ အမျိုးမျိုးသောအနာရောဂါစွဲကပ်သူဝေဒနာ ရှင်များကိုအထံတော်သို့ခေါ်ဆောင်ခဲ့ကြ၏။ ကိုယ်တော်သည်ထိုသူအပေါင်းတို့အားရောဂါ ပျောက်ကင်းစေတော်မူ၏။-
25
ဂါလိလဲပြည်၊ ဒေကပေါလိပြည်၊ ယေရုရှလင် မြို့၊ ယုဒပြည်နှင့်ယော်ဒန်မြစ်တစ်ဖက်ကမ်းမှ လူပရိသတ်ကြီးများသည်ကိုယ်တော်၏နောက် တော်သို့လိုက်ကြကုန်၏။
← Chapter 3
Jump to:
Chapter 1
Chapter 2
Chapter 3
Chapter 4
Chapter 5
Chapter 6
Chapter 7
Chapter 8
Chapter 9
Chapter 10
Chapter 11
Chapter 12
Chapter 13
Chapter 14
Chapter 15
Chapter 16
Chapter 17
Chapter 18
Chapter 19
Chapter 20
Chapter 21
Chapter 22
Chapter 23
Chapter 24
Chapter 25
Chapter 26
Chapter 27
Chapter 28
Chapter 5 →
All chapters:
1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28